top of page

Boss The Scent EDT (2025 Version) - ရန်ကုန် gentleman တစ်ယောက်ရဲ့ Signature Scent 🏙️

🌞 မနက်ခင်း

အိမ်ကထွက်ပြီး ဖြန်းလိုက်တာနဲ့ Ginger (ချင်း) အနံ့က Spicy ဖြစ်ပြီး လန်းဆန်းတဲ့ energy ကို ပေးတယ်။ ၂၀၂၅ version က အရင်ပုလင်းအဝိုင်းထက် ပို fresh ဖြစ်လာတော့ ရန်ကုန်မနက်ခင်းရဲ့ ပူအိုက်တဲ့ ရာသီဥတုကို ကောင်းကောင်း challenge လုပ်နိုင်တယ်။

🏢 Office Hour

Lift ထဲဝင်တာပဲဖြစ်ဖြစ်၊ meeting ခန်းထဲရောက်တာပဲဖြစ်ဖြစ် သူများတွေ နှာခေါင်းရှုံ့သွားမှာ ပူစရာမလိုဘူး။ Boss ရဲ့ Signature ဖြစ်တဲ့ Maninka Fruit အနံ့က အေးအေးလူလူနဲ့ gentleman ဆန်တယ်။ Aircon ခန်းထဲမှာဆိုရင် အနံ့က ပိုပြီး လူကြီးလူကောင်းဆန်တဲ့ Vibe မျိုး ပေးတယ်။

☕ နေ့လယ်ခင်း

နေ့လယ်ဘက် coffee shop ထိုင်တာပဲဖြစ်ဖြစ်၊ အပြင် client နဲ့တွေ့နေတာဖြစ်ဖြစ် ကိုယ့်ဘေးနား ကပ်ထိုင်တဲ့သူက "ဒီလူ့ဆီက အနံ့လေးက မိုက်သားပဲ" ဆိုပြီး သတိထားမိစေမယ့် skin scent အနေအထားမျိုး ကျန်နေဦးမှာ။ ပိုပြီးသိသာချင်တယ်ဆိုရင် နှစ်ချက်လောက်ပြန်ပြီး refresh လုပ်ထားဖို့တော့ လိုပါတယ်။

🥂 ညနေပိုင်း

Heavy ဖြစ်တဲ့ အမျိုးအစားမဟုတ်တဲ့အတွက် ညနေ date ရှိရင်တော့ top up ပြန်လုပ်ဖို့ လိုမယ်။ ဒါပေမဲ့ ၂၀၂၅ version ပုလင်းသစ်က အိတ်ထဲ ဆောင်ထားလို့ရတဲ့ အရွယ်လေးဆိုတော့ လူတဲ့အချိန်မှာထုတ်ပြီး ဖြန်းလိုက်ရုံပဲ။ Base Note က leather အနံ့ဖြစ်လို့ date night မှာ ကိုယ့်ဘေးနားကပ်ထိုင်မယ့် ကောင်မလေးအတွက် ဆွဲဆောင်မှုရှိပြီးသား။

📝 လူကြားထဲ အရမ်းမထင်ပေါ်ချင်ပေမဲ့ အနားကပ်လာရင် အနံ့လေးမိုက်နေစေချင်တဲ့ bro တွေအတွက် ကိုယ့်ကိုယ်ကိုယ် Clean, Smart & Sophisticated ဖြစ်နေတယ်ဆိုတဲ့ Feeling မျိုး ပေးနိုင်တဲ့ ရေမွှေးပါ။

Hugo Boss The Scent EDT Perfume for Men 100ml (2025 Version)

// K 295,000

// Ready in stock

// Made in France

Official website -

https://www.yangonbrandedperfume.com/product-page/boss-the-scent

Hugo Boss The Scent EDT Perfume for Men 100ml (2025 Version)

K295,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page