top of page

Burberry Hero for Men Parfum Intense 100ml - K 369,000 (In stock)

၂၀၂၅ မှာ Hero လိုင်းထဲကနေ အသစ်ထွက်ထားတဲ့ Flanker တစ်ခုဖြစ်ပြီး အရင်ထွက်ခဲ့တဲ့ Hero တွေရဲ့ DNA နဲ့ မတူဘဲ လုံးဝကို ပိုပြီး Dark ဖြစ်၊ ပိုပြီး Mature ဖြစ်သွားတဲ့ Scent Profile လို့ ပြောလို့ရပါတယ်။

🌿 စစဆွတ်လိုက်တာနဲ့ Top Note မှာ Black Pepper (ငရုတ်ကောင်းမည်း) ရနံ့ကို အရင်ဆုံး ပြင်းပြင်းရှရှလေး ရပါမယ်။ Opening က နည်းနည်းလေး Aggressive ဖြစ်တယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ခဏနေတာနဲ့ Middle Note ဖြစ်တဲ့ Leather နံ့ က ချက်ချင်းကို ထိုးထွက်လာပါတယ်။

🌿 ဒီနေရာမှာ သတိထားရမှာက သူ့ရဲ့ Leather နံ့က ချိုအီအီ သားရေနံ့မျိုး မဟုတ်ဘူး။ နည်းနည်းလေး Smoky ဖြစ်တယ်။ Dry down ရောက်ရင်တော့ Base Note မှာ Hero ရဲ့ Signature ဖြစ်တဲ့ Cedarwood နံ့လေးနဲ့ သေသေချာချာ ပေါင်းသွားပြီး အရမ်းကို မိုက်တဲ့၊ ယောက်ျားပီသတဲ့ Masculine vibe ကို ပေးပါတယ်။ Dry down က တော်တော်လေးကို Sexy ဖြစ်ပါတယ်။

🌀 Performance အပိုင်းမှာတော့ လုံးဝ စိတ်ပူစရာမလိုပါဘူး။ Longevity တော်တော်လေး ကောင်းပါတယ်။ ပျမ်းမျှအားဖြင့် အင်္ကျီပေါ်မှာ ၁၀ နာရီလောက်အထိ အေးဆေးခံပါတယ်။

🌀 Projection နဲ့ Sillage (ပျံ့လွင့်အား) ကလည်း ပထမ ၂ နာရီကို အခန်းထဲဝင်သွားရင် လူသိသာလောက်တဲ့အထိ Room-filling ဖြစ်ပါတယ်။ ဒါကြောင့် အများကြီး (Overspray) ဆွတ်ဖို့တော့ လုံးဝ မအကြံပြုချင်ပါဘူး။ ၃ ချက်၊ ၄ ချက်လောက်ဆိုရင်ကို လုံလောက်နေပါပြီ။

🌿 ဘယ်လိုအချိန်တွေ ဆွတ်သင့်လဲ?

ညဘက် ပွဲတက်တာ၊ Dinner သွားတာ၊ Date ထွက်တာ၊ ဒါမှမဟုတ် မိုးတွင်းလို အေးတဲ့အချိန်တွေ၊ Aircon အခန်းထဲမှာ အလုပ်လုပ်တဲ့သူတွေအတွက်ဆိုရင်တော့ အရမ်းကို လိုက်ဖက်ပါတယ်။

အသက်အရွယ်အားဖြင့်ဆိုရင်တော့ အသက် ၂၅၊ ၃၀ အထက် လူကြီးဆန်ဆန်၊ တည်တည်ငြိမ်ငြိမ်နဲ့ Boss Aura မျိုး ထုတ်ချင်တဲ့ bro တွေအတွက် ပိုအဆင်ပြေပါလိမ့်မယ်။

Fresh ဖြစ်တဲ့ Citrusy ရနံ့မျိုး မဟုတ်တဲ့အတွက် မြန်မာနိုင်ငံလို ပူအိုက်တဲ့ နွေရာသီ နေ့ခင်းဘက်တွေဆိုရင် မဆွတ်သင့်ပါဘူး။

//// အားသာချက် / အားနည်းချက် (Pros & Cons)

✅ Performance အရမ်းကောင်းတယ်။ Leather နဲ့ Wood ပေါင်းထားတဲ့ ယောက်ျားပီသတဲ့ ရနံ့ဖြစ်လို့ ဈေးကွက်ထဲက သာမန်ရနံ့တွေနဲ့မတူဘဲ Unique ဖြစ်တယ်။

🎈 Designer Perfume ဆိုပေမယ့် ဈေးနည်းနည်း များတယ်။ Leather နံ့ကို မကြိုက်တဲ့သူတွေအတွက် ခေါင်းကိုက်နိုင်တယ်။ ရာသီဥတုတိုင်း (Versatile) ဆွတ်လို့မရဘူး။

ဒီ Burberry Hero Parfum Intense ဟာ Hero Lineage ထဲမှာ အတော်လေး ရဲရဲဝံ့ဝံ့ အပြောင်းအလဲတစ်ခု လုပ်လိုက်တဲ့ upgraded flanker ပါ။ အရင် Hero EDT, EDP တွေရဲ့ သစ်သားနံ့ ခပ်ချိုချို နဲ့ မတူတော့ပဲ Leather-based, Woody-spicy ရနံ့တွေကို နှစ်သက်တဲ့ bro တွေအတွက်တော့ Collection ထဲမှာ မရှိမဖြစ် ထည့်ထားသင့်တဲ့ Masterpiece တစ်ခုလို့ပဲ သုံးသပ်ပါရစေ။

Made in Spain

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/burberry-hero-parfum-intense

Burberry Hero for Men Parfum Intense 100ml

K369,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page