top of page

Chanel Allure Homme Sport EDT Perfume for Men 150ml - K 799,000 (In stock)

 

Quality မြင့်တဲ့ fresh scent ကြိုက်သူတွေကြားမှာ မသိသူမရှိသလောက် ရှားတဲ့၊ လူကြိုက်အများဆုံးထဲမှာ ပါနေမြဲဖြစ်တဲ့ ဒီရေမွှေးက ရေမွှေးစဆွတ်မယ့်သူပဲဖြစ်ဖြစ်၊ ရေမွှေးစုတဲ့သူပဲဖြစ်ဖြစ် အိမ်မှာ တစ်ပုလင်းတော့ မရှိမဖြစ် ဆောင်ထားသင့်တဲ့ "Must-Have" item ထဲမှာ ပါပါတယ်။

🌿 ပုလင်းဖွင့်ပြီး စဆွတ်လိုက်တာနဲ့ ပထမဆုံးရမှာက လတ်ဆတ်တဲ့ လိမ္မော်နံ့ (orange/mandarin) ရယ်၊ ပင်လယ်ရေလှိုင်းလို လန်းဆန်းတဲ့အနံ့ (sea notes) ရယ်ပါပဲ။ အရမ်းကို fresh ဖြစ်ပြီး လူကို ချက်ချင်း လန်းသွားစေတယ်။

🌿 ခဏနေရင်တော့ ငရုတ်ကောင်း (pepper) နဲ့ သစ်သားနံ့ (cedar) လေးတွေ ထွက်လာပြီး ယောင်္ကျားပီသတဲ့ vibe ကို ပေးတယ်။ နောက်ဆုံးကျန်တဲ့ vanilla နဲ့ tonka bean ကြောင့်ရတဲ့ နို့ကရင်မ်လို အနံ့အေးအေးလေးကလဲ အရမ်းကို ဆွဲဆောင်မှုရှိတယ်။ အနံ့က ပြင်းမနေဘဲ "သန့်သန့်ပြန့်ပြန့်နဲ့ ဈေးကြီးတဲ့ပုံစံ" မျိုး ပေါက်စေတာပါ။

🌀 ဘယ်အချိန် ဆွတ်သင့်လဲ?

ဒါကတော့ ဒီရေမွှေးရဲ့ အားသာချက်ပဲ။ မြန်မာပြည်လို ပူတဲ့နိုင်ငံနဲ့ဆို "ကွက်တိ" ပါပဲ။

// gym သွားမလား? ဆွတ်။

// ရုံးသွားမလား? ဆွတ်။

// date သွားမလား? ဒါလေးဆွတ်သွားရင် ဘေးကလူက "ရေမွှေးလေးက ကောင်းလိုက်တာ" ဆိုပြီး compliment ပေးဖို့က ၉၀% သေချာတယ်။

နွေရာသီမှာ အဆင်ပြေဆုံးပေမယ့် ရာသီမရွေး၊ နေရာမရွေး သုံးလို့ရတဲ့ all-rounder ပါ။

🌀 ဘာလို့ ဝယ်သင့်လဲ?

လူတိုင်းနီးပါး သဘောကျတဲ့အနံ့ဖြစ်လို့ blind buy (မနံကြည့်ဘဲဝယ်တာ) လုပ်လည်း စိတ်ချရတယ်။ ပြီးတော့ အရမ်းကို masculine ဖြစ်ပြီး "သန့်ပြန့်တဲ့" ပုံစံမျိုး ပေါက်စေတယ်။

အနံ့သန့်သန့်၊ လန်းလန်းလေးနဲ့ တစ်နေကုန် ယုံကြည်မှုရှိရှိ နေချင်တယ်ဆိုရင်တော့ ဒီ Chanel Allure Homme Sport က အကောင်းဆုံး ရွေးချယ်မှုပဲ။ "Classic never dies" ဆိုတဲ့အတိုင်း ဘယ်တော့မှ ရိုးမသွားမယ့် ရေမွှေးကောင်းတစ်ခုပေါ့။

Official website -

https://www.yangonbrandedperfume.com/product-page/chanel-allure-homme-sport-150ml

// Made in France

// Sealed retail packaging

Chanel Allure Homme Sport EDT Perfume for Men 150ml

K799,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page