Chanel Blue de Chanel L'exclusif Parfum 60ml - K 899,000 (In stock)
အရင်ထွက်ထားတဲ့ edt, edp နဲ့ parfum တွေထက် ပိုပြီး intense ဖြစ်တဲ့ 'extrait' level concentration ရှိတဲ့ ရေမွှေးပါ။
ဒီ L'exclusif ရဲ့ အနံ့က Bleu de Chanel ရဲ့ မူလ DNA ကိုပဲ ပိုပြီး 'rich' ဖြစ်အောင်၊ ပိုပြီး တန်ဖိုးကြီးတဲ့ vibe ရအောင် လုပ်ထားတာပါ။ ပထမဆုံး ဖြန်းလိုက်တာနဲ့ grapefruit နဲ့ lemon ရဲ့ လန်းဆန်းတဲ့ အနံ့က အရင်ထွက်လာပေမဲ့ အရင် version တွေလောက် အရမ်း စူးမနေဘူး၊ ပိုပြီး smooth ဖြစ်တယ်။
ခဏနေရင်တော့ ginger နဲ့ pink pepper ရဲ့ တည်ငြိမ်တဲ့ bright spicy အနံ့က တက်လာပါတယ်။ အဓိက ထူးခြားတာက သူ့ရဲ့ dry down ပါပဲ။ Sandalwood, amber နဲ့ incense နံ့တွေက ပိုပြီး အားကောင်းလာပြီး တကယ့်ကို ခန့်ညားတဲ့ အမျိုးသားတစ်ယောက်ရဲ့ vibe မျိုးကို အပြည့်အဝ ပေးနိုင်တယ်။
Performance ကတော့ လုံးဝ beast mode ပါပဲ။ Extrait version ဖြစ်တဲ့အတွက် အနံ့က အရမ်းကို စွဲပါတယ်။
တကယ့်ကို signature scent အနေနဲ့ အရေးကြီးတဲ့ meeting တွေ၊ ပွဲတက်တာတွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် confidence အပြည့်ရှိချင်တဲ့ အချိန်မျိုးမှာ ဆွတ်ဖို့ အကောင်းဆုံးပါပဲ။
အေးတဲ့ နေရာ/ ရာသီဥတု ဒါမှမဟုတ် ညဘက်တွေမှာ ပိုလိုက်ဖက်ပေမဲ့ Bleu de Chanel ရဲ့ ထုံးစံအတိုင်း ဘယ်အချိန်မဆို ဆွတ်လို့ရတဲ့ 'versatile' ဖြစ်တဲ့ ရေမွှေးမျိုးပါ။
ဒီ 60ml bottle လေးက သေးတယ်လို့ ထင်ရပေမဲ့ သူ့ရဲ့ concentration က အရမ်းမြင့်တဲ့အတွက် နည်းနည်းပဲ ဖြန်းရုံနဲ့ လုံလောက်တယ်ဗျ။ ဈေးနှုန်းကတော့ Chanel Bleu line မှာအမြင့်ဆုံး version ဖြစ်တဲ့အတွက် တော်တော်လေး မြင့်ပါတယ်။
ဒါပေမဲ့ "အကောင်းဆုံးထဲက အကောင်းဆုံး" (the best of the best) ကိုမှ လိုချင်တာဆိုရင်တော့ Bleu de chanel line ထဲမှာ ဒါက အချောမွေ့ဆုံးနဲ့ အခန့်ညားဆုံး version လို့ ပြောရတဲ့ L'exclusif က လုံးဝ masterpiece ပဲ။
Official website -
https://www.yangonbrandedperfume.com/product-page/bleu-de-chanel-exclusif
// Made in France
// Sealed retail packaging
// Chanel shop မှာ ကိုယ်တိုင်ဝယ်လာတာဖြစ်ပါတယ်
// Duty free sticker ပါပါတယ်
// Chanel paper bag ပါပါတယ်
တခြား in stock ရှိတဲ့ Chanel ရေမွှေးတွေကို https://www.yangonbrandedperfume.com/chanel မှာကြည့်လို့ရပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K899,000.00Price
bottom of page
