top of page

Hugo Boss In Motion Orange EDT Perfume for Men Decant

# 10ml decant (glass sprayer) - K 29,000

# 10ml decant (aluminium sprayer) - K 32,000

၂၀၀၂ ခုနှစ်ကတည်းက ထွက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဒီ formulation နဲ့ထပ်မထုတ်တော့တာမို့ စျေးကွက်ထဲမှာလွယ်လွယ်ကူကူ ဝယ်ဖို့ခက်တဲ့ရေမွှေးတစ်ခုဖြစ်ပါတယ်။

🌿 ပထမဆုံး စဖြန်းလိုက်တာနဲ့ လိမ္မော်သီး၊Bergamot၊ Violet Leaf နဲ့ ပင်စိမ်းရနံ့တွေကို လန်းဆန်းစွာ ရမှာပါ။ လိမ္မော်သီးအနံ့က အဓိကနေရာကနေ အများဆုံး ပါဝင်နေပါတယ်။

🌿 Pink Pepper၊ Cinnamon၊ Nutmeg နဲ့ Cardamom တို့ ပါဝင်ပါတယ်။ ဒီနေရာမှာ နွေးထွေးပြီး စပ်ရှားရှားအနံ့လေး ရပါတယ်။

🌿 Base Note အနေနဲ့ ကတိုး (Musk)၊ သစ်သားရနံ့တွေ၊ စန္ဒကူး (Sandalwood) နဲ့ Vetiver တို့ ပါလို့ ယောက်ျားဆန်ပြီး တည်ငြိမ်တဲ့ခံစားမှုကို ပေးပါတယ်။

🌿 ဒီရေမွှေးရဲ့ အဓိက Vibe ကတော့ လိမ္မော်သီးနဲ့ နို့မလိုင်ရောထားတဲ့ (Orange Creamsicle) အနံ့မျိုးလေးပါ။ လန်းဆန်းတက်ကြွပြီး မြူးကြွတဲ့ ခံစားမှုကို ပေးပါတယ်။ သိပ်ပြီးပြင်းထန်တာမျိုးမရှိဘဲ သက်တောင့်သက်သာရှိတဲ့အနံ့မျိုးမို့ နေ့စဉ်သုံးဖို့ (Casual wear) သင့်တော်ပါတယ်။

✅ အခုလို မေလရဲ့ ပူအိုက်စိုစွတ်ပြီး မိုးရာသီအကူးအပြောင်း ရာသီဥတုမျိုးမှာဆိုရင် ရေမွှေးအပြင်းတွေသုံးဖို့ သိပ်အဆင်မပြေပါဘူး။ Boss in Motion ရဲ့ လန်းဆန်းတဲ့ လိမ္မော်ရနံ့နဲ့ နွေးထွေးတဲ့ စပ်ရှားရှားအနံ့လေးက ဒီလိုရာသီဥတုနဲ့ အတော်လေးကို လိုက်ဖက်ပါတယ်။ လူကို လန်းဆန်းသွားစေပြီး ဘေးလူကိုလည်း အနှောင့်အယှက်မဖြစ်စေပါဘူး။

✅ ဒီရေမွှေးက အရမ်းကြီး ပြင်းတဲ့အထဲမှာမပါပါဘူး။ ဒါကြောင့် ရုံးသွား၊ ကျောင်းသွား ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်ထွက်တဲ့ အချိန်မျိုးတွေအတွက် အဆင်ပြေပါတယ်။

✅ Decant ပဲရပါတော့မယ်

Official website -

https://www.yangonbrandedperfume.com/product-page/boss-in-motion-orange

// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။

💡 Decant တွေကို ဘာလို့သုံးသင့်လဲ?

✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။

✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။

✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။

❗သိထားသင့်တဲ့ အချက်လေးတွေ

👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။

👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Hugo Boss In Motion Orange EDT Perfume for Men 10ml Decant

MMK 29,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page