top of page

Performance ပိုင်းမှာ ဆရာတစ်ဆူဖြစ်ပြီး value ဦးစားပေးတဲ့ customer တွေကြားမှာ လူကြိုက်အရမ်းများတဲ့ Armaf Club de Nuit Intense Man

👉 ပုလင်းကြီး (105ml) အထိ တစ်ခါတည်း အများကြီးမဝယ်ချင်သေးဘူး၊ အနံ့လေး အရင်စမ်းသုံးကြည့်ချင်တယ်ဆိုတဲ့ bro တွေအတွက် 37ml Decant (Glass Sprayer) လေးရှိပါတယ်။

✅ ဈေးနှုန်း - 65,000 ကျပ် တည်းနဲ့ Creed Aventus, Mont Blanc Explorer တို့နဲ့ လိုင်းဆင်တဲ့ woody fresh အနံ့မျိုးကို ရမှာဖြစ်လို့ တကယ်ကို တန်ပါတယ်။ Budget လည်း save ဖြစ်သလို အပြင်သွားရင် အိတ်ထဲထည့်သွားဖို့လည်း အရမ်းအဆင်ပြေတယ်လေ။

🚀 Performance ဘယ်လောက်ကောင်းလဲ?

ဒီကောင်လေးက UAE ရေမွှေးတွေထဲမှာ "Beast Mode" လို့တောင် တင်စားကြတဲ့အထိ Performance ကောင်းပါတယ်။

ဒီဈေးတန်းမှာ တခြား Fresh ဖြစ်တဲ့ ရေမွှေးတွေနဲ့ယှဉ်ရင် အရမ်းကို Long-lasting ဖြစ်ပြီး ရနံ့ပြန့်အား (Projection) ကလည်း တော်တော်လေးကို ကောင်းပါတယ်။ နည်းနည်းလေး ဖြန်းလိုက်တာနဲ့ကို တစ်နေကုန်နီးပါး အေးဆေးခံလို့ အရမ်းအသုံးခံပါတယ်။

စဖြန်းလိုက်တဲ့ အစပိုင်းမှာတော့ နည်းနည်းလေး အနံ့စူးသယောင် ရှိပေမယ့် ခဏနေလို့ Dry-down ရောက်သွားရင်တော့ အနံ့လေးက တကယ်ကို မိုက်သွားတာဗျာ။

ရေမွှေးအခုမှ စသုံးမယ့်သူတွေ၊ Performance ကောင်းကောင်းနဲ့ ဈေးချိုချို ရေမွှေး ရှာနေတဲ့သူတွေအတွက်ဆိုရင် ဒီ 37ml Decant လေးက လက်လွတ်မခံသင့်တဲ့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ 💯

Official website -

https://www.yangonbrandedperfume.com/product-page/club-de-nuit-37ml

10ml / 37ml decant တွေပဲ ရပါတော့မယ် ။

// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။

💡 Decant တွေကို ဘာလို့သုံးသင့်လဲ?

✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။

✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။

✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။

❗သိထားသင့်တဲ့ အချက်လေးတွေ

👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။

👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Armaf Club de Nuit Intense Men EDT Perfume 37ml Decant

K65,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page