top of page

Coach Dreams Eau de Parfum for Women 40ml - K 159,000 (In stock)

 

သူ့အနံ့က စစဖြန်းလိုက်တာနဲ့ Pear နဲ့ Bitter Orange ပါတာမို့ အရမ်းမပြင်းဘဲ လန်းဆန်းပြီး Fresh ဖြစ်တဲ့ ခံစားမှုကို ချက်ချင်း ပေးပါတယ်။

နောက်ပြီး Middle notes တွေဖြစ်တဲ့ Gardenia နဲ့ Cactus Flower နံ့လေးတွေက ပေါ့ပေါ့ပါးပါးနဲ့ Feminine ဆန်ဆန်လေး ဖြစ်စေတာမို့ နေ့စဉ်ရုံးသွားရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားရင်ပဲဖြစ်ဖြစ် သုံးဖို့ ကောင်းပါတယ်။

Base notes မှာပါတဲ့ Joshua Tree နဲ့ Woody အနံ့သင်းသင်းလေးကလည်း တစ်နေကုန် စိတ်ကြည်လင်စေပါတယ်။

✅ 40ml size ဆိုတော့ ပေါ့ပေါ့ပါးပါးအိတ်ထဲမှာဆောင်သွားလို့ရပြီး လိုတဲ့အချိန် နေရာမရွေးဖြန်းလို့ရပါတယ်။ လက်ဆောင်ပေးဖို့ဆိုရင်လည်း စျေးကတော်တော်လေးသက်သာတာမို့ brand ကောင်းကောင်းရေမွှေးတခုကို budget အများကြီးမသုံးဘဲ ပေးလို့ရပါတယ်။

✅ အနံ့က လူတိုင်းနဲ့ လိုက်ဖက်မပြီး သန့်ရှင်းသပ်ရပ်တဲ့ ခံစားမှုကို အပြည့်အဝ ပေးပါတယ်။ Mass pleasing ဖြစ်တဲ့ အနံ့မျိုးမို့ Blind buy ဝယ်မယ်ဆိုရင်တောင် စိတ်ချရပြီး လူပြည့်ကျပ်နေတဲ့ နေရာတွေမှာတောင် ဘေးလူကို မမူးစေပါဘူး //

Marc Jacobs Daisy So Fresh ရဲ့ fresh and clean ရနံ့ကိုကြိုက်ရင် scent DNA တူပြီး Daisy Eau So Fraiche ထက် နဲနဲပိုပြင်းတဲ့ Coach Dreams ကိုလဲ သေချာပေါက် ကြိုက်မှာပါ // Coach Dreams က Longevity ပိုကောင်းပြီး အချိန်ကြာလာတာနဲ့အမျှ ပိုပြီး သင်းသင်းလေး ကျန်ခဲ့မှာပါ //

🇫🇷 Made in France

🎁 Sealed retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/coach-dreams-40ml

Video Review -

https://youtu.be/a0FfTiJ40qY

Coach Dreams Eau de Parfum for Women 40ml

MMK 159,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page