top of page

Chanel Coco Noir Eau de Parfum for Women 100ml - 1,080,000 (In stock)

Chanel ရဲ့ နာမည်ကြီး Coco နဲ့ Coco Mademoiselle တို့ရဲ့ အောင်မြင်မှုကို အခြေခံပြီး သူ့လမ်းကြောင်းနဲ့သူ ထိုးထွက်တဲ့ ခေတ်သစ်ဆန်ဆန် ရနံ့တစ်ခုပါ။ ကြည့်လိုက်တာနဲ့တင် ကျက်သရေရှိပြီး luxury ဖြစ်တဲ့ ခံစားချက်ကိုပေးတဲ့ အနက်ရောင်ပုလင်းကကို လုံးဝ timeless elegance ပါပဲ။

Coco Noir ဆိုတာက ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ sensual allure ကို ဖော်ညွှန်းနေတဲ့ ရနံ့မျိုးပါ။

စစချင်းမှာတော့ စိတ်ကိုလန်းဆန်းတောက်ပသွားစေမယ့် ဂရိတ်ဖရုသီးနဲ့ ဘာဂါမော့သီးတို့ရဲ့ citrus ရနံ့ကို အရင်ဆုံးရမှာပါ။ အဲ့ဒီနောက်မှာတော့ နှင်းဆီပန်းရဲ့ ခန့်ညားမှုနဲ့ စံပယ်ပန်းရဲ့ နူးညံ့လတ်ဆတ်မှုတို့ ပေါင်းစပ်ထားတဲ့ ပန်းရနံ့တွေက နေရာယူလာပါတယ်။ Narcissus ပန်းနဲ့ Geranium ရွက်တို့ရဲ့ floral note သင်းသင်းလေးကလည်း green ဖြစ်ပြီး spicy ဖြစ်တဲ့ ရနံ့ကိုထပ်ပေါင်းပေးပါတယ်။

Coco Noir ရဲ့ တကယ့် main character က သူ့ရဲ့ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ Base Note တွေမှာပါ။ Coco scent family ရဲ့ signature လို့ပြောရမယ့် Patchouli ရနံ့ကို Tonka Bean နဲ့ Vanilla တို့ရဲ့ creamy ဖြစ်တဲ့ ချိုမြမြရနံ့နဲ့ လိုက်ဖက်ညီညီပေါင်းစပ်ပေးထားတယ်။

Frankincense အစေးရဲ့ နွေးထွေးမှုနဲ့ စန္ဒကူးသားရဲ့ သစ်သားရနံ့တို့က ဒီရေမွှေးကို ပိုပြီး ပြည့်စုံစေပြီး အချိန်တော်တော်ကြာကြာ စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့လေးကို ကျန်နေစေမှာပါ။

ဒီရေမွှေးကို dark oriental ရနံ့တွေထဲက ပိုခေတ်ဆန်ပြီး ပိုတောက်ပတဲ့ version လို့ပြောကြပေ အရမ်းကြီး ပျံ့လွင့်နေတာမျိုးမဟုတ်ဘဲ ကိုယ့်အနားမှာပဲ သင်းသင်းလေးမွှေးနေတဲ့ ပုံစံမျိုးမို့ ကိုယ်ပိုင်သီးသန့် intimate ဖြစ်တဲ့ ခံစားချက်ကို ပေးပါတယ်။

ခြုံပြီးပြောရရင်တော့ Chanel Coco Noir ဟာ ကျက်သရေရှိပြီး လူတိုင်းနဲ့ရင်းနှီးလွယ်တဲ့ ခံစားချက်ကိုပေးတဲ့ လှပပြည့်စုံတဲ့ ရနံ့တစ်ခုပါ။ ညနေပိုင်းပွဲတက်တွေ၊ special date တွေနဲ့ လိုက်ဖက်သလို၊ နေ့ဘက်မှာ ယုံကြည်မှုရှိရှိနဲ့ သုံးဖို့လည်း သိမ်မွေ့ပြီး အဆင်ပြေပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ dark touch လေးပါတဲ့ ခေတ်သစ် classic ရနံ့ကိုမှ ကြိုက်တဲ့ မမတွေအတွက်တော့ ဒါဟာ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။

 

// Made in France

// Sealed retail packaging

// Chanel shop မှာ ကိုယ်တိုင်ဝယ်လာတာဖြစ်ပါတယ်

// Duty free sticker ပါပါတယ်

// Chanel paper bag ပါပါတယ်

Official website -

https://www.yangonbrandedperfume.com/product-page/chanel-coco-noir

Chanel Coco Noir Eau de Parfum for Women 100ml

K1,080,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page