Calvin Klein Obsession Night EDT Perfume for Men 125ml - K 155,000 (In stock)
ယောက်ျားလေးတွေအတွက် mysterious ဖြစ်တဲ့ ဆွဲဆောင်မှုရှိတဲ့ ညရဲ့ရနံ့
Perfumer(s) - Christophe Raynaud, Pierre Negrin
Fragrance Family - Oriental Woody
Best For - ညပိုင်းသုံးဖို့၊ အေးတဲ့ Aircon environment၊ romantic date တွေအတွက်
Price - K 155,000 (125ml size)
Country of Origin - USA
Imported from - USA (FragranceX New York)
Obsession Night က Calvin Klein ရဲ့ နာမည်ကြီး Obsession original ကို အခြေခံပြီးထုတ်ထားတဲ့ flanker တစ်ခုပါ။ ဒါပေမဲ့ သူက original ထက် အများကြီးပိုပြီး dark ဖြစ်တယ်၊ ပိုပြီး sensual ကျတဲ့ဘက်ကို သွားပါတယ်။
ဆိုလိုတာက original ရဲ့ vibe မျိုးမဟုတ်ဘဲ mysterious ဖြစ်တဲ့ ပိုပြီးဆွဲဆောင်မှုရှိတဲ့ mood ကို ဖန်တီးပေးတာပါ။ ညဘက် date night တွေအတွက်တော့ perfect ပဲပေါ့။
🌀 ရနံ့ဖွဲ့စည်းမှု (Scent Profile)
// Top Notes
Artemisia – ဆေးဖက်ဝင်အပင်ရနံ့ ခါးသက်သက်လေး
Pear (သစ်တော်သီး) – Juicy ဖြစ်ပြီး နူးညံ့တဲ့ ခေတ်ဆန်တဲ့ twist လေးတစ်ခု
Cardamom & Grapefruit – လန်းဆန်းသွားစေမယ့် spicy citrusy spark လေး
Pumpkin – ဟုတ်ပါတယ်၊ pumpkin ပါ။ သူက creamy ဖြစ်တဲ့ နွေးထွေးမှုနဲ့ တခြား ရေမွှေးတွေနဲ့မှမတူတဲ့ unique ဖြစ်တဲ့ရနံ့ကို ပေးတယ်
// Heart Notes
Nutmeg – မွှေးပြီး spicy ဖြစ်တဲ့ ရနံ့
Musk – သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိတယ်
Sage – ဆေးဖက်ဝင်အပင်ရနံ့ သင်းသင်းလေးနဲ့ calming ဖြစ်စေတယ်
// Base Notes
Vanilla – Creamy ဖြစ်ပြီး နွေးထွေးတယ်
Patchouli – မြေကြီးနံ့သင်းသင်းလေးနဲ့ ရနံ့ကို depth ရှိစေတယ်
Vetiver – ခြောက်သွေ့ပြီး smoky ဖြစ်တဲ့ရနံ့၊ ရနံ့တစ်ခုလုံးကို တည်ငြိမ်စေတယ်
🌀 ဘယ်လိုရနံ့မျိုးလဲ?
ဒါက fresh ဖြစ်တဲ့ sporty ရေမွှေးအမျိုးအစားမဟုတ်ပါဘူး။ အေးတဲ့ညနေခင်းမှာ နွေးနွေးထွေးထွေးရှိတဲ့ အနွေးထည်အမိုက်စားတစ်ထည်ကို ဝတ်ထားရသလိုမျိုး warm, spicy, and comforting ဖြစ်တဲ့ရနံ့ပါ။
ပထမဆုံးမှာ herbal-spice-fruit (ဖာလာ၊ သစ်တော်သီး၊ artemisia) ရနံ့တွေနဲ့စပြီး နောက်ပိုင်းမှာတော့ masculine နဲ့ mysterious ဖြစ်အောင် patchouli နဲ့ vetiver နည်းနည်းပါတဲ့ musky-vanilla base ရနံ့နဲ့ အဆုံးသတ်ပါတယ်။
"ချိုတယ်၊ ဒါပေမဲ့ သကြားလုံးလိုအချိုမဟုတ်ဘူး" လို့ပြောလို့ရတယ်။ ဒါက musky နဲ့ herbal nuances တွေနဲ့ balance ညီအောင်ဖန်တီးထားတဲ့ ရင့်ကျက်တဲ့အချိုရနံ့မျိုးပါ။ သူ့နာမည်အတိုင်းပဲ ညဘက်အတွက် အလိုက်ဖက်ဆုံး nocturnal vibe အပြည့်ရှိပါတယ်။ သိမ်မွေ့ပါတယ်။ ကိုယ့်အနားကလူပဲရတဲ့ personal trail မျိုးမို့လို့ အာရုံစိုက်ခံချင်တာထက် intimacy ကိုပိုဦးစားပေးတယ်။
ဒါက club သွားဆွတ်ရတဲ့အမျိုးအစားလို အသံကျယ်ကျယ်လောင်လောင်ရနံ့မဟုတ်ပါဘူး။ ကိုယ်နဲ့အနီးကပ်ဆုံးရှိတဲ့သူကို ဖိတ်ခေါ်နေတဲ့ ရနံ့မျိုးပါ။ Date တွေ၊ အေးအေးဆေးဆေးညချမ်းတွေအတွက် အလိုက်ဖက်ဆုံးပေါ့။
👤 ဘယ်လိုလူတွေအတွက်လဲ?
Obsession Night က လူတွေသတိထားမိအောင် အော်ဟစ်နေစရာမလိုတဲ့ ယောက်ျားလေးတွေအတွက်ပါ။
// Dessert လိုအချိုမျိုးမဟုတ်ဘဲ နွေးထွေးပြီး နည်းနည်းချိုတဲ့ရနံ့ကိုကြိုက်တဲ့သူတွေ။
// ညပိုင်းနဲ့ အေးတဲ့ရာသီ (မိုးတွင်း/ ဆောင်းဦး/ ဆောင်းရာသီ) မှာဆွတ်ဖို့
// Character ရှိတဲ့ classic designer ရေမွှေးတွေကို သဘောကျတဲ့ အသက် ၂၅ နှစ်အထက် အမျိုးသားတွေအတွက် သင့်တော်ပါတယ်
ဒါက ရန်လိုတဲ့ alpha-male ရေမွှေးမဟုတ်ဘူးနော်။ powerful and loud ဖြစ်တာထက် mysterious and poetic (လျှို့ဝှက်ဆန်းကြယ်ပြီး ကဗျာဆန်တဲ့) ဘက်ကို ပိုရောက်ပါတယ်။
👍 အားသာချက် (Pros)
✅ Herbal နဲ့ musky layer တွေပါတဲ့ unique warm/spicy blend ဖြစ်တယ်
✅ ဈေးနှုန်းသင့်ပြီး discount တွေလည်း မကြာခဏတွေ့ရတတ်တယ်
✅ Smooth ဖြစ်ပြီး ဘေးကလူကိုမနှောင့်ယှက်တဲ့ရနံ့မို့ romantic night တွေအတွက် perfect ပဲ
✅ EDT ဖြစ်ပေမဲ့ Longevity ကောင်းတယ်
👎 အားနည်းချက် (Cons)
❌ Fresh/aquatic ရနံ့တွေနဲ့ ယဉ်ပါးနေတဲ့ younger guys တွေအတွက်တော့ နည်းနည်း soft ဖြစ်လွန်းတယ်၊ ဒါမှမဟုတ် dated ဖြစ်တယ်လို့ ထင်နိုင်တယ်
❌ Projection အရမ်းမစွာဘူး – အနီးကပ်အနေအထားတွေအတွက် ပိုကောင်းတယ်
❌ တချို့နိုင်ငံတွေမှာ ရှာရနည်းနည်းခက်နိုင်တယ်
🧠 Mood တူတဲ့ တခြားရေမွှေးတွေ (Similar Scents)
// YSL La Nuit de L’Homme – သူက ပိုပြီး refined ဖြစ်တယ်၊ ပန်းရနံ့ဘက်နည်းနည်းရောက်တယ်၊ ဒါပေမဲ့ sexy nighttime feel ကတော့ အတူတူပဲ
// Rochas Man – သူလည်း warm ဖြစ်ပြီး vanilla-based ပဲ၊ ဒါပေမဲ့ coffee note တစ်ခုပိုပါတယ်
Calvin Klein Obsession Night for Men က ညပိုင်းသုံးဖို့အတွက် underrated gem တစ်ခုပါပဲ။ sensual mystery နည်းနည်းပါတဲ့ soft, warm, and spicy ရနံ့တွေကို ကြိုက်တယ်ဆိုရင်တော့ ဒါက romantic night တွေ (ဒါမှမဟုတ်) တစ်ယောက်တည်း အေးဆေး chill တဲ့အချိန်တွေအတွက် signature scent ဖြစ်လာနိုင်ပါတယ်။ သူက ခေတ်ပေါ် trend တွေနောက်ကိုမလိုက်ဘဲ ကိုယ့်လမ်းကိုယ် ယုံကြည်မှုရှိရှိနဲ့ရပ်တည်နေတဲ့ ရေမွှေးကောင်းတစ်ခုပါ။
Official website -
https://www.yangonbrandedperfume.com/product-page/calvin-klein-obsession-night-edt-spray-125ml
Sealed original retail packaging
Made in USA
Imported from USA (FragranceX New York မှကိုယ်တိုင်တင်သွင်းလာတာဖြစ်ပါတယ်)
အခြား In stock ရနိုင်တဲ့ Calvin Klein perfume တွေကို https://www.yangonbrandedperfume.com/calvin-klein မှာကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K155,000.00Price
bottom of page