Bentley Silverlake Eau de Parfum for Men 100ml Tester Packaging - K 149,000 (In stock)
Bentley For Men Silverlake ရဲ့ ရနံ့က တောင်ပေါ်ဒေသက ရေကန်လေးတစ်ခုဘေးမှာရှိတဲ့ အပန်းဖြေစခန်းကို ရောက်သွားသလိုပဲ။ လတ်ဆတ်ပြီး fresh aromatic note မွှေးမွှေးလေးနဲ့ သစ်သားရနံ့တွေ ရောထားတော့ အားပြည့်ပြီး ခေတ်မီတဲ့ ရနံ့လေး ရပါတယ်။
// စဖြန်းလိုက်တာနဲ့ peppermint နဲ့ lemon essence ရနံ့လေးက လန်းဆန်းပြီး အေးမြသွားစေတယ်။ ရေကြည်ကြည်လေးပေါ်မှာ လေတဖြူးဖြူး တိုက်နေသလိုပဲ။
ခဏအကြာမှာတော့ pink pepper နဲ့ violet leaves ရနံ့လေးတွေ ပေါ်လာတယ်။ သဘာဝရဲ့ အေးချမ်းမှုကို ခံစားရပြီး spicy and green notes တွေ ရောနေတယ်။
Base ကို lavender နဲ့ လုပ်ထားပြီး white musk နဲ့ amberwood တို့ရဲ့ နွေးထွေးမှုလေးတွေနဲ့ ဖြည့်စွက်ထားတယ်။ သိမ်မွေ့ပြီး သက်တောင့်သက်သာလေး ဖြစ်သွားတဲ့ ရနံ့ပါ။
// ကြာရှည်ခံမှုနဲ့ Sillage
Bentley For Men Silverlake က အဝတ်ပေါ်မှာဖြန်းထားရင် fresh ဖြစ်တဲ့ရေမွှေးတစ်ခုအနေနဲ့ဆိုရင် တော်တော်ကြာကြာခံပါတယ်။ ဖြန်းနဲ့အချက်အရေအတွက်နဲ့ပတ်ဝန်းကျင် အပူချိန်ပေါ်မှာ မူတည်ပြီး ၅ နာရီကနေ ၆ နာရီအထိ ခံတယ်လို့အကြမ်းအားဖြင့် ပြောလို့ရပါတယ်။။ သူ့ရဲ့ sillage က အသင့်အတင့်ပဲ။ သတိထားမိပေမယ့် အရမ်းကြီး စူးတာမျိုး မဟုတ်ဘူး။ (ဒီထက်နည်းနည်းပိုကြာကြာခံတဲ့ အပူပိုင်းဒေသသုံး fresh scent ကို လိုချင်ရင်တော့ Customer Service Viber 0943065356 ကိုဆက်သွယ်ပြီးမေးလို့ရပါတယ်)
ဒီရနံ့က အေးမြတဲ့ ဘက်ကို သွားတာကြောင့် ပူတဲ့အချိန်တွေမှာ သုံးဖို့ အကောင်းဆုံးပဲ။ လတ်ဆတ်ပြီး aquatic ဆန်တဲ့ အသွင်အပြင်ကြောင့် ပူတဲ့ ရက်တွေမှာလန်းဆန်းသွားစေပါတယ်။
// ဘယ်သူတွေနဲ့ အဆင်ပြေလဲ
Bentley For Men Silverlake က လတ်ဆတ်ပြီး သန့်ရှင်း ခေတ်မီတဲ့ ရနံ့တွေကို ကြိုက်တဲ့သူတွေနဲ့ အဆင်ပြေတယ်။ ပေါ့ပေါ့ပါးပါး သုံးဖို့ပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ်၊ ခရီးပဲဖြစ်ဖြစ် ဒီရနံ့က နေရာမျိုးစုံမှာ သုံးလို့ရတယ်။
ကိုယ်တိုင်ခံစားရတာပြောရရင် Bentley For Men Silverlake ဖြန်းထားရင် အရုဏ်တက်မှာ တောင်ပေါ်က အပြာရောင်ရေကန်လေးဘေးမှာ peppermint lemon tea တစ်ခွက်ကိုင်ပြီး ရပ်နေသလို ခံစားရတယ်။ လေထဲမှာတော့ ပတ်ဝန်းကျင်က အပင်တွေရဲ့ ရနံ့လေးတွေ သယ်ဆောင်လာတယ်။ ကြည်လင်ပြတ်သားပြီး အေးချမ်းတဲ့ ယောက်ျားဆန်တဲ့ ရနံ့လေးတစ်ခုပါ။
Made in France
Tester packaging (စက္ကူဘူးခွံအပေါ်မှာ လို့ရေးထားတာကလွဲပြီး retail packaging နဲ့ အခုပုံမှာမြင်ရတဲ့အတိုင်း အားလုံးတူတူပါပဲ)
Official website -
https://www.yangonbrandedperfume.com/product-page/bentley-silverlake
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K149,000.00Price
bottom of page
