top of page

Coach for Men EDT Perfume 40ml - K 149,000 (In stock)

 

Coach for Men က citrus အသီးတွေရဲ့ လန်းဆန်းတဲ့အနံ့နဲ့ စတယ်။ Bergamot နဲ့ ဂရိတ်ဖရုသီးအနံ့က ပေါ်လွင်တယ်။ သစ်တော်သီးရဲ့ ချိုအီအီလေးက စကားပြောရတာ အဆင်ပြေပြေနဲ့ စီးမျောနေသလိုမျိုး ခံစားရစေတယ်။

လှုပ်ရှားတက်ကြွပြီး စွန့်စားဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့ လူတစ်ယောက်လို စကားပြောလို့ကောင်းတဲ့လူတစ်ယောက်လို ပေါ့ပါးတဲ့ ခံစားချက်မျိုးပေးတယ်။

Opening stage ပြီးသွားတဲ့အခါ လန်းဆန်းတဲ့အနံ့တွေကနေပြီး ပိုပြီး spicy ဖြစ်တဲ့အနံ့ကို ပြောင်းသွားတယ်။ Cardamom နဲ့ coriander ရဲ့ အနံ့တွေက ပေါ်လွင်တယ်။ Cardamom အနံ့က နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိတယ်။

လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ပေမဲ့ အရမ်းပြင်းလွန်းတာတော့မဟုတ်ဘူး။ Geranium အနံ့ရဲ့ herbal note လေးပါနည်းနည်းပါတယ်။ အမြဲတက်ကြွလှုပ်ရှားပြီး စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ယောကျ်ားတစ်ယောက်လိုမျိုး လန်းဆန်းတက်ကြွတဲ့ ခံစားချက်ကိုပေးတယ်။

Drydown မှာ vetiver (မြက်အနံ့တစ်မျိုး)၊ suede (သားရေနု) နဲ့ amberwood တို့ရဲ့ ပိုပြီး earthy ဖြစ်တဲ့ အနံ့နဲ့ အဆုံးသတ်တယ်။ Suede က နူးညံ့ပြီး နွေးထွေးတဲ့ ခံစားချက်ကိုပေးတယ်။ Vetiver က ခြောက်သွေ့ပြီး မြေကြီးရဲ့အနံ့ကိုပေးတာကြောင့် ပိုပြီးယောကျ်ားပီသစေတယ်။

Amberwood က ရေမွှေးကို တည်ငြိမ်စေပြီး ဆွဲဆောင်မှုထက် ခိုင်မာတဲ့ ခံစားချက်ကို ပိုပေးတယ်။ နေ့စဉ်သုံးဖို့ သင့်တော်တဲ့ သိမ်မွေ့ပြီး ယောကျ်ားပီသတဲ့ ရေမွှေးမျိုးပဲ။

ရေမွှေးပညာရှင် Anne Flipo နဲ့ Bruno Jovanovic တို့ရဲ့လက်ရာဖြစ်ပြီး လူအများစုကြိုက်ကြတဲ့ တွေကိုပဲပေါင်းထားတာဖြစ်လို့ super mass appealing ရနံ့ ပြင်သစ်ရေမွှေး ဖြစ်ပါတယ်။

✅ Y EDP လိုမျိုး crowd pleaser တွေကိုကြိုက်ရင် ဒီရေမွှေးကိုလည်း ကြိုက်မှာသေချာသလောက်ပါပဲ။ အနံ့အေးတဲ့အတွက် ဘေးလူတွေ နှာခေါင်းထဲကိုပါအရမ်းအဝင်ချောပြီး နွေရာသီအပါအဝင် အချိန်နေရာမရွေး သုံးလို့အဆင်ပြေပါတယ်။

✅ ရုံးမှာသုံးရင်လည်း တခြားသူတွေအတွက် လုံးဝစိတ်အနှောင့်ယှက်ဖြစ်မှာမဟုတ်တဲ့ သင်းပြီးပြေပြစ်တဲ့ fragrance note တွေပဲ ပါတာမို့ ချွေးထွက်များတဲ့သူတွေပါ သုံးနိုင်ပါတယ်။

✅ သူ့မှာပါတဲ့ အရေရွှမ်းတဲ့အသီးရနံ့တွေ သင်းသင်းလေးပဲမွှေးတဲ့ ပန်းရနံ့တွေနဲ့ suede leather တွေရဲ့ရနံ့တွေက မိန်းကလေးအများစုကြိုက်တဲ့ရနံ့တွေ ဖြစ်တဲ့အတွက် ဆွတ်ထားရင် မိန်းကလေးတွေကြိုက်မယ့် ရေမွှေးလိုချင်တယ်လို့ပြောတဲ့သူတွေဆိုရင် ဒါလေးကိုရွေးလိုက်ရင် အဆင်ပြေပါတယ်။

✅ 40ml size က အိတ်ထဲမှာဆောင်သွားလို့လွယ်ပြီး ခရီးသွား ရုံးသွား လွယ်လွယ်ကူကူသယ်သွားနိုင်ပါတယ်။

✅ Brand ကောင်းတဲ့ ရေမွှေး တခုကို ဈေးသိပ်မများပဲ လက်ဆောင်ပေးဖို့ဝယ်မယ်ဆိုရင်လဲ ဒါလေးက အဆင်ပြေပါတယ်။

Made in France

Sealed retail package

Official website -

https://www.yangonbrandedperfume.com/product-page/coach-for-men-40ml

Coach for Men EDT Perfume 40ml

MMK 149,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page