top of page

Calvin Klein ရဲ့ CK One Essence Parfum Intense – CK One Eau de Toilette ထက် အများကြီးပိုကောင်းတယ်

Calvin Klein ရဲ့ CK One Essence Parfum Intense က ၁၉၉၄ ခုနှစ်က ထွက်တဲ့ အရင် CK One Eau de Toilette ရဲ့ ကြာရှည်မခံတာနဲ့ နဲ့ ရနံ့မပြည့်စုံတာကို အဆင့်မြှင့်ပြီး ခေတ်နဲ့အညီ ပြန်မွမ်းမံထားတဲ့ အများကြီး perfume concentration ပိုမြင့်တဲ့ ၂၀၂၄ မှာထွက်တဲ့ ရေမွှေးအမျိုးအစားအသစ်ဖြစ်ပါတယ်။

🌿 CK One Eau de Toilette က လန်းဆန်းတဲ့ Citrus ရနံ့ကြောင့် နာမည်ကြီးပေမယ့် တစ်နာရီအနည်းငယ်အတွင်းမှာပဲ အနံ့ပျောက်သွားတာ သုံးဖူးသူတွေ သိကြမှာပါ။

🌿 CK One Essence ရဲ့ အဓိက တိုးတက်မှုတစ်ခုကတော့ ပိုကြာရှည်ခံခြင်းပါပဲ။ ဒီလို ရေမွှေးအဆီပါနှုန်း အများကြီးပိုများတဲ့ parfum intense အမျိုးအစားက ၅ နာရီကနေ ၆ နာရီလောက်ထိ ခံတယ်လို့ သုံးစွဲသူတွေက ပြောကြတယ်။ အရင် Eau de Toilette ရေမွှေးထက် Longevity အများကြီး ပိုကောင်းလာတာပေါ့။

ဒါ့အပြင် CK One Essence က အရင် ရေမွှေးရဲ့ သန့်ရှင်းပြီး လန်းဆန်းတဲ့ DNA ကို ဆက်ထိန်းထားပေမယ့် ပိုနက်ရှိုင်းပြီး modern ဖြစ်တဲ့ ရနံ့တွေကိုလဲ ထပ်ထည့်ထားပါတယ်။

🌿 ရေမွှေးကို ဖြန်းလိုက်တာနဲ့ တောက်ပတဲ့ bergamot နဲ့ လိမ္မော်သီးရနံ့တွေက လန်းဆန်းမှုကို ပေးတယ်။ ပြီးတော့ လက်ဖက်စိမ်းနဲ့ mint ရနံ့တွေက စိတ်ကို တည်ငြိမ်စေပြီး လန်းဆန်းတဲ့ အလွှာကို ထပ်ဖြည့်ပေးတယ်။ Base ရနံ့မှာတော့ သဘာဝ စန္ဒကူးသားနဲ့ ကတိုးရနံ့တွေက နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ base note ကို ပေးတယ်။ ဒါကြောင့် CK One EDT ထက် ကြာရှည်ခံတာပါ။

🌿 CK One Essence ရဲ့ ထူးခြားချက်တွေကတော့ …

CK One Essence ရဲ့ အဓိက အားသာချက်ကတော့ မြန်မာပြည်ရာသီဥတုမှာ လန်းဆန်းပြီး ကြာရှည်ခံတာပါ။ CK One အဟောင်းထက် အများကြီး ပိုကောင်းလာတာပေါ့။ ဒီရေမွှေးက ဘာကြောင့် ထူးခြားလဲဆိုတော့ …

၁။ အေးမြတဲ့ လန်းဆန်းမှုနဲ့ ထူးခြားတဲ့ ရနံ့ -

Bergamot၊ လိမ္မော်သီးနဲ့ လက်ဖက်စိမ်း ရောထားတာက ပူပြင်းတဲ့ ရာသီဥတုအတွက် အေးမြပြီး လန်းဆန်းတဲ့ ခံစားချက်ကို ပေးတယ်။ Mint leave ထည့်ထားတော့ ဒီလန်းဆန်းမှုကို ပိုကောင်းစေတယ်။ ပူပြင်းတဲ့ နေ့တစ်နေ့လုံး လန်းဆန်းနေဖို့ အကောင်းဆုံးပါပဲ။

၂။ အပူချိန်မှာ ပိုကြာရှည်ခံ -

CK One အဟောင်းက ပူတဲ့ ရာသီဥတုမှာ မြန်မြန်ပျောက်သွားပေမယ့် CK One Essence က parfum intense အမျိုးအစားဆိုတော့ ချွေးထွက်တာနဲ့ အပူချိန်ကို ပိုခံနိုင်တယ်။ ကတိုးနဲ့ စန္ဒကူးသားက ရနံ့ကို ထိန်းထားပေးတော့ ၅ နာရီကနေ ၆ နာရီလောက်ထိ ခံတယ်။ ဒါက အများကြီး ပိုကောင်းလာတာပေါ့။

၃။ ပေါ့ပါးပြီး ခေတ်ဆန်တဲ့ရနံ့ -

တချို့ ပြင်းတဲ့ ရေမွှေးတွေက ပူတဲ့ အချိန်မှာ ခံရခက်နိုင်ပေမယ့် ဒီရေမွှေးက လန်းဆန်းတဲ့ Citrus ရနံ့တွေနဲ့ နူးညံ့တဲ့ သစ်သားရနံ့တွေကို မျှတအောင် ရောစပ်ထားတယ်။ ဒါကြောင့် ခပ်မိုက်မိုက်နဲ့ ပေါ့ပါးပြီးကောင်းတဲ့ ခံစားချက်ကို ပေးပြီး အရမ်းမပြင်းဘူး။

၄။ နေ့ရောညပါ သုံးလို့ရ -

လန်းဆန်းတဲ့ top note ရနံ့က နေ့ခင်း (အလုပ်၊ အပြင်သွား၊ အိမ်ပြင်ထွက်) အတွက် အကောင်းဆုံးပဲ။ Cedarwood နဲ့ မော့စ်က နွေးထွေးမှုကို ထပ်ဖြည့်ပေးတော့ ညနေခင်း အစီအစဉ်တွေအတွက်လည်း အဆင်ပြေတယ်။

🌿 CK One Essence က ပေါ့ပါးပေမယ့် ထင်ရှားတယ်။ လန်းဆန်းပြီး စိတ်ကို ကြည်လင်စေတဲ့ ရနံ့က ပူတဲ့ အချိန်မှာ စေးကပ်တာ ဒါမှမဟုတ် အရမ်းချိုတာမျိုး မဖြစ်ဘဲ ကြာရှည်ခံတယ်။ အဲယားကွန်းနဲ့ နေရာတွေမှာ နေတဲ့သူတွေ ဒါမှမဟုတ် မကြာခဏ ပြန်ဖြန်းစရာမလိုဘဲ သန့်ရှင်းပြီး ခေတ်မီတဲ့ ရေမွှေးကို လိုချင်တဲ့သူတွေအတွက် အကောင်းဆုံးရွေးစရာတစ်ခုပါပဲ။

CK One Essence Parfum Intense Unisex Perfume (In stock)

# 100ml - K 192,000

# 200ml Mega Size - K 279,000

Made in Spain

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/ck-one-essence-200ml

CK One Essence Parfum Intense Unisex Perfume 200ml Mega Size

K279,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page