ဩစတြေးလျ Niche Brand တစ်ခုဖြစ်တဲ့ Goldfield & Banks ရဲ့ Bohemian Lime
အခုလို မြန်မာပြည်ရဲ့ အရမ်းပူအိုက်တဲ့ ရာသီဥတုမျိုးမှာ စိတ်ကို ချက်ချင်းလန်းဆန်း တက်ကြွသွားစေမယ့် Citrus Fresh ရနံ့
ဒီရေမွှေးက ဩစတြေးလျရဲ့ နာမည်ကြီး Byron Bay ရဲ့ ကမ်းခြေ Vibe ကို အပြည့်အဝ ပေးနိုင်တယ်။ အနံ့ဖွင့်လိုက်တာနဲ့ ပုံမှန် သံပရာသီးအနံ့တွေလို အချဉ်ဘက်မသွားဘဲ ဩစတြေးလျရဲ့ Native အသီးဖြစ်တဲ့ Australian Finger Lime ရဲ့ အဆင့်မြင့်ပြီး ဖျော်ရည်လို ချိုချဉ်ချဉ် အသီးခွံရဲ့ Essential Oil ရနံ့လေးက တကယ့်ကို Sparkling ဖြစ်ဖြစ် လန်းဆန်းမှုကို စတင်ပေးပါတယ်
🌿 Top Notes - Finger Lime, Italian Bergamot, Coriander
🌿 Heart Notes - Aromatic Greens, Haitian Vetiver
🌿 Base Notes - Australian Sandalwood, Moroccan Cedarwood
အစပိုင်းမှာ တကယ့်ကို energy ရစေတဲ့ citrus အနံ့ကို ခံစားရမှာဖြစ်ပြီး dry down (အနံ့ငြိမ်သွားချိန်) မှာတော့ vetiver နဲ့ sandalwood တို့ရဲ့ ပေါင်းစပ်မှုကြောင့် creamy ဖြစ်ပြီး တည်ငြိမ်တဲ့ green note ဆန်ဆန် luxury ပုံစံမျိုးကို အကောင်းဆုံး ပြောင်းလဲပေးပါတယ်။
Fragrantica မှာ Rating 4.10 out of 5 အထိ ရရှိထားပြီး Reddit ရဲ့ ရေမွှေး Community ကြားထဲမှာလည်း Review ကောင်းတွေ အများကြီး ရထားပါတယ်။
သူ့ရဲ့ dry down ကို shaving foam ကောင်းကောင်းတွေလိုမျိုး သန့်ရှင်းလတ်ဆတ်ပြီး အမြဲတမ်း စမတ်ကျ သပ်ရပ်နေတဲ့ လူကြီးလူကောင်း vibe မျိုး ပေးတယ်ဆိုပြီး သုံးတဲ့သူက သဘောကျနေကြတယ်။
✅ ရေမွှေးလောကရဲ့ king ဖြစ်တဲ့ Creed Aventus ထဲက smoky ဖြစ်တဲ့ birch အနံ့တွေကို ဖယ်ပြီး lime ရဲ့ တောက်ပတဲ့ note ကို ပိုတွန်းတင်ထားသလိုမျိုး ချောမွှေ့တဲ့ Summer Version အဖြစ် တင်စားကြတဲ့အထိ အဆင့်အတန်း မြင့်ပါတယ်။
🌿 Unisex လို့ ဆိုထားပေမဲ့ နောက်ပိုင်းမှာ ပါဝင်တဲ့ wood နဲ့ vetiver ကြောင့် ယောက်ျားလေးတွေ ဆွတ်လိုက်ရင် ပိုပြီး ဆွဲဆောင်မှုရှိပြီး ယောက်ျားဆန်တဲ့ စတိုင်ကို အပီအပြင် ပေါ်လွင်စေမှာ သေချာတယ်။
🌿 ပုံမှန် Citrus (သံပရာ/လိမ္မော်) အနံ့တွေက ပျယ်လွယ်တတ်ပေမဲ့ ဒီကောင်လေးကတော့ Wood Base တွေ ကောင်းကောင်းပါတဲ့အတွက် regular citrus scent တွေထက်ပိုပြီး ကြာကြာခံပါတယ်။
🌿 အနံ့မပြင်းလွန်းပဲ ကိုယ့်နားကပ်လာတဲ့သူကို အနံ့သင်းသင်းလေးနဲ့ ဆွဲဆောင်ထားမှာဖြစ်ပြီး ဘေးလူကို လုံးဝ အနှောင့်အယှက် မဖြစ်စေဘဲ စိတ်အေးချမ်းစေမယ့် ပတ်ဝန်းကျင်လေးကို ဖန်တီးပေးပါတယ်။
✅ မြန်မာပြည်ရဲ့ အရမ်းပူပြင်းတဲ့ နေ့ရက်တွေ၊ အလုပ်ကိစ္စနဲ့ အပြင်သွားရပြီး ချွေးထွက်များတဲ့ အခြေအနေမျိုးမှာတောင် သင့်ကို တစ်နေ့ကုန် သန့်ရှင်းလတ်ဆတ်နေတဲ့ အသွင်အပြင်ကို ပေးပါလိမ့်မယ်။
✅ ရုံးသမားတွေ၊ business executive တွေအတွက် office-safe ဖြစ်ပြီး လူကြီးလူကောင်းဆန်ဆန်နဲ့ နေ့စဉ် ယုံကြည်မှုအပြည့် ရှိနေစေမယ့် ရေမွှေးကောင်းတစ်ခု ဖြစ်ပါတယ်။
Goldfield & Banks Bohemian Lime 100ml - K 599,000 (In stock)
Made in Australia
တက်စတာ Packaging (အဖုံးပါပါတယ်)
Official website -
https://www.yangonbrandedperfume.com/product-page/bohemian-lime
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 599,000Price
bottom of page
