top of page

Calvin Klein Contradiction EDP Perfume for Women 100ml - K 99,900 (In stock)(Discount item without cellophane wrapping)

 

လူကြိုက်အလွန်များတဲ့ CK Contradiction Women မှာ နှင်းဆီ၊ ပီယိုနီ၊ lily-of-the-valley၊ ယူကလစ်၊ pear blossom၊ syringa၊ သစ်ခွ၊ စန္ဒကူး နှင့် Tonka bean ရနံ့တွေ ပါပါတယ်။

 

CK Be, CK One Shock, Elizabeth Arden 5th Avenue စတဲ့ ထင်ရှားတဲ့ ရေမွှေး

တွေကိုဖန်တီးသူ ရေမွှေးပညာရှင် Ann Gottlieb ရဲ့လက်ရာဖြစ်ပြီး ဈေးချိုပေမယ့့် ပုံမှန်မှာ ပိုပြီးစျေးကြီးတဲ့ ရေမွှေးတွေမှာတွေ့ရတဲ့ အရည်အသွေး ပိုမြင့်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားတာဖြစ်ပါတယ်။

 

ရနံ့က ဆန်းပြီး ပန်းရနံ့တွေကို အလွန်ကောင်းအောင် blend လုပ်ထားတာကြောင့် ပန်းတစ်မျိုးတည်းရနံ့ကို ခံစားရမှာမဟုတ်ပဲ ရနံ့သင်းတဲ့ပန်းပေါင်းရနံ့ကို တပြိုင်တည်းခံစားရမှာပါ။

 

ဒီရေမွှေးက နေ့ ည နေရာ အချိန်မရွေးသုံးဖို့ သင့်တဲ့အတွက် နေ့ရောညပါသုံးနိုင်သော ရနံ့ကို ရှာဖွေနေသူများအတွက်ရော ပေါ့ပေါ့ပါးပါးနှင့်နေ့တိုင်းရုံးသုံးရေမွှေးကို ရှာနေသူများ အတွက်ပါ အလွန်ကောင်းပါတယ်။

 

CK Contradiction Women ကို unisex လို့ဈေးကွက်ကိုမတင်ပေမည့် ပန်းရနံ့သင်းသင်းရေမွှေးမို့သုံးတဲ့အမျိုးသားတွေလည်းအများကြီးရှိပါတယ်။

 

Calvin Klein Contradiction for Women ရဲ့ ပုလင်းဒီဇိုင်းက ရိုးရိုးလေးနဲ့ ဆန်းပါတယ်။ ပုလင်းကို ဖန်သားအကြည်ဖြင့် ပြုလုပ်ထားပြီး ပုလင်းအဖုံးက သတ္တုငွေရောင်ဖြစ်လို့ ပေါ့ပါးပြီး ခေတ်မီသောအသွင်အပြင်ကို ရရှိစေပါတယ်။

 

ဒီပုလင်းရဲ့ ဒီဇိုင်းနဲ့ ပတ်သက်ပြီး သဘောကျတာက သူ့ရဲ့ minimalism ပါ။ အလွန်အကျွံ တန်ဆာဆင်ထားတာမဟုတ်ပဲ အဆင့်အတန်းကို ထင်ရှားစေတဲ့ modern, sophisticated, and understatedly elegant design ဖြစ်ပါတယ်။ ကြည်လင်တဲ့ဖန်ပုလင်းက ရေမွှေးရဲ့ လှပသောအရောင်ကို ပိုတောက်ပစေတဲ့အတွက် မညရေမွှေးစုဆောင်းသူတွေရဲ့ collection ထဲမှာ ထည့်ပြီးပြထားဖို့ ဓာက်ပုံရိုက်ဖို့ အသင့်ဖြစ်နေမှာပါ။

 

ထုတ်ပိုးပုံစံ - (ဖန်ပုလင်း+စက္ကူဗူး)( US က Yangon ကို သယ်လာတုန်းက ပလပ်စတစ်အခွံတွေ ကွာသွားတဲ့အတွက် discount price နဲ့ရတာပါ)

Made in Spain

Imported from USA (FragranceX New York)

https://www.yangonbrandedperfume.com/product-page/calvin-klein-contradiction-for-women-100ml

အခြား In stock ရနိုင်တဲ့ Calvin Klein perfume တွေကို www.yangonbrandedperfume.com/calvin-klein မှာကြည့်နိုင်ပါတယ်။

Calvin Klein Contradiction EDP Perfume for Women 100ml

K99,900.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page