top of page

Burberry Men EDT Perfume (Classic Version)

// 100ml - K 259,000

// 10ml decant (glass sprayer) - K 26,000

// 10ml decant (aluminium sprayer) - K 29,000

// 37ml decant (glass sprayer) - K 79,000

🌿 Fragrantica မှာ Ratings အများကြီးရထားသလို Timeless & Classic British Fragrance လို့ တင်စားကြတဲ့ Burberry brand ရဲ့ ဂန္ထဝင်အဆန်ဆုံး အမျိုးသားရေမွှေး Burberry Men EDT (Classic Version) လေး

🌿 စဖြန်းလိုက်တာနဲ့ Mint (ပူဒီနာ)၊ Lavender၊ Bergamot နဲ့ Thyme တို့ရဲ့ လန်းဆန်းတဲ့ရနံ့လေးတွေနဲ့ စဖွင့်ပါတယ်။

🌿 အချိန်နည်းနည်းကြာလာတဲ့အခါ Cedar၊ Sandalwood၊ Geranium၊ Jasmine နဲ့ Oakmoss ရနံ့တွေက သန့်ရှင်းပြီး Woody & Earthy ဖြစ်တဲ့ ခံစားမှုကို ဝင်လာစေပါတယ်။

🌿 အဆုံးသတ်မှာတော့ Musk၊ Vanilla နဲ့ Amber တို့ ပါဝင်လို့ ယောက်ျားပီသပြီး နွေးထွေးတည်ငြိမ်တဲ့ ခံစားမှုမျိုးကို ချန်ထားခဲ့ပေးပါတယ်။

✅ Overall အနေနဲ့ Aromatic, Woody နဲ့ Fresh Spicy (လန်းဆန်းပြီး ပူရှိန်းရှိန်းဖြစ်တဲ့) Vibe မျိုးလေးပါ။ အရမ်းကို လူကြိုက်များတဲ့ သန့်သန့်ရှင်းရှင်း Barbershop / Clean after-shower ရနံ့မျိုးဖြစ်လို့ အသက် ၂၅ နှစ်နဲ့အထက် Mature ဖြစ်ပြီး တည်ငြိမ်တဲ့ အမျိုးသားတွေနဲ့ အရမ်းကို လိုက်ဖက်ပါတယ်။

✅ Longevity နဲ့ Sillage (ပျံ့လွင့်အား) က Moderate အဆင့်မှာရှိပါတယ်။ ရနံ့က အရမ်းကြီး စူးရှပြီး ခေါင်းကိုက်စေတာမျိုး လုံးဝမရှိဘဲ၊ ကိုယ့်အနားကပ်လာတဲ့သူတိုင်းကို သန့်သန့်ရှင်းရှင်းနဲ့ ယုံကြည်စိတ်ချရတဲ့ (trustworthy and manly) ခံစားမှုမျိုးကို သေချာပေါက် ပေးပါတယ်။

✅ ရာသီဥတုအနေနဲ့ ကြည့်မယ်ဆိုရင်လည်း အခုလို ရန်ကုန်ရဲ့ မိုးရာသီ စိုထိုင်းထိုင်းအချိန်မျိုးမှာ ဒီလို လန်းဆန်းပြီး နွေးထွေးတဲ့ရနံ့လေးက အတော်လေးကို လိုက်ဖက်ပါတယ်။ အနံ့မစူးတဲ့အတွက် Office wear အနေနဲ့ ရုံးသွားတဲ့အခါ သုံးမလား၊ နေ့စဉ် Casual အပြင်ထွက်သုံးမလား အခြေအနေတိုင်း (Versatile) သုံးလို့ကောင်းပါတယ်။

✅ ဒီရေမွှေးကို ဖန်တီးခဲ့သူကတော့ Gucci Rush၊ L'Eau de Chloe နဲ့ Mont Blanc Starwalker စတဲ့ နာမည်ကြီးရေမွှေးတွေကို ဖန်တီးခဲ့တဲ့ ဝါရင့်ပြင်သစ်ရေမွှေးပညာရှင် Michel Almairac ပဲ ဖြစ်ပါတယ်။

✅ ကိုယ့်ရဲ့ budget ကို သေချာသုံးချင်တယ်ဆိုရင်၊ နေရာတိုင်းသုံးလို့ရပြီး ဘယ်တော့မှ ရိုးမသွားမယ့် ဒီလို Classic ရေမွှေးမျိုးက တကယ်ကို စိတ်ချရပြီး Value for money ဖြစ်စေမယ့် ရွေးချယ်မှုတစ်ခုပါ။ ပုလင်းကြီး တန်းမဝယ်ခင် စမ်းသုံးချင်သူတွေအတွက်လည်း Decant size လေးတွေ အဆင်သင့်ရှိတာမို့ ကိုယ့် Budget နဲ့ကိုက်ညီသလို ရွေးချယ်နိုင်ပါတယ်။

Official website -

www.yangonbrandedperfume.com/product-page/burberry-men

Yangon Branded Customer Service Viber 0943065356 ကို message ပို့ပြီး မှာလို့ရပါတယ်။

Burberry Men (Classic) 100ml & 10ml / 37ml Decant

MMK 259,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page