top of page

Coach Floral Blush Eau de Parfum for Women 90ml Tester Packaging – K 219,000 (In Stock)

လန်းဆန်းပြီး ချိုမြတဲ့ရနံ့၊ ချစ်စရာကောင်းပြီး playful ဖြစ်တဲ့ ခံစားချက်ကိုပေးတယ်။ ဆွတ်လိုက်တာနဲ့ စိတ်ကိုချက်ချင်းလန်းဆန်းတက်ကြွစေတဲ့ ရေမွှေးအမျိုးအစားပါ။

🌿 စစဆွတ်လိုက်ရင် goji berry နဲ့ ဂရိတ်ဖရုသီးရဲ့ လန်းဆန်းတဲ့ရနံ့ကိုရပြီး ပူအိုက်တဲ့ရာသီဥတုနဲ့ နေသာတဲ့နေ့လည်ခင်းတွေအတွက် သုံးဖို့အရမ်းကောင်းတဲ့ ရနံ့မျိုးပါ။

🌿 အနံ့လေးငြိမ်သွားတဲ့အခါ peony ရဲ့ နူးညံ့တဲ့ရနံ့က white wood နဲ့ ကတိုး (musk) တို့ရဲ့ သစ်သားရနံ့သင်းသင်းလေးနဲ့ ညင်ညင်သာသာ ပေါင်းစပ်သွားပါတယ်။ မက်မွန်သီးလို ချိုသင်းသင်းအနံ့လေးက အရေပြားပေါ်မှာ စွဲကျန်နေပြီး လူတွေက ကိုယ့်အနားကို ပိုတိုးကပ်လာချင်အောင် ဆွဲဆောင်နိုင်တဲ့ ရနံ့မျိုးပါ။

🌿 ဒါက ပန်းရနံ့၊ သစ်သားရနံ့နဲ့ ကတိုးရနံ့တို့ကို ပေါင်းစပ်ထားတဲ့ floral woody musk style ရေမွှေးပါ။ ခေတ်မီပြီး မိန်းကလေးဆန်တဲ့ ဆွဲဆောင်မှုရှိတဲ့ရနံ့မျိုးဖြစ်ပေမဲ့ အနံ့စူးစူးပြင်းပြင်းကြီး မဟုတ်ပါဘူး။ လန်းဆန်းပြီး ကျက်သရေရှိတဲ့၊ အချိုပါးပါးလေးနဲ့ ရနံ့မျိုးကိုကြိုက်တဲ့ အသက်အရွယ်မရွေးလူတိုင်းအတွက် ရွေးချယ်သင့်တဲ့ ရေမွှေးကောင်းလေးတစ်ခုပါ။

💡 နေ့စဉ်သုံးဖို့၊ သူငယ်ချင်းတွေနဲ့ brunch date သွားတဲ့အခါမျိုး၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သပ်ရပ်လှပနေတယ်လို့ ခံစားချင်တဲ့အချိန်တိုင်းအတွက် သုံးဖို့အရမ်းကောင်းပါတယ်။

🇫🇷 Made in France

🧴 Tester packaging – ပုလင်းက အတူတူပဲ၊ ဘူးခွံပဲကွာတာပါ!

🎁 Packaging အကြောင်း

Tester ဘူးနဲ့လာတာဆိုပေမဲ့ စိတ်မပူပါနဲ့နော်။

ကွာသွားတာက အပြင်ဘူးခွံတစ်ခုပဲရှိပါတယ်၊ retail packaging မှာလို ရောင်စုံဘူးခွံလှလှလေးမဟုတ်ဘဲ ရိုးရိုးကတ်ထူဘူးလေးနဲ့ လာတာပါ။

ပုလင်းက retail packaging ထဲက ပုလင်းနဲ့ တစ်ပုံစံတည်း ဖြစ်ပြီး လည်ပင်းမှာပါတဲ့ ချစ်စရာ သားရေကြိုးချိတ်လေးလည်း retail packaging အတိုင်းပါပါတယ်။

ကိုယ်တိုင်သုံးဖို့ဝယ်မယ်၊ ပိုက်ဆံလည်း save လုပ်ချင်တယ်ဆိုရင်တော့ ဒါလေးက အကောင်းဆုံးရွေးချယ်မှုပါပဲ။

ရေမွှေးရော ပုလင်း presentation ရောက အတူတူဖြစ်ပြီး ဈေးကိုတော့ K 60,000 နီးပါး သက်သာသွားမှာဖြစ်ပါတယ်။

Official website – https://www.yangonbrandedperfume.com/product-page/coach-floral-blush

Coach Floral Blush Eau de Parfum for Women 90ml Tester Packaging

K219,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page