Hugo Boss Bottled Parfum for Men 100ml Tester Packaging - K 299,000 (In stock)
Boss Bottled Parfum ကို စဖြန်းလိုက်ရင် လန်းဆန်းတဲ့ mandarin orange ရနံ့ကိုချက်ချင်းရတယ်။ ပြီးရင်တော့ incense လို မီးခိုးငွေ့သင်းသင်းရနံ့က ဆွဲဆောင်မှုရှိရှိလိုက်လာတယ်။ ဒီရနံ့နှစ်ခုပေါင်းစပ်မှုက ခေတ်မီပြီး နည်းနည်းလျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်ကိုပေးတယ်။
ခဏနေတော့ သူ့ရဲ့ middle note ဖြစ်တဲ့ Orris နဲ့ Fig Tree Root ရနံ့က မြေကြီးရနံ့သင်းသင်းလေးကို ထပ်ပေါင်းပေးတယ်။ Base ရနံ့ကတော့ Cedarwood နဲ့ Vegetal Leather accord ကို အခြေခံထားပြီး နွေးထွေးတဲ့ သစ်သားရနံ့သင်းသင်းလေး ကျန်နေခဲ့စေတယ်။
ဒီရေမွှေးက Boss Bottled ရဲ့ မူလရနံ့ကို ခေတ်မီအောင် ဆန်းသစ်ထားတာ။ ပိုပြီးပြင်းရှရှနဲ့ ထူးခြားတဲ့ရနံ့မျိုးကို ခံစားရစေတယ်။
ဒီရေမွှေးက ခေတ်မီပြီး ကျက်သရေရှိတဲ့အသွင်နဲ့ ခေတ်ပေါ်ဆန်းသစ်မှုကို တန်ဖိုးထားတဲ့ ယောကျ်ားတွေအတွက် ဖန်တီးထားတာ။ သစ်သားရနံ့၊ spice ရနံ့မျိုးကိုမှ ချိုချိုသင်းသင်းလေးပါတာကြိုက်တဲ့သူတွေနဲ့ အထူးသင့်တော်တယ်။
🌙 ဘယ်အချိန်သုံးဖို့ကောင်းလဲ
သူ့ရဲ့နွေးထွေးပြီး Boss Bottled EDT ထက်ပြင်းတဲ့ရနံ့ကြောင့် Boss Bottled Parfum က ညနေပိုင်းတွေ၊ အထူးသဖြင့် အေးတဲ့နေရာတွေမှာ သုံးဖို့အကောင်းဆုံးပဲ။
သူ့ရဲ့သန့်စင်ပြီး ကျက်သရေရှိတဲ့ပုံစံက formal event ပွဲတွေ၊ ဒိတ်လုပ်တဲ့ညတွေ ဒါမှမဟုတ် ကိုယ့်ကိုလူတွေစွဲစွဲထင်ထင်ဖြစ်စေချင်တဲ့ ဘယ်လိုအချိန်အခါမျိုးမှာမဆို သုံးလို့ရတယ်။
🌀 ပုလင်းဒီဇိုင်း
ပုလင်းပုံစံက Boss Bottled ရဲ့ မူလပုံစံအတိုင်းပဲ။ ဒါပေမဲ့ ပိုနက်ရှိုင်းပြီး ခေတ်မီတဲ့အသွင်ကိုပေါ်လွင်စေဖို့ ပုလင်းတစ်ခုလုံးကို အနက်ရောင်ရင့်နဲ့ လုပ်ထားတယ်။ ရုတ်တရက်ကြည့်လိုက်ရင် Boss Bottled Night ပုလင်းနဲ့ဆင်တူပါတယ်။
✅ အားသာချက်
// ပြင်းရှရှနဲ့ ခေတ်မီတဲ့ရနံ့
// ဈေးနှုန်းနဲ့တန်တဲ့ အရည်အသွေး
// နေပူထဲသွားနေတာတာမဟုတ်ရင် အချိန်အခါအမျိုးမျိုးမှာ သုံးဖို့သင့်တော်တယ်
// လှပတဲ့ ပုလင်းဒီဇိုင်း
⛔ အားနည်းချက်
// သူနှင့် scent profile ဆင်တူတဲ့ Sauvage Elixir/ PDM Herod တွေလို ဈေးကြီးတဲ့ တခြားရေမွှေးတွေလောက်တော့အနံ့က ထူးခြားချွန်ထွက် မနေဘူး
// တချို့က niche တွေနဲ့စာရင် designer ရေမွှေးရနံ့တွေနဲ့သွားဆင်တူတယ်လို့ ထင်နိုင်တယ်
🧠 Boss Bottled Parfum က Hugo Boss ရေမွှေးအုပ်စုထဲမှာ ချီးကျူးလောက်တဲ့ ထပ်တိုးတစ်ခုပါ။ မူလရနံ့ကို ပိုပြင်းပြီး ပိုရင့်ကျက်တဲ့အသွင်နဲ့ reintroduce လုပ်ထားတယ်။
အချိန်အခါအမျိုးမျိုးမှာ သုံးဖို့သင့်တော်တဲ့ စိတ်ချရပြီး သန့်စင်တဲ့ရနံ့ကို ပေးတယ်။ ဒါပေမဲ့ ပိုက်ဆံပိုသုံးနိုင်မယ်ဆိုရင်တော့ Dior Sauvage Elixir, Tom Ford Oud Wood ဒါမှမဟုတ် Parfums de Marly Herod လို ရေမွှေးတွေက ပိုပြီး complex ဖြစ်တဲ့ရနံ့၊ ကြာကြာခံနိုင်မှုနဲ့ ဇိမ်ကျကျခံစားမှုကို ပေးနိုင်လိမ့်မယ်။
ပိုက်ဆံအများကြီးမသုံးဘဲ မျှတတဲ့ရနံ့ကောင်းကောင်းတစ်ခုလိုချင်ရင် Boss Bottled Parfum က ရွေးချယ်မှုကောင်းတစ်ခုပဲ။
Made in Spain
Tester packaging
Tester packaging ဆိုပေမယ့် cap (အဖုံး) ပါပြီမို့ retail bottle နဲ့ဘာမှသိပ်မကွာပါဘူး။ အပြင်ဘူးခွံလေးက ရိုးရိုးကတ္တူဗူး အဖြူဖြစ်နေပဲကွာသွားတာပါ။ Retail packaging ထက် တစ်သိန်းကျော်သက်သာတဲ့အတွက် ကိုယ်တိုင်သုံးမယ်ဆိုရင်အရမ်းတန်တဲ့ value buy item ဖြစ်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/boss-bottled-parfum
အခြား In stock ရနိုင်တဲ့ Hugo Boss perfume တွေကို https://www.yangonbrandedperfume.com/hugo-boss မှာကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K299,000.00Price
bottom of page
