Coach Floral Eau de Parfum for Women 90ml Tester Packaging - K 229,000 (In stock)
Coach ရဲ့ ရေမွှေးတွေထဲမှာမှ မိန်းကလေးတော်တော်များများ အကြိုက်တွေ့ကြတဲ့ Coach Floral Eau The Parfum ရဲ့ အဓိကအနံ့ကို ပြောပါဆိုရင် "ပန်းရနံ့နဲ့ သစ်သီးရနံ့ ပေါင်းစပ်ထားတဲ့ (Floral Woody Musk)" အမျိုးအစားပါ။
🌿 ပုလင်းဖွင့်ပြီး ဆွတ်လိုက်တာနဲ့ Pineapple (နာနတ်သီး) အနံ့ ချိုချိုအေးအေးလေးကို အရင်ဆုံး ခံစားရမှာပါ။ Pink Pepper လေးလည်း နည်းနည်းပါတော့ နည်းနည်းလေး လန်းဆန်း (Spicy & Fresh) ဖြစ်သွားစေတယ်။
🌿 ခဏကြာရင်နာနတ်သီးနံ့လေး လျော့သွားတဲ့အခါ Gardenia နဲ့ Tea Rose နံ့လေးတွေ တက်လာပါတယ်။ ဒီအဆင့်ကတော့ တကယ့်ကို ပန်းခင်းထဲ ရောက်သွားသလို မိန်းကလေးဆန်ဆန် သင်းသင်းလေး မွှေးနေတဲ့ အပိုင်းပါ။
🌿 နောက်ဆုံးကျန်ခဲ့တဲ့အနံ့က တဖြည်းဖြည်း ငြိမ်သွားတဲ့အခါမှာတော့ Musk နဲ့ သစ်သားနံ့ (Woody Notes) လေးတွေ ကျန်ခဲ့ပါတယ်။ အရမ်းအီမနေဘဲ လူကြီးလူကောင်းဆန်ဆန် အေးအေးလေးနဲ့ အဆုံးသတ်သွားတာပါ။
✅ ဒီရေမွှေးက "နူးညံ့တယ်၊ အေးချမ်းတယ်၊ ပြီးတော့ Classy ဖြစ်တယ်"။ အရမ်းစူးတာမျိုး၊ ပြင်းတာမျိုး လုံးဝမရှိပါဘူး။ Bright & Sunny ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံမျိုး ပေးပါတယ်။ ပြောရရင် "အေးအေးဆေးဆေးနဲ့ သန့်သန့်လေး နေတတ်တဲ့ မိန်းကလေး" vibe ပါပဲ။
✅ မြန်မာပြည်လို ပူအိုက်တဲ့ ရာသီဥတုမျိုးနဲ့ အရမ်းကို ကိုက်ညီပါတယ်။ အေးတဲ့အချိန်မှာ ဆွတ်ရင်လည်း ပိုပြီး သင်းသင်းလေး မွှေးနေမှာပါ။
✅ ရုံးသွား၊ ကျောင်းသွား (Daily wear) ဆွတ်ဖို့ အကောင်းဆုံးပဲ။ နောက်ပြီး Afternoon Date တွေ၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတာမျိုးတွေအတွက်လည်း အရမ်းသင့်တော်ပါတယ်။ ညပွဲတက် (Night Out) အတွက်တော့ နည်းနည်းလေး ပေါ့ချင်ပေါ့နေလိမ့်မယ်။
ပုလင်းဒီဇိုင်းကိုကြည့်ရင်လဲ Coach ရဲ့ Signature ဖြစ်တဲ့ Tea Rose ပန်းပွင့်လေးက ပုလင်းလည်ပင်းမှာ ပါတာက တော်တော်လေး ချစ်စရာကောင်းပြီး လက်ဆောင်ပေးမယ်ဆိုရင်လည်း တန်ဖိုးရှိတဲ့ ပုံစံမျိုးပါ။
❤️ အနံ့က Safe ဖြစ်တယ်။ ဘယ်သူမဆို ကြိုက်နိုင်တဲ့အနံ့မျိုး (Crowd Pleaser)။
❤️ Blind Buy (မနမ်းကြည့်ဘဲ ဝယ်တာ) လုပ်မယ်ဆိုရင်တောင် နောင်တရဖို့ ခဲယဉ်းပါတယ်။
❤️ Fresh & Feminine ဖြစ်လို့ နေ့စဉ်သုံးဖို့ အရမ်းအဆင်ပြေတယ်။
ကိုယ်က ပန်းရနံ့သင်းသင်းလေးနဲ့ နူးနူးညံ့ညံ့ပုံစံမျိုးကို ကြိုက်တယ်၊ ရုံးမှာပဲဖြစ်ဖြစ် အပြင်သွားရင်ပဲဖြစ်ဖြစ် လူတိုင်းကို အေးချမ်းတဲ့ feel ပေးချင်တယ်ဆိုရင် Coach Floral EDP က အဆင်ပြေပါတယ်။ အထူးသဖြင့် နွေရာသီမှာ ဆွတ်ဖို့ ရေမွှေးရှာနေတယ်ဆိုရင် ဒါလေးကို လုံးဝ လက်မလွှတ်သင့်ပါဘူး။
🇫🇷 Made in France
🎁 Packaging အကြောင်း - Tester packaging နဲ့လာတာဆိုပေမဲ့ ကွာသွားတာက အပြင် စက္ကူဘူးခွံတစ်ခုပဲရှိပါတယ်၊ Retail packaging မှာလို ရောင်စုံဘူးခွံလှလှလေးမဟုတ်ဘဲ ရိုးရိုးကတ်ထူဘူးလေးနဲ့ လာတာပါ။ ပုလင်းက retail packaging ထဲက ပုလင်းနဲ့ တစ်ပုံစံတည်း ဖြစ်ပြီး လည်ပင်းမှာပါတဲ့ ချစ်စရာ သားရေကြိုးချိတ်လေးလည်း retail packaging အတိုင်းပါပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/coach-floral
Review -
https://youtu.be/syRi1n8HmSA
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K229,000.00Price
bottom of page
