CK One Gold EDT Unisex Perfume 200ml Mega Size - K 215,000 (In stock)
CK One ရဲ့ ပုံမှန် classic ဘူးဒီဇိုင်းပေါ်မှာ ရွှေရည်တွေ စီးကျနေတဲ့ metallic gold bottle နဲ့လာပြီး unisex ရနံ့ဖြစ်လို့ အမျိုးသားရော အမျိုးသမီးပါ သုံးနိုင်ပါတယ်။
ဖြန်းလိုက်တာနဲ့ ပထမဆုံး ရရှိမှာက Fig သီးရဲ့ သဘာဝအတိုင်း ချိုအီအီ ရနံ့နဲ့အတူ Bergamot ရဲ့ လန်းဆန်းတဲ့ အချဉ်ဓာတ် ခံစားချက်ဖြစ်ပါတယ်။ Fig ရဲ့ ရနံ့က ဒီရေမွှေးရဲ့ ပင်တိုင်ဇာတ်လိုက် ဖြစ်ပြီး သစ်သီးချိုရနံ့ မွှေးမွှေးလေးနဲ့ စတင်ဖွင့်လှစ်ပေးပါတယ်။
ခဏကြာလို့ Heart Note ကို ရောက်တဲ့အခါ Neroli နဲ့ Jasmine တို့ရဲ့ သန့်ရှင်းဆန်းသစ်တဲ့ အဖြူရောင် ပန်းရနံ့လေးတွေက Fig နဲ့ ပေါင်းစပ်သွားပြီး ပေါ့ပေါ့ပါးပါးနဲ့ လန်းဆန်းတဲ့ အနံ့ရလာပါတယ်။
အောက်ခံ Base Note မှာတော့ Guaiac Wood နဲ့ Patchouli တို့ရဲ့ နွေးထွေးတဲ့ သစ်သားရနံ့သင်းသင်းလေးက ထိန်းပေးထားတဲ့အတွက် ရနံ့ ပေါ့ပျက်ပျက်မဖြစ်ဘဲ ခန့်ခန့်လေး ငြိမ်သွားပါတယ်။
CK One Gold ရဲ့ Fruity-Woody-Fresh ရနံ့ကတော့ ပူလွန်းတဲ့ အချိန်တွေမှာတောင် စိတ်ကို လန်းဆန်းတက်ကြွသွားစေပြီး ဘေးလူကို စူးရှမွှန်းကြပ်တာမျိုး မဖြစ်စေပါဘူး။ အလုပ်သွား၊ ကျောင်းသွား၊ Casual outing တွေမှာ ပေါ့ပေါ့ပါးပါးနဲ့ အစဉ်အမြဲ သန့်ရှင်းသပ်ရပ်တဲ့ Vibe ကို ပေးပါတယ်။
ဟိုးအရင်က ထွက်တဲ့ old version အကြည်ရောင် CK One နဲ့ အမဲရောင် CK Be ထက်စာရင် CK One Gold ရဲ့ scent profile ရနံ့ဖွဲ့စည်းပုံက အများကြီးပိုခေတ်မှီပြီး packaging quality ထုတ်ပိုးမှုပုံစံကလဲ sealed retail packaging with cellophane wrapping မို့ ပုလင်းအပွင့်နဲ့ပဲလာတဲ့ CK One/ CK Be လက်ဟောင်းတွေထက် အများကြီး ပိုပြီလုံခြုံသပ်ရပ်လှပပါတယ်။
200ml Mega Size ဖြစ်လို့ အကြာကြီးသုံးနိုင်တဲ့အပြင် ပိုပြီးတော့ value for money လည်းဖြစ်ပါတယ်။
Fresh & Fruity ရနံ့ကိုမှ သစ်သားရနံ့ ပျော့ပျော့လေး ပါတာမျိုး ကြိုက်သူများ၊ တက်ကြွလန်းဆန်းတဲ့ Unisex ရနံ့ရှာနေသူများအတွက် အဆင်ပြေပြေ သုံးနိုင်တဲ့ everyday fragrance တစ်ခု ဖြစ်ပါတယ်။
Made in Spain
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/ck-one-gold
အခြား In stock ရနိုင်တဲ့ Calvin Klein perfume တွေကို https://www.yangonbrandedperfume.com/calvin-klein မှာကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 215,000Price
bottom of page
