top of page

Hugo Boss Bottled Unlimited EDT Perfume for Men 100ml - K 269,000 (In stock)

Hugo Boss Bottled Unlimited ကတော့ နေ့တိုင်းသုံးဖို့ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး day out သွားရင် ဆွတ်ဖို့ကောင်းတဲ့ ရေမွှေးအမျိုးအစားပါ။

စဖြန်းလိုက်ရင် ပူစီနံ၊ ကျွဲကောသီးနဲ့ နာနတ်သီးလို အသီးနံ့သင်းသင်းလေးတွေ mix ထားတဲ့ အနံ့ကိုရတယ်။ တော်တော်လေးလန်းဆန်းပြီး ရေချိုးပြီးခါစလို သန့်ရှင်းတဲ့ ခံစားမှုကိုပေးပါတယ်။ ကျွန်တော်တို့လို ရာသီဥတုပူတဲ့နိုင်ငံနဲ့ဆို အဆင်ပြေတဲ့ အနံ့မျိုးပါ။

သူ့ရဲ့အားနည်းချက်တစ်ခုကတော့ အနံ့သိပ်မခံတာပါပဲ။ ၃-၄ နာရီလောက်ပဲခံပြီး အနံ့က အရမ်းလွှင့်တဲ့ထဲမှာမပါဘူး၊ ကိုယ့်အသားမှာပဲ သင်းသင်းလေးကျန်နေခဲ့တဲ့ skin scent မျိုးပါ။

Gym သွားရင်ဖြစ်ဖြစ်၊ ရုံးသွားရင်ဖြစ်ဖြစ်၊ နေ့စဉ်သုံးဖို့အတွက် ရိုးရှင်းပြီး လူတိုင်းကြိုက်နိုင်မယ့် အနံ့သန့်သန့်လေးကိုမှ ကြိုက်တယ်၊ ရေမွှေးပြင်းမကြိုက်တဲ့သူကို လက်ဆောင်ပေးချင်တယ် ဆိုရင်တော့ ဒါလေးက ရွေးချယ်သင့်တဲ့ ရေမွှေးတစ်ခုပါပဲ။

Made in Spain

Sealed original retail packaging

Official website – https://www.yangonbrandedperfume.com/product-page/boss-bottled-unlimited

_Fresh ဖြစ်ပြီး long lasting ဖြစ်တဲ့ ဈေးသင့်ခဲ့ တခြားရေမွှေးတွေလဲ ရှိတာမို့ သိချင်တာရှိရင် Customer Service Viber Number 0943065356 ကို message ပို့ပေးပြီး မေးနိုင်ပါတယ်။_

Hugo Boss Bottled Unlimited EDT Perfume for Men 100ml

K269,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page