top of page

Boucheron Place Vendôme Eau de Parfum for Women 100ml - K 265,000 (In stock)

Boucheron Place Vendôme Eau de Parfum ဆိုတာက ရေမွှေးတစ်ခုထက်ပိုပါတယ်။ ပြင်သစ်ရဲ့ နာမည်ကျော် luxury ပစ္စည်းတွေ ဖန်တီးတဲ့ကုမ္ပဏီ Boucheron ရဲ့ ပထမဆုံးဆိုင်ကို ၁၈၉၃ မှာ စဖွင့်ခဲ့တဲ့ ပါရီက သမိုင်းဝင် Place Vendôme (Vendôme ရင်ပြင်) ကို ရည်ညွှန်းထားတာပါ။

House of Boucheron ကို ပြင်သစ်လူမျိုး Frédéric Boucheron က ၁၈၅၈ မှာ စတင်တည်ထောင်ခဲ့ပြီး အနုပညာနယ်ပယ်မှာ ထူးခြားပြီး တောက်ပတဲ့ ဖန်တီးမှုတွေနဲ့ ကျော်ကြားတဲ့ လက်ဝတ်ရတနာတိုက်တစ်ခုအနေနဲ့ စတင်ခဲ့တာပါ။

Boucheron ဟာ Place Vendôme မှာ ပထမဆုံးဆိုင်ဖွင့်ခဲ့တဲ့ လက်ဝတ်ရတနာလုပ်ငန်းဖြစ်ပြီး၊ အဲ့ဒီနေရာကို ပြင်သစ်ရဲ့ ဇိမ်ခံပစ္စည်းနဲ့ အဆင့်မြင့်လက်ဝတ်ရတနာတွေရဲ့ ဗဟိုချက်မဖြစ်လာအောင် လမ်းခင်းပေးခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ Boucheron ဟာ လက်ဝတ်ရတနာအပြင် နာရီနဲ့ ရေမွှေးလောကထဲကိုပါ ချဲ့ထွင်လာခဲ့ပါတယ်။ No. 26 Place Vendôme ဆိုတဲ့ Boucheron ရဲ့ ပထမဆုံး ဆိုင်လိပ်စာက အဲ့ဒီအချိန်ကတည်းက အဆင့်မြင့်တဲ့ luxury ပစ္စည်းတွေရဲ့ အမှတ်အသားတစ်ခုဖြစ်ခဲ့ပြီး ဒီရေမွှေးက အဲ့ဒီ legacy ကို ရေမွှေးရနံ့အဖြစ် ပြောင်းလဲထားတာပါ။

🌿 Fragrance notes

နာမည်ကျော် ရေမွှေးပညာရှင်တွေဖြစ်တဲ့ Olivier Cresp နဲ့ Nathalie Lorson တို့ ဖန်တီးထားတဲ့ Place Vendôme Eau de Parfum က ဆွဲဆောင်မှုရှိပြီး တောက်ပ ညင်သာစွာ စွဲမက်စေတဲ့ ရနံ့မျိုး ပေးနိုင်အောင် ဖန်တီးထားပါတယ်။

// Top Notes - လိမ္မော်ပွင့်၊ pink pepper၊ လိမ္မော်၊ နှင်းဆီ – လန်းဆန်းတောက်ပပြီး energy အပြည့်နဲ့ ရနံ့

// Heart Notes - စံပယ်ပန်း၊ peony၊ ပျားရည်၊ praline – ချိုမြိန်ပြီး နွေးထွေးတဲ့ ပန်းစည်းတစ်ခုလို ခံစားမှု

// Base Notes - Benzoin (သစ်စေးတစ်မျိုး) နဲ့ Cedarwood – နူးညံ့တဲ့ သစ်သားရနံ့နဲ့ ရွှေဝါရောင်သစ်စေးရနံ့တွေ

Drydown stage ရောက်သွားတဲ့အခါမှာလဲ ရနံ့က အရမ်းကို ကျက်သရေရှိပါတယ် – နူးညံ့တယ်၊ ချိုတယ်၊ နွေးထွေးတယ်၊ ပိုးသားလေး အရေပြားပေါ်မှာ ထိတွေ့နေရသလိုပါပဲ။

🎁 Presentation - ပုလင်း နဲ့ ဗူးပုံစံ

ပုလင်းပုံစံက Boucheron ရဲ့ အဓိကအလုပ်က လက်ဝတ်ရတနာလုပ်ငန်းဆိုတဲ့ အမှတ်သညာကို ထင်ဟပ်နေပါတယ်။ Place Vendôme က ကျောက်ပြားခင်းလမ်းတွေရဲ့ အသွင်အပြင်ကို အခြေခံထားပြီး ပန်းပုဆန်တယ်၊ တောက်ပတယ်၊ ရွှေရောင်အသေးစိတ်တွေနဲ့ အလှဆင်ထားတယ်။ ဒီဇိုင်းပိုင်းမှာ အလေးထားပြီး အနုပညာနဲ့ လက်မှုပညာကို ပေါင်းစပ်ထားတဲ့ brand ရဲ့ အစဉ်အလာကို ဖော်ပြနေပါတယ်။

အပြင်စက္ကူဗူးကလည်း ရွှေရောင်နဲ့အဖြူရောင်ဖြစ်ပြီး အဆင့်တန်းမြင့်တဲ့ brand image ဖော်ပြနေတဲ့အတွက် လက်ဆောင် အနေနဲ့တယောက်ယောက်ကို ပေးမယ်ဆိုရင်လည်း မျက်နှာပန်းလှပါတယ်။

ဒါပေမဲ့ သူ့ကို တကယ်ထူးခြားစေတာက ဈေးနှုန်းနဲ့ scent quality ပါပဲ။ ပိုပြီး Exclusive ဖြစ်တဲ့၊ ဈေးကြီးတဲ့ ရေမွှေးတစ်မျိုးလို အနံ့ထွက်ပေမယ့် ဈေးတော်တော်လေးသက်သာပါတယ်။ ပြင်သစ်က နာမည်ကြီး အမှတ်တံဆိပ်တစ်ခုရဲ့ ရေမွှေးကို ဒီဈေးမျိုးနဲ့ရတာ ရှားပါးတဲ့ အခွင့်အရေးပါပဲ။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/boucheron-place-vendome

Boucheron Place Vendôme Eau de Parfum for Women 100ml

K265,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page