top of page

Bvlgari ရဲ့ Omnia collection ထဲမှာ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံးလို့ ပြောလို့ရတဲ့ Bvlgari Omnia Amethyste in stock ပြန်ရပါပြီ။

🌿 နာမည်ကျော် Master Perfumer Alberto Morillas ရဲ့ လက်ရာဖြစ်ပြီး မနက်ခင်း ဆီးနှင်းစိုနေတဲ့ ပန်းခြံလေးတစ်ခုထဲ ရောက်သွားသလို သန့်ရှင်းဆန်းသစ်တဲ့ ခံစားမှုကိုပေးတဲ့ ရေမွှေး ဖြစ်ပါတယ်။

🌿 စဖြန်းလိုက်တာနဲ့ ပထမဆုံး ခံစားရမှာက ရေဓာတ်ပြည့်ဝတဲ့ အပင်စိမ်းစိမ်းလေးတွေရဲ့ Green Sap ရနံ့နဲ့အတူ ချိုချိုချဉ်ချဉ် Pink Grapefruit သီးနှင်းရနံ့လေးဖြစ်ပါတယ်။

🌿 ချဉ်စူးစူး မဟုတ်ဘဲ လန်းဆန်းပြီး စိုစွတ်တဲ့ သဘာဝသစ်သီးနံ့လေးဖြစ်တာကြောင့် စဖြန်းဖြန်းချင်းမှာတင် ရင်ထဲ အေးသွားစေပါတယ်။

🌿 ခဏကြာလို့ ရနံ့ငြိမ်သွားတဲ့အခါမှာတော့ Omnia Amethyste ရဲ့ ပင်တိုင် ရနံ့ဖြစ်တဲ့ Iris ပန်းရဲ့ powdery နူးနူးညံ့ညံ့ ရနံ့နဲ့ Bulgarian Rose ပန်းနံ့လေးတွေ ပေါ်ထွက်လာပါတယ်။ ပန်းနံ့ဆိုပေမယ့် သင်းသင်းလေးနဲ့ ယဉ်ယဉ်လေးမို့လို့ အထက်တန်းဆန်တဲ့ မိန်းကလေးဆန်မှုကို အပြည့်အဝ ပေးပါတယ်။

🌿 နောက်ဆုံး Dry-down ရောက်တဲ့အခါ Heliotrope ပန်းရဲ့ သကြားနံ့သင်းသင်းလေးနဲ့ Solar Wood ရဲ့ အနွေးဓာတ်လေး ပေါင်းစပ်သွားပြီး ရေချိုးပြီးခါစလို သန့်ရှင်းအေးမြတဲ့ skin scent အဖြစ် စွဲကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

✅ ပူအိုက်တဲ့ရက်တွေမှာဖြစ်ဖြစ်၊ အပြင်ထွက်ပြီးလှုပ်ရှားသွားလာတဲ့အခါမှာဖြစ်ဖြစ် သင်းသင်းအေးအေးလေးနဲ့ စိတ်ကို လန်းဆန်းစေပြီး ဘေးလူကိုလည်း စူးရှ မူးနောက်မသွားစေပါဘူး။

✅ အဝတ်အစားပေါ်မှာ ဖြန်းထားရင် ရုံးထိုင်သူတွေ၊ လေအေးပေးစက်အောက်မှာ အလုပ်လုပ်သူတွေအတွက် အနံ့ ပြင်းပြင်းထန်ထန် ပျံ့လွင့်တာမျိုး မဟုတ်ဘဲ ကိုယ့်အနား ရောက်လာတဲ့သူတွေမှ ယဉ်ယဉ်လေး ရမယ့် sillage အမျိုးအစားဖြစ်လို့ နေ့စဉ် daily signature scent အဖြစ် သုံးဖို့ အင်မတန် အဆင်ပြေပါတယ်။

✅ ရနံ့ပြင်းပြင်းတွေကြောင့် ခေါင်းမူးတတ်သူတွေ၊ ရိုးရိုးရှင်းရှင်းနဲ့ ယဉ်ယဉ်လေး မွှေးနေချင်သူတွေနဲ့ office-wear နဲ့ casual-wear အတွက် စိတ်ချလက်ချ ရွေးချယ်သင့်တဲ့ classic ရေမွှေးတစ်ပုလင်းပဲ ဖြစ်ပါတယ်။

Bvlgari Omnia Amethyst for Women 100ml - K 369,000 (In stock)

Made in Italy

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/bvlgari-omnia-amethyst

Bvlgari Omnia Amethyst for Women 100ml Tester Packaging

MMK 369,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page