Hugo Boss - Boss Bottled EDT Perfume for Men - K 259,000 (In stock)
ရေမွှေးတွေသာ စကားပြောတတ်မယ်ဆိုရင် Boss Bottled က သင့်ရှေ့မှာလက်ပိုက်ထိုင်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးပြပြီးပြောမှာက ... "ကိုယ်က ဒီလောကမှာ '98 ကတည်းက ရှိနေတာ၊ အခုထိ လူတိုင်းမှတ်မိနေရတဲ့သူက ကိုယ်ပဲ" ဆိုပြီးတော့ပေါ့။
ဒီရေမွှေးက ရေမွှေး snob တွေကို impress လုပ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်း niche experiment တစ်ခုမဟုတ်ပါဘူး။ လူကြိုက်များဖို့ (mass appeal) ဆိုတာကို ဘယ်လို အတိအကျမှန်ကန်အောင်လုပ်ရမလဲဆိုတဲ့ definition အစစ်ပါ။
နွေးထွေး ချိုမြိန်တဲ့အနံ့တွေနဲ့ သစ်သားနံ့ပါးပါးကို သပ်သပ်ရပ်ရပ် အချိုးကျကျပေါင်းစပ်ထားပြီး ဘယ်တော့မှ scandal မဖြစ်ရုံတမယ်လေး romantic ဆန်ဖို့ လုံလောက်တဲ့ ဆွဲဆောင်မှုမျိုးပါ။
🌿 The Scent Journey
// Opening အဖွင့်နံ့ က သစ်ကြံပိုးခေါက်မှုန့်ဖြူးထားတဲ့ ကြွပ်ရွနေတဲ့ ပန်းသီးစိမ်းတစ်လုံးကို ကိုက်လိုက်ရသလိုမျိုး မြင်ယောင်ကြည့်လိုက်ပါ ... နွေးထွေးတယ်၊ နှစ်သိမ့်မှုပေးတယ်၊ ဒါပေမဲ့ "Hey, I've showered today" လို့ပြောနေသလိုမျိုး လန်းဆန်းတဲ့ spark လေးလည်းပါတယ်။
// ပန်းသီးနံ့က ပျော်စရာကောင်းတယ်။ သစ်ကြံပိုးခေါက်နံ့က ဆွဲဆောင်မှုရှိတယ်။ ဒီနှစ်ခုပေါင်းစပ်လိုက်တော့ အားလပ်ရက်မှာ အိမ်ကိုလွမ်းတဲ့အနံ့လိုမျိုး nostalgia ကိုချက်ချင်းပေးနိုင်သလို၊ အီတလီကလာတဲ့ brand new suit တစ်ထည်ဝတ်ထားသလိုမျိုး စမတ်ကျစေပါတယ်။
// အဖွင့်နံ့လေးမှိန်သွားတဲ့အခါမှာ mahogany သစ်သားနံ့က နေရာဝင်ယူလာပါတယ်။ ချောမွေ့တယ်၊ ယောကျာ်းဆန်တယ်၊ ပြီးတော့ တည်ငြိမ်သွားတဲ့ ခံစားမှုမျိုးကိုပေးတယ်။ နှင်းဆီနံ့နဲ့ geranium ပန်းနံ့သင်းသင်းလေးကလည်း သူ့ရဲ့ elegance ကို ပိုပေါ်လွင်စေတယ်။
ဒါက ဒီရေမွှေးရဲ့ vibe ကို "ကိုယ်သဘောကျရတဲ့သူ" ဆိုတဲ့အဆင့်ကနေ "ကိုယ်လေးစားရပြီး တိတ်တခိုး သဘောကျနေရတဲ့သူ" ဆိုတဲ့ mood မျိုးကို ပြောင်းသွားစေတဲ့နေရာပါပဲ။
// Base မှာ vanilla နဲ့ စန္ဒကူးနံ့က cashmere စောင်နွေးနွေးလေးနဲ့ ပတ်ခြုံထားသလိုမျိုး နွေးထွေးမှုကိုပေးပြီး vetiver ကတော့ သူ့ကို သန့်ရှင်းတည်ငြိမ်နေအောင် ထိန်းပေးထားပါတယ်။ နွေးထွေးတယ်၊ ဖော်ရွေဖိတ်ခေါ်တယ်၊ ပြီးတော့ သူ့အနားကိုရောက်သွားရင် တကယ်ကို စွဲလမ်းသွားစေမှာပါ။
🌀 ဘယ်သူတွေအတွက်၊ ဘယ်အချိန်သုံးမလဲ?
ဒါက အများကြီးစဉ်းစားမနေဘဲ ကောင်းမွန်တဲ့အနံ့ကို လိုချင်သူအတွက် signature scent ပါပဲ။
// Office-ready - လုပ်ဖော်ကိုင်ဖက်တွေကို အသက်ရှူကျပ်စေမှာမဟုတ်ဘဲ ဓာတ်လှေကားထဲမှာ တိုးတိုးလေး ချီးကျူးခံရမယ့်အနံ့မျိုး။
// Date-night safe - နွေးထွေးတယ်၊ ဖော်ရွေဖိတ်ခေါ်တယ်၊ သူ့အနားကိုပိုတိုးကပ်ချင်လောက်အောင် ချိုမြိန်မှုလေးလည်းပါတယ်။
// Year-round use - မိုးရွာနေချိန်၊ အေးနေချိန်၊ ဒါမှမဟုတ် air-con ဖွင့်ထားတဲ့ နွေရာသီမှာပါ အဆင်ပြေတယ်။ Spices + Woods = ဘယ်လိုအခြေအနေမှာမဆို ရှိနေစေတဲ့ ဆွဲဆောင်မှု။
🌀 ဘာလို့သုံးလို့အဆင်ပြေတာလဲ
Boss Bottled က လူတွေရဲ့ ရင်းနှီးနေတဲ့ ခံစားချက် (primal comfort) ကို ကစားသွားတာပါ။ ပန်းသီးနဲ့ သစ်ကြံပိုးခေါက်က အမှတ်တရတွေကို ပြန်ခေါ်တယ်၊ Vanilla က ရင်းနှီးမှုကိုထပ်ပေါင်းတယ်၊ သစ်သားနံ့တွေက ယောကျာ်းပီသမှုကိုပေးပြီး citrus က သန့်ရှင်းလန်းဆန်းစေတယ်။ လူတွေက ဘာရယ်လို့အတိအကျမပြောနိုင်ပေမယ့် "ရင်းနှီးနေတဲ့အနံ့လေးပဲ" လို့ ပြောကြတဲ့အနံ့မျိုးပါ။
ဒါက လူတွေကို အံ့အားသင့်သွားအောင်သုံးရတဲ့ ရေမွှေးမဟုတ်ပါဘူး။ ကိုယ်မရှိတဲ့အချိန်မှာ ကိုယ့်ကိုလွမ်းနေစေမယ့် ရေမွှေးမျိုးပါ။
// အိမ်လိုနွေးထွေးပြီး luxury ဆန်တဲ့ ခံစားချက်ကို လိုချင်တယ်ဆိုရင် ဒါက အဆင်ပြေတယ်
// ထူးခြားဆန်းသစ်ပြီး စွန့်စားရတဲ့ ရေမွှေးမျိုးလိုချင်ရင်တော့ တခြားတစ်ခုကိုသာ ရှာလိုက်ပါတော့
// ဒါပေမဲ့ ရာဇဝင်တွင်တဲ့၊ ဘယ်တော့မှမရိုးနိုင်တဲ့၊ လုံးဝမမှားနိုင်တဲ့ safe option ရွေးချယ်မှု
// အမျိုးသမီးတွေက "နွေးထွေးပြီး ဆွဲဆောင်မှုရှိတယ် (warm and sexy)" လို့ ဖော်ပြကြတဲ့အနံ့မျိုးကို လိုချင်တယ်ဆိုရင်တော့ Boss Bottled က "the one" ပါပဲ
✅ ထွက်ရှိခဲ့တာ ၂၇ နှစ်တောင်ရှိပြီဖြစ်ပေမယ့် ဒီရေမွှေးက အခုထိရောင်းကောင်းနေတုန်းပဲ။ ဘာလို့လဲဆိုတော့ သူက ရေမွှေးတစ်ခုမဟုတ်ဘူး ... သူက "Mood" တစ်ခုမို့လို့ပါ။
🇪🇸 Made in Spain
🎁 Sealed original retail packaging
🌎 Official website -
https://www.yangonbrandedperfume.com/product-page/boss-bottled
🎥 Video Review - https://youtu.be/2IBH4Hr6cis
အခြား In stock ရနိုင်တဲ့ Hugo Boss perfume တွေကို https://www.yangonbrandedperfume.com/hugo-boss မှာကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K259,000.00Price
bottom of page
