top of page

Chopard Wish Eau de Parfum for Women (In stock/ Made in France)

# 10ml decant (glass sprayer) - K 29,000

# 10ml decant (aluminium sprayer) - K 32,000

# 10ml decant (premium glass sprayer) - K 32,000

# 37ml decant (glass sprayer) - K 89,000

Chopard Wish Eau de Parfum က ဆွဲဆောင်မှုရှိတဲ့ Classic Gourmand Oriental အမျိုးသမီးသုံး ရေမွှေး ဖြစ်ပါတယ်။ Luxury ရေမွှေးလောကမှာ ခေတ်အဆက်ဆက် ရေပန်းစားခဲ့ပြီး ချိုမြိန်ဆန်းပြားတဲ့ အနံ့စွဲအားကောင်းကောင်း ရေမွှေးကြိုက်သူတွေအတွက် မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ရေမွှေးပါ.။

🌿 စဖြန်းလိုက်တာနဲ့ Wild Strawberry, Coconut, Gooseberry, Honeycomb တွေရဲ့ သစ်သီးချိုချိုလေးတွေရဲ့ ရနံ့နဲ့အတူ Coconut ရနံ့မွှေးစိမ့်စိမ့်လေးကို ခံစားရပါမယ်။

🌿 ခဏကြာရင်တော့ Honey, Orchid, Milk, Violet, Heliotrope ပန်းပွင့်ရနံ့ဆန်းဆန်းလေးတွေနဲ့ ပျားရည်၊ နို့ရနံ့တို့ ပေါင်းစပ်သွားပြီး နူးညံ့ယဉ်ကျေးတဲ့ Floral Creamy vibe ကို ပေးပါတယ်။

🌿 နောက်ဆုံးမှာတော့ Caramel ချိုဆိမ့်၊ Vanilla နဲ့ Patchouli တို့က ငြိမ့်ငြိမ့်လေး ကျန်ရစ်ခဲ့ပြီး ဆွဲဆောင်မှုရှိတဲ့ luxury အငွေ့အသက်ကို ပေးပါတယ်။

✅ Longevity (အနံ့စွဲအား) အနေနဲ့ အဝတ်အစားပေါ်မှာ ၆ နာရီကျော်လောက်အထိ ကြာရှည်စွဲကျန်ပါတယ်။ ဘေးလူ သတိထားမိလောက်အောင် ပျံ့လွင့်အား ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အနံ့ပြင်းအား ရှိပါတယ်။

✅ မိုးရာသီရဲ့ အေးစိုစို ရာသီဥတု ဒါမှမဟုတ် အေးတဲ့ ညနေခင်းတွေနဲ့ AC အခန်းထဲမှာ သုံးဖို့ recommend လုပ်ပါတယ်။ အပူရှိန်ပြင်းတဲ့ နေ့လည်ဘက်တွေထက် အေးအေးဆေးဆေး ရှိတဲ့ အချိန်တွေမှာ သုံးရင် ပိုကောင်းပါတယ်။

✅ High-end Designer သို့မဟုတ် Niche ရေမွှေးတွေကို နေ့တိုင်းသုံးဖို့ ဝန်လေးနေသူတွေအတွက် Chopard Wish က အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ ဈေးသက်သာပေမဲ့ luxury brand တွေရဲ့ ရနံ့အတိုင်း တန်ဖိုးကြီးတဲ့ vibe ကို ပေးတာကြောင့် Value for Money အလွန်ဖြစ်တဲ့ ရေမွှေးပါ။

// အသက် ၂၀ ကျော်ကစပြီး ယုံကြည်မှုရှိရှိနဲ့ ဆွဲဆောင်မှုလိုချင်တဲ့ အမျိုးသမီးထွေ

// Vanilla၊ Caramel နဲ့ ပန်းရနံ့ ချိုစိမ့်စိမ့် Gourmand အမျိုးအစား ကြိုက်နသူတွေ

// ပွဲတက်၊ ညစာစားပွဲ၊ ရုံးထိုင်နဲ့ အေးတဲ့ နေရာတွေမှာ သုံးချင်သူတွေ ကို recommend လုပ်ပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/chopard-wish-decant

ကြာရှည်ခံပြီး ရနံ့ပျံ့အားကောင်းတယ်ဆိုတာကို သုံးပြီးတဲ့သူ ရာပေါင်းများစွာက https://www.fragrantica.com/perfume/Chopard/Wish-353.html မှာပြောထားပါတယ်။

Decant ပဲ လောလောဆယ် ရပါတော့မယ်

// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။

💡 Decant တွေကို ဘာလို့သုံးသင့်လဲ?

✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။

✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။

✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။

❗သိထားသင့်တဲ့ အချက်လေးတွေ

👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။

👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Chopard Wish Eau de Parfum for Women Decant 10ml / 37ml

MMK 29,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page