top of page

ပူတဲ့အချိန်မှာ သုံးလို့ကောင်းတဲ့ fresh scent / လန်းဆန်းတဲ့ရနံ့ ရနိုင်ရတဲ့အမျိုးသားရေမွှေးတွေထဲမှာ Eau de Parfum ဖြစ်လို့အခြား fresh ဖြစ်တဲ့ ရေမွှေးများထက် ပိုပြီးကြာကြာခံတဲ့ အီတလီနိုင်ငံလုပ် Bvlgari Man Wood Neroli Eau de Parfum 60ml (K 219,900) ကို in stock အသင့်ဝယ်ယူနိုင်ပါပြီ။

Master Perfumer Alberto Morillas ရဲ့၏လက်ရာဖြစ်ပြီး လိမ္မော်ခါးဆီ၊ bergamot လိမ္မော်၊ ၊လိမ္မော်ပန်းပွင့်၊ ဆီဒါ၊ Nagarmotha၊ ပယင်း၊ musk၊ leather နှင့် ambergris တို့ဖြင့် ဖန်တီးထားပါတယ်။ လန်းဆန်းစေသော citrus ရနံ့များနှင့် woody ရနံ့များကိုပေါင်းစပ်ထားကာ မြေထဲပင်လယ်ရဲ့ လင်းလက်တောက်ပသောနေရောင်ကို Inspiration ယူပြီးဖန်တီးထားသော Woody Fresh summer fragrance အမျိုးအစား ရေမွှေးဖြစ်ပါတယ်။

Alberto Morillas က Versace Bright Crystal, Marc Jacobs Daisy, Lancome Miracle, Gucci Guilty, Gucci Bloom, Armani Acqua Di Gio, Gio Profumo, Estée Lauder Pleasures, 212 Sexy, CK One တို့အပြင် YouTube မှာနာမည်အကြီးဆုံး ရေမွှေးဝေဖန်သူဖြစ်တဲ့ Jeremy Fragrance ရဲ့ကိုယ်ပိုင်ရေမွှေးတွေဖြစ်တဲ့ Office for Men, Date for Men နဲ့ Black Tie ရေမွှေးတွေကို ဖန်တီးပေးခဲ့သူဖြစ်လို့ ဒီရေမွေးကိုဝယ်ပြီး လက်ဆောင်ဝယ်ပေးချင်တယ်ဆိုရင် သူ့ရဲ့တခြားလက်ရာတွေကို ကြည့်လိုက်တာနဲ့ အဝယ်မှားမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။

Bvlgari Man Wood Neroli က Fragrantica မှာ rating 4.11 out of 5 with 1,313 votes မို့ rating များတဲ့ popular ရေမွှေးဖြစ်ပြီး Tom Ford Neroli Portofino နဲ့ရနံ့တူတဲ့အပြင် ဈေးက Neroli Portofino ထက် ငါးဆလောက်သက်သာပါတယ်။ 

လူတော်တော်များများက Bvlgari Man Wood Neroli က Neroli Portofino ထက်ပိုပြီးတောင် long lasting ဖြစ်တယ်လို့လဲ ပြောကြပါတယ်။Bvlgari Man Wood Essence နဲ့ယှဉ်ရင် Bvlgari Man Wood Neroli က ပိုပြီး light and fresh မို့ နွေရာသီနဲ့ ပူတဲ့ဒေသတွေမှာသုံးဖို့ ပိုသင့်ပါတယ်။ Colonia Club & Beach Hut Man တို့လိုမျိုးရေမွှေးတွေကြိုက်သူတွေနဲ့ smooth wood, citrus and unisex floral ရနံ့တွေကို ရောထားတဲ့ luxurious clean and fresh scent ကြိုက်သူအများစုနဲ့လိုက်တဲ့ ရနံ့အမျိုးအစားဖြစ်ပါတယ်။

ထုတ်ပိုးမှုပုံစံကလဲ sealed retail packaging with cellophane wrapping မို့ သပ်ရပ်လှပပါတယ်။ လက်ဆောင်ပေးဖို့ဝယ်မယ်ဆိုရင်လဲ Bvlgari ထဲက လောလောဆယ်မှာ ဈေးမတက်သေးတဲ့ အမျိုးအစားမို့ ဝယ်လို့တန်ပါတယ်။

Made in Italy

Imported from USA (FragranceX New York)

Sealed original retail packaging 

https://www.yangonbrandedperfume.com/product-page/bvlgari-man-wood-neroli-edp-perfume-for-men-60ml

 

International Reviews

- https://www.youtube.com/watch?v=0aP0JfX1Row (Redolessence)

- https://www.youtube.com/watch?v=nUVJY9Uo79U (Max Forti)

- https://www.youtube.com/watch?v=DfOKKwSFYgg (Joy Amin)

- https://www.youtube.com/watch?v=FonjeqNyIvg (Mags Frag)

- https://www.youtube.com/watch?v=z0NxOmYrYJw (The Fragrance Apprentice)

Unboxing - https://www.youtube.com/shorts/ScyeIEe3rrE

Bvlgari Man Wood Neroli EDP Perfume for Men 60ml

K219,900.00Price
    bottom of page