top of page

Calvin Klein Obsession Night EDT Perfume for Men 125ml - K 189,000 (In stock)

 

ညဘက် Date Night တွေမှာ ကိုယ့်ဘေးနားကလူကို ဆွဲဆောင်ဖို့ ဒါမှမဟုတ် aircon အခန်းထဲမှာ mysterious ဖြစ်တဲ့ vibe မျိုးနဲ့ နေချင်သူတွေအတွက် Obsession Night က ကွက်တိပါပဲ။

🌀 သူ့ရနံ့က original Obsession ထက် ပိုပြီး dark ဖြစ်သလို ပိုပြီးတော့လည်း sensual ကျပါတယ်။ Fresh/sporty ရေမွှေးမျိုးမဟုတ်ဘဲ warm, spicy and comforting ဖြစ်တဲ့ ရနံ့မျိုးပါ။

// Top Notes - Artemisia, Pear, Cardamom, Grapefruit, Pumpkin

// Heart Notes - Nutmeg, Musk, Sage

// Base Notes - Vanilla, Patchouli, Vetiver

ထူးခြားတာက Pumpkin (ဖရုံသီး) ရနံ့လေး ပါဝင်နေတာပါ။ သူက တခြားရေမွှေးတွေမှာ ရှာရခဲတဲ့ Creamy ဖြစ်တဲ့ နွေးထွေးမှုကို ပေးပါတယ်။ ပထမဆုံး ဆွတ်လိုက်ရင် သစ်တော်သီးနဲ့ Spicy ရနံ့လေးတွေနဲ့ စပြီး၊ နောက်ပိုင်းမှာ Musk နဲ့ Vanilla ရဲ့ ရင့်ကျက်တဲ့ အချိုရနံ့လေးနဲ့ အဆုံးသတ်သွားမှာပါ။

👤 ဘယ်လိုလူတွေနဲ့ လိုက်မလဲ?

// Intimacy ကို ဦးစားပေးသူများအတွက် ကိုယ့်အနားကပ်လာတဲ့သူပဲ ရမယ့် personal trail မျိုးကို ပေးပါတယ်။

// အသက် ၂၅ နှစ်အထက် ရင့်ကျက်ပြီး လျှို့ဝှက်တဲ့ character ရှိသူတွေနဲ့ ပိုလိုက်ပါတယ်။

// ညပိုင်းနဲ့ အေးတဲ့နေရာတွေ ရန်ကုန်ရဲ့ ဧပြီလ အပူရှိန်မှာ အပြင်မှာဆွတ်ဖို့ထက် ညဘက်အပြင်ထွက်တာ ဒါမှမဟုတ် Aircon ပတ်ဝန်းကျင်အတွက် အကောင်းဆုံးပါ။

✅ ရနံ့က Unique ဖြစ်ပြီး အေးအေးဆေးဆေးနဲ့ ဆွဲဆောင်မှုရှိတယ်။ အခုလို ကုန်ဈေးနှုန်းတက်နေတဲ့ အချိန်မှာ 125ml ကို ဒီဈေးနဲ့ရတာ တကယ်တန်တဲ့ designer gem တစ်ခုပါ။

 

ခြုံပြောရရင် Obsession Night က လူတိုင်းသုံးနေကျ ရနံ့တွေကြားထဲမှာ ထင်မထားတဲ့ ဆွဲဆောင်မှုမျိုးကို ပေးနိုင်တဲ့ underrated ရေမွှေးတစ်ခုပါ။ ဈေးနှုန်းလည်း သင့်တင့်တာမို့ ညဘက်တွေအတွက် signature scent အဖြစ် ထားသင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/ck-obsession-night

Sealed original retail packaging

Made in USA

Imported from USA (FragranceX New York မှကိုယ်တိုင်တင်သွင်းလာတာဖြစ်ပါတယ်)

 

အခြား In stock ရနိုင်တဲ့ Calvin Klein perfume တွေကို https://www.yangonbrandedperfume.com/calvin-klein မှာကြည့်နိုင်ပါတယ်။

Calvin Klein Obsession Night EDT Perfume for Men 125ml

MMK 189,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page