top of page

သန့်ရှင်းသပ်ရပ်ပြီး Luxury ဆန်တဲ့ Barbershop အနံ့ Chanel Platinum Égoïste

Classic Barbershop scent family ထဲမှာ ခေတ်မီပြီး classy ဖြစ်တဲ့ပုံစံမျိုးရှာနေတယ်ဆိုရင်တော့ Platinum Égoïste က မိတ်ဆွေအတွက်ပါပဲ။ ကျွန်တော်ကိုယ်တိုင်ကြိုက်လွန်းလို့ လွန်ခဲ့တဲ့ ၈ နှစ်ကျော်ထဲက တစ်ပုလင်းကုန် တစ်ပုလင်း ထပ်ဝယ်ဖြစ်ပြီး အခုအထိသုံးနေတုံးဖြစ်ပြီး သူက သာမန် ပေါင်ဒါလိုအနံ့သင်းသင်း fougère ရေမွှေးတွေနဲ့မတူဘဲ ပိုပြီး ထက်ရှတယ်၊ ပိုပြီးစိမ်းလန်းတယ်၊ ပိုပြီးလည်း crisp ဖြစ်ပါတယ်။

🌿 စဖြန်းလိုက်တာနဲ့ Lavender နဲ့ Rosemary တို့ရဲ့ လန်းဆန်းကြည်လင်တဲ့ရနံ့က အရည်အသွေးမြင့်ပစ္စည်းတွေနဲ့ ကြည်လင်တက်ကြွမှုကို ချက်ချင်းပေးပါတယ်။

🌿 Heart note ထဲမှာ Geranium နဲ့ Clary Sage တို့က ပူရှိန်းရှိန်းလို minty-metallic အငွေ့အသက်ကိုထည့်ပေးထားလို့ ခန့်ငြားသန့်ရှင်းပြီး ယောကျာ်းပီသတဲ့ ခံစားမှုကိုရပါတယ်။

🌿 Drydown မှာတော့ သစ်သားရနံ့သင်းသင်းနဲ့ သန့်ရှင်းတဲ့ musk အနံ့က နွေးထွေးပြီး ညင်သာအေးဆေးတဲ့အထိအတွေ့ကို ခံစားစေရမှာပါ။

🌀 ပြောစရာမလိုတဲ့ Chanel Quality

Chanel ဆိုတဲ့အတိုင်း သုံးထားတဲ့ကုန်ကြမ်းတွေက ထိပ်တန်းအဆင့်တွေချည်းပါပဲ။ သစ်ပင်ပန်းမန်ရနံ့တွေက အစ သဘာဝအတိုင်းလို (တုပထားတဲ့ synthetic အနံ့ကြမ်းကြမ်းတွေလုံးဝမပါ) တိတိကျကျ သေသေသပ်သပ် ဖော်စပ်ထားပါတယ်။ ဈေးက အရမ်းမများတဲ့ mid range designer perfume price လောက်ပဲရှိပေမယ့် ပြောရရင်တော့ "ဈေးကြီးတဲ့အနံ့" ဆိုတာကို အကောင်းဆုံးပုံစံနဲ့ ခံစားရမှာပါ။

သန့်သန့်ပြန့်ပြန့်နေတတ်ပြီး luxury salon ကနေ ထွက်လာခါစလိုမျိုး သပ်ရပ်တဲ့ရနံ့ကိုကြိုက်တဲ့ gentlemen တွေနဲ့ လုံးဝလိုက်ဖက်ပါတယ်။

သုံးထားရင် ယုံကြည်မှုရှိစေတယ်။ ခေတ်ဘယ်လောက်ပြောင်းပြောင်း ရိုးမသွားဘူး။ အပိုအဆာတွေမပါဘဲ Chanel ရဲ့ အရည်အသွေးကို အပြည့်အဝခံစားရမှာပါ။

🗓️ ဘယ်လိုအချိန်တွေနဲ့ လိုက်ဖက်လဲ

ရုံးတက်၊ နေ့စဉ်သုံး၊ Gym ဆော့ပြီးချိန် ဘယ်အချိန်မဆို သန့်ရှင်းသပ်ရပ်တဲ့အနံ့ရချင်တဲ့အခါ သုံးဖို့အဆင်ပြေပါတယ်

Barbershop fragrance ပုံစံ ရေမွှေးတွေကိုကြိုက်တယ်၊ သန့်ရှင်းတယ်၊ ယောကျာ်းဆန်တယ်၊ ပြီးတော့ တကယ့် high-end quality မျိုးကိုမှသုံးချင်တဲ့သူတွေ ဆိုရင်တော့ လုံးဝစမ်းသုံးကြည့်သင့်တဲ့ ရေမွှေးတစ်မျိုးပါပဲ။

Chanel Platinum Égoïste EDT Perfume for Men 100ml - K 699,000 (In stock)

// Made in France

// Sealed retail packaging

// Chanel shop မှာ ကိုယ်တိုင်ဝယ်လာတာဖြစ်ပါတယ်

// Duty free sticker ပါပါတယ်

// Chanel paper bag ပါပါတယ်

Official website -

https://www.yangonbrandedperfume.com/product-page/chanel-platinum-egoiste

Chanel Platinum Égoïste EDT Perfume for Men 100ml

K699,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page