top of page

Chloe Nomade Eau de Parfum for Women Value Set 75ml + 20ml - K 419,000 (In stock / Sale Price)

လွတ်လပ်ပြီး ယုံကြည်မှုရှိတဲ့ရနံ့၊ မိုးတွင်းမှာတောင် အနံ့စွဲတယ်၊ ကျော့ရှင်းတယ်၊ နန်းဆန်တယ်၊ နေရာမရွေးသုံးနိုင်တယ်။

🌿 Fragrance Profile

// Top notes - အဖွင့်ရနံ့ကတော့ လန်းဆန်းပြီး ချိုမြတဲ့ Mirabelle plum သစ်သီးရနံ့ကို Bergamot၊ သံပုရာနဲ့ လိမ္မော်နံ့လေးတွေနဲ့ ပေါင်းစပ်ထားတယ်။ လန်းဆန်းပေမယ့် နူးညံ့တဲ့အနံ့မျိုးပါ။

// Heart - စင်ကြယ်သန့်ရှင်းတဲ့ freesia ပန်းရနံ့ကို စံပယ်နဲ့ နှင်းဆီပန်းနံ့လေးတွေနဲ့ သိမ်မွေ့စွာရောထားပါတယ်။

// Base - Earthy ဖြစ်တဲ့ oakmoss၊ sandalwood၊patchouli နဲ့ ကတိုး (musk) ရနံ့တွေ ပေါင်းထားပြီး classic chypre ရနံ့ကို modern perfume အသွင်ပြောင်းထားတဲ့ ခံစားမှုကိုပေးပါတယ်။

⏳ ဆွတ်ထားရင်ဘယ်လောက်ခံသလဲ (Performance)

 

Longevity တော်တော်လေးခံတဲ့ ရေမွှေးပါ။အဝတ်အစားတွေပေါ်မှာဆို ၆ နာရီကနေ ၁၂ နာရီကျော်ထိ အနံ့သင်းသင်းလေးကျန်နေတတ်ပါတယ်။

အကောင်းဆုံးဆွတ်နည်းက နည်းနည်းလေးဆွတ်ရုံနဲ့ လုံလောက်ပါတယ်။ သုံးချက် လေးချက်ဖျန်းရုံနဲ့ အတော်ပါပဲ။

♣️ ဘယ်သူတွေအတွက်လဲ?

သစ်သီး၊ ပန်းနဲ့ သစ်သားရနံ့တွေ အလွှာလိုက်ပေါင်းစပ်ထားတဲ့ chypre ရနံ့ကိုနှစ်သက်တဲ့ ခေတ်မီပြီး လွတ်လပ်တဲ့စိတ်ထားရှိသူ (ကျား/မ မရွေး) အတွက်ပါ။

⏰ ဘယ်အချိန်သုံးဖို့ကောင်းလဲ?

အေးတဲ့ရာသီဥတု (မိုးရာသီ/ ဆောင်းဦး/ ဆောင်းရာသီ) အတွက်အကောင်းဆုံးဖြစ်ပေမယ့် နွေဦးနဲ့ နွေရာသီညနေပိုင်းတွေအတွက်လည်း သင့်တော်ပါတယ်။

🏡 ဘယ်လိုနေရာမျိုးမှာသုံးမလဲ?

အလုပ်ခွင်၊ နေ့ခင်းဘက်နဲ့ special occasion တွေအတွက်ပါ သင့်တော်ပြီး သိမ်မွေ့ပေမယ့် လူတွေမှတ်မိနေမယ့် ရနံ့မျိုးပါ။

💯 အားသာချက် & အားနည်းချက် (Pros & Cons)

အားသာချက်တွေက -

👍ချိုအေးတဲ့ plum ရဲ့ရနံ့နဲ့ သန့်ရှင်းတဲ့ပန်းရနံ့တွေပါဝင်တဲ့ ထူးခြားတဲ့ chypre scent type

👍အလွန်ကောင်းတဲ့ longevity နဲ့ ကျေနပ်စရာ sillage

👍 Complex ဖြစ်တဲ့ ရနံ့အလွှာတွေ အများကြီးပါလို့ ဖြစ်ခဲ့ အနံ့ထွက်တယ်

👍 ကျား/မ မရွေး လူတိုင်းကသဘောကျတဲ့ရနံ့ / Unisex သုံးမယ် ဆိုရင် လုံးဝအိုကေတယ်

👍 Sale Price မို့ ဈေးအရမ်းတန်တယ်။ ဒီလို 75ml + 20ml နှစ်ပုလင်းပါတဲ့ value set ကို အရင် 75ml တစ်ခုပဲ ပါတာထက် ကို ဈေးသက်သာတယ်။

အားနည်းချက်အနေနဲ့ -

👉 တချို့က mossy base ကြောင့် unisex ဒါမှမဟုတ် နည်းနည်း "ယောက်ျားဆန်တယ်" လို့မြင်ကြတယ်

👎 ပေါ့ပေါ့ပါးပါး light fruity floral ရနံ့လေးတွေပဲကြိုက်တဲ့သူတွေဆို ကြိုက်ချင်မှကြိုက်လိမ့်မယ်

🎁 ပုလင်း နဲ့ ဗူးဒီဇိုင်း

Chloé Nomade ရဲ့ ပုလင်းနဲ့ပက်ကင်ဒီဇိုင်းက ပြင်သစ်တွေရဲ့ chic ဖြစ်တဲ့ လက်မှုအနုပညာကို အသားပေးထားတယ်။ သားရေချည်ကြိုးလေးပါတဲ့ အဖုံး လေးလေးပင်ပင်လေး၊ ဖောင်းကြွဒီဇိုင်းတွေနဲ့ ဖန်ပုလင်းနဲ့ ပန်းရွှေရောင် colour tone တို့က ဒီရေမွှေးကို ပိုထူးခြားသွားစေတယ်။ ပေးရတဲ့ပိုက်ဆံထက် ပိုပြီးတော့ တန်ဖိုးရှိတယ်လို့ ခံစားရစေတယ်။ ဒါက လက်ဆောင်ပေးဖို့ ဝယ်ချင်သူတွေအတွက် advantage တစ်ခုပါပဲ။

Chloé Nomade EDP ဟာ designer ရေမွှေးလောကမှာ ထင်ရှားတဲ့ရေမွှေးတစ်ခုပါ။ အဖွင့်မှာ လန်းဆန်းတဲ့ သစ်သီးနဲ့ ပန်းရနံ့တွေနဲ့စပြီး နောက်ပိုင်းမှာ ကျော့ရှင်းပြီး earthy ဖြစ်တဲ့ base note တွေနဲ့ လှပစွာအဆုံးသတ်ပါတယ်။

မိန်းမဆန်တာနဲ့ unisex ဆန်တာကြားမှာ ကောင်းကောင်းဟန်ချက်ညီတာကြောင့် နေရာစုံသုံးနိုင်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ပုံမှန် ပန်းရနံ့ အသီးရနံ့တွေနဲ့ကွဲပြားတဲ့ရနံ့တွေကို နှစ်သက်သူတွေအတွက်တော့ ဒါဟာ ခေတ်မီပြီး performance ကောင်းတဲ့ classic ရေမွှေးတစ်ခုပါပဲ။

🇪🇸 Made in Spain

🎁 Sealed original retail packaging

🌐 Official website -

https://www.yangonbrandedperfume.com/product-page/chloe-nomade-set

Chloe Nomade Value Set for Women ( 75ml + 20ml )

K419,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page