Burberry Eau de Parfum for Women
@ 10ml ဒီကန့်တ် (glass sprayer) - K 27,000
@ 10ml ဒီကန့်တ် (aluminium sprayer) - K 30,000
@ 37ml ဒီကန့်တ် (glass sprayer) - K 92,000
@ 100ml - sold out
ဒီ Burberry Eau de Parfum လေးကတော့ တကယ့်ကို ခေတ်မရိုးတဲ့ Classic ရနံ့လေးပါ။
Minimalist ဆန်ဆန် ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ ဒီရေမွှေးလေးက နာမည်ကျော်ရေမွှေးပညာရှင် Michel Almairac ရဲ့ လက်ရာဖြစ်ပြီး Professional ဆန်ဆန် ရုံးသွားကျောင်းတက်ဖို့ပဲဖြစ်ဖြစ်၊ အပြင်သွားရင်း သင်းပျံ့နေဖို့ပဲဖြစ်ဖြစ် စိတ်ချရတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။
// အစပိုင်းမှာ Peach၊ Apricot၊ သစ်တော်သီးအေးအေးလေးနဲ့ Black Currant တို့ရဲ့ လတ်ဆတ်တဲ့ အသီးရနံ့လေးတွေနဲ့ စဖွင့်ပေးပါတယ်။ အခုလို အပူရှိန်ပြင်းတဲ့ ရာသီဥတုမှာ စိတ်ကို တကယ့်ကို လန်းဆန်းစေပါတယ်။
// စံပယ်နံ့ ခပ်သင်းသင်းလေးကို စန္ဒကူး (Sandalwood) နဲ့ ဆီဒါ (Cedar) သစ်သားနံ့လေးတွေနဲ့ ပေါင်းစပ်ထားလေးလဲ ပါလို့ ယဉ်ယဉ်လေးနဲ့ တည်ငြိမ်တဲ့ အနံ့မျိုးကို ပေးပါတယ်။
// နောက်ဆုံး Drydown မှာတော့ ကတိုး (Musk) နဲ့ ဗနီလာရဲ့ အေးအေးချိုချို ရနံ့လေးနဲ့ အဆုံးသတ်ပေးပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/burberry-for-women-edp
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 27,000Price
bottom of page
