Beyonce Heat Eau de Parfum 37ml Decant - K 69,000 (In stock / Made in USA)
နာမည်ကြီး Queen B (Beyoncé) ရဲ့ ပထမဆုံး ထွက်ခဲ့တဲ့ Beyonce Heat ဈေးနှုန်းလည်း သင့်တင့်ပြီး လူကြိုက်များတဲ့ ရေမွှေးတစ်ခုပါပဲ။
သူ့အနံ့က နာမည်နဲ့လိုက်အောင်ကို hot ဖြစ်ပြီး sexy ကျတဲ့ အနံ့မျိုးပါ။
🌿 စဆွတ်လိုက်ရင် မက်မွန်သီး (Peach) အနံ့ချိုချိုလေးနဲ့ သစ်ခွပန်းနံ့ ရောထားတာကို ရလိမ့်မယ်။ ကြာလာရင် Amber (ပယင်း) အနံ့၊ Tonka Bean နဲ့ Musk အနံ့တွေ ထွက်လာပြီး နွေးနွေးထွေးထွေး (Warm) ဖြစ်ပြီး နည်းနည်းလေး လေးပင်တဲ့ အနံ့ဘက်ကို သွားပါတယ်။ Vanilla အနံ့သင်းသင်းလေးလည်း ပါပါတယ်။
🌿 ပြောရရင် Sweet & Spicy ဖြစ်တဲ့ မိန်းကလေးဆန်ဆန် အနံ့မျိုးပါ။
✅ Air-Con ခန်း/ရုံးခန်းထဲမှာ AC နဲ့ နေရတာမျိုး၊ ဒါမှမဟုတ် မိုးတွင်းနဲ့ ဆောင်းတွင်းလို အေးတဲ့အချိန်တွေမှာဆိုရင်တော့ ဒီအနံ့က လူကို နွေးထွေးမှုပေးပြီး အရမ်း luxury ဆန်သွားပါတယ်။ ညဘက် က သူ့ရဲ့ အကောင်းဆုံး အချိန်ပါပဲ။ ညဘက် dinner သွားတာ၊ date လုပ်တာ၊ clubbing သွားတာမျိုးဆိုရင်တော့ အရမ်းမိုက်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အနံ့မျိုးပါ။
✅ နေ့ခင်းဘက် တကယ်လို့ နေပူထဲသွားရမယ်၊ Bus စီးရမယ်ဆိုရင်တော့ ဒီကောင်က နည်းနည်း heavy (အနံ့ပြင်း) ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့ခင်းဘက်ဆိုရင်တော့ နည်းနည်းပဲ ဆွတ်တာ ကောင်းပါမယ်။
# 37ml decant ပဲ ရပါတော့မယ်
Official website -
https://www.yangonbrandedperfume.com/product-page/beyonce-heat
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 69,000Price
bottom of page
