top of page

အမျိုးသားတွေကြားထဲမှာ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ Hugo Boss ရဲ့ Boss Bottled Line ထဲကမှ ပိုပြီးရင့်ကျက်တည်ငြိမ်တဲ့ vibe ကိုရစေမယ့် Boss Bottled Eau de Parfum (EDP)

# 100ml (ဗူးခွံသိပ်မလှ) - K 285,000 (On Sale)

# 100ml (ဗူးအလှ) - K 319,000 (On Sale)

# Sealed retail packaging တွေပါ

Boss Bottled EDP ဟာ Original EDT ရဲ့ အောင်မြင်တဲ့ DNA ကို အခြေခံထားပေမယ့် ပိုပြီး Dark ဖြစ်ပြီး Rich ဖြစ်တဲ့ Woody Spicy ရနံ့အမျိုးအစား ဖြစ်ပါတယ်။

🌿 Original EDT ထက် ပိုပြီး Classy ဖြစ်သလို နာမည်ကြီး Parfums de Marly Layton ရဲ့ ပေါ့ပါးတဲ့ Version လို့ပြောရအောင် ဆင်သရောင်ဖြစ်ပါတယ်။

🌿 // Top Notes - Apple, Black Pepper, Bergamot //

ဖြန်းခါစ opening မှာ ပန်းသီးစိမ်းရဲ့ လတ်ဆတ်ဆန်းသစ်တဲ့အမွှေးရနံ့နဲ့အတူ Bergamot ရဲ့ Citrus အထိအတွေ့ကို ခံစားရမှာပါ။ ဒါပေမယ့် original EDT ထက် ထူးခြားသွားတာက Black Pepper (ငရုတ်ကောင်း) ရဲ့ စပ်မွှေးမွှေး ရနံ့လေး ပါဝင်လာလို့ ပိုပြီး ယောက်ျားပီသတဲ့ ခံစားချက်ကို ချက်ချင်းရစေပါတယ်။

🌿 // Middle Notes - Cinnamon, Cardamom, Chestnut //

ခဏအကြာမှာတော့ Boss Bottled ရဲ့ signature note ဖြစ်တဲ့ Cinnamon (သစ်ကြံပိုး) ရနံ့နဲ့အတူ Cardamom (ဖာလာစေ့) ရဲ့ ဆွဲဆောင်မှုရှိတဲ့ ရနံ့တွေ ပေါ်လာပါတယ်။ အထူးခြားဆုံးကတော့ Chestnut (သစ်အယ်သီး) ရနံ့လေး ပါဝင်လာတာမို့ ရနံ့ကို ပိုပြီး နွေးထွေး၊ အိန္ဒြေရပြီး Smooth ဖြစ်သွားစေပါတယ်။

🌿 // Base Notes - Musk, Vetiver //

Dry down ရောက်သွားတဲ့အခါမှာတော့ Vetiver ရဲ့ သစ်သားရနံ့အေးအေးလေးနဲ့ Musk (ကတိုး) ရနံ့တို့ ပေါင်းစပ်သွားပြီး သန့်သန့်ပြန့်ပြန့်နဲ့ ယောကျာ်းဆန်ဆန် scent bubble စွဲကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။

🌿 Eau de Parfum (EDP) Concentration ဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် Eau de Toilette ထက် ပိုခံပါတယ်။ လက်ရှိ အရမ်းပူပြင်းတဲ့ ရာသီဥတုမှာ အပြင်ထွက်ရင် ချွေးနဲ့အတူ ရေမွှေးလွင့်လွယ်နိုင်တာမို့ အင်္ကျီအဝတ်အစားပေါ်ကိုပါ တွဲဖြန်းပေးဖို့ အကြံပြုချင်ပါတယ်။

🌿 Projection (အနံ့ပျံ့လွင့်မှု) ပိုင်းမှာတော့ တစ်ခန်းလုံး အနံ့ထွက်နေမယ့် beast mode မျိုးမဟုတ်ဘဲ ကိုယ့်အနား ကပ်လာရင် သေသေချာချာ အနံ့ရနေမယ့် စမတ်ကျကျ soft scent bubble မျိုးကို ပေးပါတယ်။ “Smells good up close” (အနားကပ်မှ မွှေးမှန်းသိသာစေမယ့်) ဆွဲဆောင်မှုရှိတဲ့ ရေမွှေးပါ။

✅ // ရုံးသမားတွေ၊ လုပ်ငန်းခွင်ထဲက bro တွေအတွက် အကောင်းဆုံး daily ရေမွှေး (dumb reach) ဖြစ်ပါတယ်။ //

✅ // အထူးသဖြင့် Aircon ခန်းထဲမှာ အလုပ်လုပ်ရတဲ့သူတွေ၊ Meeting တက်ရမယ့်အချိန်တွေ၊ ညနေပိုင်း Semi-Formal ပွဲတွေနဲ့ Date Night တွေအတွက် အလွန်ဆွဲဆောင်မှုရှိပြီး အန္တရာယ်ကင်းကင်းနဲ့ လူချစ်လူခင်များစေမယ့် ရနံ့မျိုး ဖြစ်ပါတယ်။ //

✅ လက်ရှိ ကုန်ဈေးနှုန်းတွေအရ ရေမွှေးတစ်ပုဒ်ကို သိန်းဂဏန်းအများကြီးပေးပြီး ဝယ်ရတဲ့အခါ Safe Scent ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။

ကိုယ့်ရဲ့ ဘတ်ဂျက်ကို အကျိုးရှိရှိနဲ့ အထိရောက်ဆုံး သုံးချင်တဲ့အချိန်မျိုးမှာ နေရာစုံ၊ ရာသီမရွေး ဘယ်သွားသွား စိတ်ချလက်ချ ဆွဲဖြန်းလို့ရမယ့် standard အကျဆုံး signature ရေမွှေးတစ်ပုဒ် ရှာနေတယ်ဆိုရင်တော့ ဒါဟာ နောင်တမရစေမယ့် ရွေးချယ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

✅ Boss Bottled EDP ကတော့ လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြပြီး ရုံးသုံး၊ ပွဲတက်သုံးအတွက် စိတ်အချရဆုံး ရေမွှေးအဖြစ် သတ်မှတ်ခံထားရတာမို့ Blind Buy ဝယ်ရင်တောင် မမှားနိုင်ပါဘူး။ တစ်မျိုးထဲနဲ့ပဲ ခေတ်မီပြီး Luxury ဆန်တဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ ရနံ့စတိုင်ကို အပြည့်အဝ ပေးပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/boss-bottled-edp

 

✅ အခြား In stock ရနိုင်တဲ့ Hugo Boss တွေကို https://www.yangonbrandedperfume.com/hugo-boss မှာကြည့်နိုင်ပါတယ်။

Hugo Boss Bottled Eau de Parfum for Men 100ml

MMK 285,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page