top of page

Chanel Allure Homme Sport Cologne EDT Perfume for Men 100ml - K 699,000 (In stock)

မြန်မာပြည်လို အရမ်းပူတဲ့ နိုင်ငံမှာဆိုရင် သူက တကယ့်ကို "Life Saver" ပဲ။

🌿 ပုလင်းကို ဖွင့်ဖွင့်ချင်း ဖြန်းလိုက်တာနဲ့ Fresh ဖြစ်သွားစေမယ့် သံပရာသီး (Lemon)၊ ရှောက်သီး (Citrus) နဲ့ Bergamot အနံ့တွေက တန်းပြီး နှာခေါင်းထဲ ရောက်လာမှာပါ။ အနံ့က အရမ်းကို natural ဖြစ်ပြီး ဈေးကြီးတဲ့ high-end quality အနံ့မျိုး ရစေတယ်။ နောက်ပိုင်းမှာ Cedar နဲ့ White Musk အနံ့လေးတွေ ပါလာတော့ နည်းနည်း ပိုပြီး ယောကျ်ားဆန်ပြီး သန့်သန့်လေး ဖြစ်သွားပါတယ်။

🌀 ဒီရေမွှေးရဲ့ Chanel Allure Homme Sport (Original) နဲ့ Allure Homme Sport Eau Extrême တို့နဲ့ မတူတဲ့အချက်က ဒီ Cologne Version ကတော့ လုံးဝ မချိုဘူး။ သူက Citrus ဘက်ကိုပဲ အားစိုက်ထားတာဖြစ်လို့ ပိုပြီး လန်းဆန်း (Zesty) ဖြစ်တယ်။

🌿 ဒါကြောင့် နေပူထဲထွက်ရတဲ့ အချိန်၊ Gym ဆော့တဲ့အချိန် ဒါမှမဟုတ် အပူချိန် ၄၀ ဒီဂရီလောက် ရှိတဲ့ ရန်ကုန် နေ့လယ်ခင်းတွေအတွက် အသင့်တော်ဆုံးပဲ။

🌿 Allure Homme Sport ငွေရောင်ပုလင်းက နည်းနည်း perfume ဆန်ဆန် လူကြားထဲ ထင်ပေါ်ချင်တဲ့ အနံ့ဆိုရင်၊ Cologne version ကတော့ "ငါ အခုလေးတင် ရေချိုးပြီး ထွက်လာတာ၊ အရမ်းသန့်ပြီး လန်းဆန်းနေတာ" ဆိုတဲ့ vibe မျိုး ပေးတာပါ။

🌀 အနံ့ပြင်းပြင်းတွေ မကြိုက်ဘူး၊ သန့်သန့်လေးနဲ့ လူတိုင်းကို မူးမနောက်စေဘဲ လန်းဆန်းနေတဲ့ အနံ့မျိုး ရှာနေတာဆိုရင် Chanel Allure Homme Sport Cologne က နောင်တမရမယ့် ရွေးချယ်မှုပါပဲ။

Official website -

https://www.yangonbrandedperfume.com/product-page/chanel-allure-homme-sport-cologne

// Made in France

// Sealed retail packaging

// Chanel shop မှာ ကိုယ်တိုင်ဝယ်လာတာဖြစ်ပါတယ်

// Duty free sticker ပါပါတယ်

// Chanel paper bag ပါပါတယ်

တခြား in stock ရှိတဲ့ Chanel ရေမွှေးတွေကို https://www.yangonbrandedperfume.com/chanel မှာကြည့်လို့ရပါတယ်။

Chanel Allure Homme Sport Cologne EDT Perfume for Men 100ml

K699,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page