top of page

Bvlgari Man In Black Eau de Parfum for Men (In stock/ Made in Italy)

# 100ml Retail Packaging - K 479,000

# 100ml Tester Packaging - K 429,000

# 10ml Decant (Glass Sprayer) - K 59,000

# 10ml Decant (Aluminium Sprayer) - K 62,000

နာမည်ကျော်ရေမွှေးပညာရှင် Alberto Morillas မှ Bvlgari ရဲ့ နှစ် ၁၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ဖန်တီးထားတဲ့ နာမည်ကြီး အီတလီရေမွှေးကောင်း တစ်မျိုးဖြစ်ပါတယ်။

အရိုးရှင်းဆုံးပြောရရင် ဒါက "ယောကျ်ားပီသပြီး ဆွဲဆောင်မှုအရမ်းရှိတဲ့" (Masculine & Seductive) ရေမွှေးအနံ့မျိုးပါ။ နည်းနည်းလေး Dark ဖြစ်တယ်၊ Sexy ကျတယ်၊ "လူကြီးလူကောင်း" (Gentleman) ဒါမှမဟုတ် "Boss" လို ခံစားမှုမျိုးကို ပေးပါတယ်။ နေ့တိုင်းပေါ့ပေါ့ပါးပါးသုံးဖို့ထက် ထူးခြားတဲ့အချိန်တွေအတွက် ပိုကောင်းပါတယ်။

🌿 စဆွတ်လိုက်တဲ့အချိန်မှာ စပ်ရှိန်းရှိန်း မွှေးတဲ့အနံ့ warm Spicy note ကိုရပါမယ်။ အဲ့ဒီနောက်မှာ Rum အရက် ရဲ့ အနံ့သင်းသင်း boozy scent နဲ့ ဆေးရွက်ကြီး ရဲ့ အနံ့ခြောက်ခြောက်လေးကို ချက်ချင်းလိုက်လာပါတယ်။ (ဆေးလိပ်ငွေ့နံ့ မဟုတ်ဘဲ၊ မီးမညှိရသေးတဲ့ ဆေးရွက်ကြီးရနံ့မျိုးပါ)

🌿 ခဏကြာလို့ အနံ့က နည်းနည်းငြိမ်သွားတဲ့အခါ၊ သားရေနံ့ (Leather) ကောင်းကောင်းလေးတစ်ခု ထွက်လာပါတယ်။ အဲ့ဒီသားရေနံ့ကို နူးညံ့သွားအောင် ပန်းနံ့ (Tuberose & Iris) နည်းနည်းလေးနဲ့ ထိန်းညှိပေးထားတယ်။ ဒါပေမဲ့ မိန်းမဆန်တဲ့ ပန်းနံ့မျိုး လုံးဝမဟုတ်ပါဘူး။

🌿 နာရီအနည်းငယ်ကြာတဲ့အခါ ကျန်ခဲ့မယ့် အဓိကအနံ့ကတော့ နွေးထွေးတဲ့ သစ်သားနံ့ (Woody) ပါ။ ပြီးတော့ Tonka Bean (Vanilla လို နည်းနည်းချိုပြီး နွေးတဲ့အနံ့မျိုး) နဲ့ Benzoin တွေက အနံ့ကို ပိုပြီး နက်ရှိုင်းစေပြီး ကြာရှည်ခံအောင် လုပ်ပေးပါတယ်။

❣️ ဘယ်လိုလူ၊ ဘယ်လိုအချိန်နဲ့ လိုက်ဖက်သလဲ?

// ဘယ်သူနဲ့ လိုက်လဲ? - ခေတ်မီတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ နည်းနည်းရင့်ကျက်တည်ငြိမ်တဲ့ ပုံစံမျိုးကို သဘောကျတဲ့ အမျိုးသားတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

 

// မြန်မာပြည်ရာသီဥတုနဲ့ဆိုရင်? - သူက နွေးထွေးပြီး နည်းနည်းပြင်းတဲ့ (Warm & Heavy) ရေမွှေးဖြစ်တဲ့အတွက် နေ့ခင်းဘက် နေပူထဲ သွားလာလှုပ်ရှားဖို့တော့ သိပ်အဆင်မပြေပါဘူး။

// အကောင်းဆုံးအချိန် - ညပိုင်း Dinner ထွက်တာ၊ Date လုပ်တာ၊ Party သွားတာမျိုးတွေနဲ့ အလိုက်ဆုံးပါ။

// နေရာ - Aircon ခန်းထဲမှာ အလုပ်လုပ်တဲ့သူဆိုရင်တော့ အချိန်မရွေးသုံးလို့ အဆင်ပြေပါတယ်။

Perfume concentration မြင့်တဲ့ Eau De Parfum ဖြစ်တဲ့အပြင် လူကြိုက်အရမ်းများလို့ Bvlgari for Men ထဲမှာ top selling စာရင်းထဲမှာ နှစ်ပေါင်းများစွာပါတဲ့ ကောင်းတဲ့ ရေမွှေးဖြစ်ပြီး အနှစ်ချုပ်ပြောရင် Bvlgari Man in Black ဆိုတာ Rum၊ Tobacco၊ Leather နဲ့ သစ်သားအနံ့တွေကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ နွေးထွေးတယ်၊ စပ်မွှေးမွှေးနိုင်တယ်၊ ယောကျ်ားဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ ရေမွှေးကောင်းတစ်ခု ဖြစ်ပါတယ်။

Made in Italy

ဒီရေမွှေးကို ကိုယ်တိုင်သုံးဖို့ စဉ်းစားထားတယ်ဆိုရင်တော့ Tester Packaging ကိုပဲ အထူးညွှန်းချင်ပါတယ်။ ဘူးခွံ ကလွဲရင် အတွင်းက ရေမွှေးအနံ့၊ ပုလင်း quality နဲ့ အားလုံးက အတူတူပါပဲ။

ဈေးနှုန်းကလည်း Retail box နဲ့ယှဉ်ရင် ၆ သောင်းကျော်လောက် သက်သာတဲ့အတွက် ဒါက တကယ့် Smart Choice ပါပဲ။ ✅

လက်ဆောင်ပေးဖို့ဆိုရင်တော့ retail packaging က presentation ပိုပြီးလှပါတယ် 🎁

Official website -

https://www.yangonbrandedperfume.com/product-page/bvlgari-man-in-black-edp-perfume-for-men-100ml

Bvlgari Man In Black Eau de Parfum for Men 100ml

MMK 479,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page