top of page

Chloe Love Story Eau de Parfum for Women 75ml - K 329,000 (In stock)

 

Floral fresh ရနံ့အမျိုးအစားဖြစ်ပြီး ပြင်းလွန်းပျော့လွန်းမဟုတ်တဲ့ neutral and inviting scent ဖြစ်ပါတယ်။ စစဆွတ်လိုက်ခြင်းမှာ fresh ဖြစ်တဲ့ Neroli ၊ orange blossom နဲ့ citrus ရနံ့တွေတွေရမှာဖြစ်ပါတယ်။

Mid note တွေမှာ Stephanotis လို့ခေါ်တဲ့ စံပယ်ပန်း၊ နှင်းဆီ၊ Peach ရနံ့ပါးပါးလေးတွေပါပါတယ်။ Drydown မှာ woody musky note တွေပါပေမယ့် ရေမွှေးမှာ depth ရှိအောင် နဲနဲလောက်ပဲ ထည့်ထားတာဖြစ်လို့ စလည်ဆုံး လုံးဝ heavy မဖြစ်ပါဘူး။

အနံ့က very very uncontroversial မျိုးဖြစ်လို့ လူတိုင်းကြိုက်တဲ့ feminine ဖြစ်တဲ့ မွှေးမွှေးသင်းသင်းလေးဖြစ်ပြီး floral ရေမွှေးတချို့က white floral တွေအများကြီးသုံးထားလို့ old fashion ရနံ့ထွက်ပေမယ့် ဒီ Love Story ကတော့ သူ့မှာပါတဲ့ freshness ကြောင့် ခေတ်ဆန်တဲ့ modern floral type ဖြစ်ပါတယ်။

ချိုတဲ့ note တွေ heavy musk note မပါလို့ သူက flirty sexy ရနံ့မျိုးတော့မဟုတ်ပါဘူး။ classy ဖြစ်တဲ့ impression ရပြီး ရုံးသုံးသုံးမယ်ဆိုရင် serious dating scent အတွက်သုံးမယ်ဆိုရင် ပိုသင့်မယ့်ရနံ့ပါ။ အတင်း projection ကောင်းကောင်းနဲ့ ရေမွှေးသုံးထားမှန်း မသိသိအောင် (push type) အတင်းလုပ်ယူထားလို့မဟုတ်ပဲ ရနံ့ကောင်းလို့အနားကိုဆွဲခေါ်မယ့် pull type ရနံ့မျိုးပါ။

ပုလင်းကလည်း classy color tone ဖြစ်တဲ့ transparent beige အရောင် ဖောင်းကြွအရာလေးတွေပါတဲ့ လေးထောင့်ဒီဇိုင်းမှာ အဖုံးက ပါရီမြို့လည်က Pont des Arts တံတားပေါ်မှာ ချစ်ခြင်းမေတ္တာလက္ခဏာအဖြစ်ချစ်သူအတွဲတွေက ခတ်ထားတဲ့ သော့ခလောက်တွေကို inspire ယူထားတဲ့ ရွှေရောင်သော့ကို အသားရောင်ဖဲပြားချီထားတဲ့ပုံစံလေးဖြစ်ပါတယ်။ Paper box ကအရင်ကဆို တော်တော်လေးကြီးတဲ့ ဘေးဖက်ဖွင့်ဗူးဖြစ်ပေမယ့် အခုနောက်ဆုံး latest version တွေမှာကျစ်ကျစ်လစ်လစ် အပေါ်ဖွင့်ပါးပါးလေးဖြစ်သွားပါပြီ။

သူ့ရဲ့ နာမည်အရရော ပါတဲ့ fragrance note တွေကိုခံစားရတာရော ဝယ်ပေးပြီးရင် story ပြောပြလို့ရတဲ့ bottle design တွေကြောင့်ရော လက်ဆောင်ဝယ်ပေးမယ်ဆိုရင် အရမ်အဆင်ပြေနေပါပြီ။ ဈေးကလည်းမများလွန်းတဲ့ presentable luxury item ဖြစ်တဲ့အပြင် Made in France ပြင်သစ်နိုင်ငံလုပ်မို့ gift worthy ဖြစ်ပါတယ်။

Made in France

Imported from USA

Sealed original retail packaging

https://www.yangonbrandedperfume.com/product-page/chloe-love-story

Review -

https://youtu.be/NqVBhyO8V7Y

Chloe Love Story EDP Perfume for Women 75m

K329,900.00Price
    bottom of page