top of page

Chloe Signature Eau de Parfum for Women 75ml Tester Packaging - K 319,000 (In stock)

မိန်းကလေးတိုင်းရဲ့ Signature Fresh Rose ရနံ့ဖြစ်လို့ နှစ်တွေအများကြီး လူကြိုက်များနေဆဲဖြစ်တဲ့ Chloe Eau de Parfum EDP

🌿 ဖြန်းဖြန်းခြင်းမှာ သင်းပျံ့နေတဲ့ Peony ပန်းရနံ့နဲ့အတူ Lychee သီးရဲ့ အေးအေးချိုချို သစ်သီးရနံ့လေးက အစပြုပါတယ်။ Fresh ဖြစ်ပြီး စိတ်ကို ကြည်လင်သွားစေတဲ့ အဖွင့်ရနံ့လေးပါ။

🌿 ခဏကြာတဲ့အခါ Chloe brand ရဲ့ Main Identity ဖြစ်တဲ့ စိမ်းစိမ်းလန်းလန်း fresh ဖြစ်တဲ့ Rose ရနံ့က Lily-of-the-Valley နဲ့ Magnolia ပန်းရနံ့တွေနဲ့တွဲပြီး

ထွက်လာပါတယ်။ Soapy ဖြစ်ပြီး သန့်ရှင်းတဲ့ ပန်းရနံ့မျိုးမို့ ချွေးထွက်ရင်တောင် လုံးဝ မအီသွားပါဘူး။

🌿 နောက်ပိုင်းမှာ နူးနူးညံ့ညံ့ ရှိတဲ့ Cedar သစ်သားနံ့နဲ့ Amber ရနံ့တွေက ထိန်းပေးထားတာကြောင့် စွဲရှတဲ့ powdery fresh floral ရနံ့အဖြစ် အဝတ်အစားပေါ်မှာ အကြာကြီး စွဲကျန်ရစ်စေပါတယ်။

✅ မြန်မာနိုင်ငံရဲ့ မိုးကုန်စ ရာသီဥတု ဒါမှမဟုတ် ပူအောက်အောက် ရာသီမှာ Fresh & Clean ဖြစ်တဲ့ ရနံ့တွေက အသင့်တော်ဆုံးပါပဲ။

✅ Chloe EDP က ခေါင်းမူးစေမယ့် ချိုအီနံ့ မဟုတ်ဘဲ ရေမိုးချိုးပြီးခါစလို သန့်ရှင်းတဲ့ fresh & clean ခံစားချက်ကို ပေးပါတယ်။ AC ခန်းထဲမှာ ရုံးထိုင်သူတွေအတွက်ရော၊ ပူတဲ့ ရာသီမှာ အပြင်ခဏထွက်သူတွေအတွက်ပါ စိတ်ကြည်လင်စေတဲ့ ရနံ့ဖြစ်ပါတယ်။ Casual ရော Formal ပါ လိုက်ဖက်တာကြောင့် Everyday Signature Scent အဖြစ် သုံးဖို့ အကောင်းဆုံးပါပဲ။

// ဘယ်လိုလူတွေနဲ့ လိုက်ဖက်လဲ //

// သန့်ရှင်းပြီး Classy ဖြစ်တဲ့ ပန်းရနံ့ကြိုက်သူတွေ

// Clean, Soapy, Floral Rose Vibe ရေမွှေးတွေကို နှစ်သက်သူတွေ

// ရုံးသုံး၊ ကျောင်းသုံး နဲ့ ပွဲတက်ပါ အဆင်ပြေမယ့် Signature ရနံ့ ရှာနေသူတွေ

Made in France

// Tester packaging ဆိုပေမယ့်လဲ သူ့ပုလင်းဒီဇိုင်းအရကို အခုပုံထဲကအတိုင်း cap (အဖုံး) က ကိုယ်ထည်နဲ့တွဲရက်ပါတဲ့အပြင် ပုလင်းလည်ပင်းမှာ ဖဲကြိုးပါ ပါလို့ retail bottle နဲ့ ဘာမှမကွာပါဘူး

// အပြင်ဘူးခွံလေးက ရိုးရိုးကတ္တူစက္ကူဗူးအဖြူလေး ဖြစ်နေတာပဲ ကွာသွားတာပါ

// Tester Packaging က retail packaging နဲ့ ယှဉ်ရင် ဈေးတော်တော်လေး ( တစ်သိန်းလောက် ) ကွာပါတယ်

// ကိုယ်တိုင် သုံးဖို့အတွက်ဆိုရင်တော့ ဒီ Tester က အများကြီး value for money ဖြစ်စေပြီး ပရီမီယံ ရနံ့ကို ဈေးသက်သက်သာသာနဲ့ ရစေပါတယ်

Official website -

https://www.yangonbrandedperfume.com/product-page/chloe-edp

Chloe Signature Eau de Parfum for Women 75ml Tester Packaging

MMK 319,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page