top of page

Coach for Men Eau de Parfum 100ml တက်စတာပက်ကေ့ချ် - K 239,000 (In stock)

2025 မှာ အသစ်ထွက်ရှိထားတဲ့ higher concentration version ဖြစ်ပြီး အရင်ထွက်နေကျ Coach for Men EDT ထက် ပိုပြီး ရင့်ကျက်တည်ငြိမ်တဲ့ဘက်ကို သွားပါတယ်။

✅ အခုလို ဧပြီလရဲ့ ပူပြင်းတဲ့ ရာသီဥတုမျိုးမှာ နေ့ခင်းဘက်ထက်စာရင် ညဘက်ပွဲတက်တာမျိုး ဒါမှမဟုတ် အဲယားကွန်းခန်းထဲမှာ အလုပ်လုပ်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေစေပါတယ်။

EDP Version က EDT နဲ့မတူဘဲ နည်းနည်းပို Deep ဖြစ်ပြီး Leather အနံ့ကို ပိုအသားပေးထားပါတယ်။

🌿 // စဖြန်းတာနဲ့ လန်းဆန်းတဲ့ Citrus အနံ့လေးနဲ့အတူ Cardamom ရဲ့ အမွှေးနံ့ခပ်အေးအေးလေးကို ခံစားရမှာပါ

🌿 // ခဏနေရင်တော့ သစ်သားနံ့နဲ့ ပန်းနံ့သင်းသင်းလေး ပေါင်းစပ်သွားပြီး ယောင်္ကျားပီသတဲ့ ခံစားချက်ကို ပေးပါတယ်

🌿 // Base အနံ့မှာတော့ Coach ရဲ့ နာမည်ကြီး Saffiano သားရေနံ့က အဓိကနေရာက ပါဝင်နေလို့ ပိုပြီး Luxury ဆန်သွားစေပါတယ်

EDP ဖြစ်တဲ့အတွက် performance ပိုင်းမှာ EDT ထက် ပိုကောင်းလာပါတယ်။ အဝတ်အစားပေါ်ဆိုရင် ပုံမှန်အားဖြင့် ၆ နာရီကနေ ၈ နာရီဝန်းကျင်အထိ ခံပါတယ်။

✅ Coach for Men EDP က "Safe choice" ဖြစ်သလို "Mass pleasing" လည်း ဖြစ်ပါတယ်။ အနံ့က အရမ်းကြီး ထူးခြားဆန်းပြားနေတာမျိုး မဟုတ်ပေမယ့် လူတိုင်းကြိုက်တဲ့ Classic Masculine အနံ့မျိုးဖြစ်လို့ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် Signature အနံ့အဖြစ် သုံးဖို့ပဲဖြစ်ဖြစ် အရမ်းအဆင်ပြေပါတယ်။

// Good for - အသက် ၂၅ နှစ်အထက်၊ ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံမျိုး ကြိုက်တဲ့သူတွေအတွက်

// Weather - အခုလို ပူတဲ့အချိန်မှာ ညဘက် Date night ဒါမှမဟုတ် Dinner သွားရင် သုံးဖို့ အကောင်းဆုံးပါ။ နေပူထဲ အကြာကြီးသွားမယ့်နေ့မျိုးဆိုရင်တော့ EDT classic version ရေမွှေးကို သုံးတာပိုကောင်းပါတယ်။

// Budget - Designer brand ထဲမှာ ဈေးနှုန်းသင့်တင့်ပြီး Quality ကောင်းတဲ့အတွက် လက်ရှိအခြေအနေနဲ့ဆိုရင် တန်ဖိုးရှိတဲ့ Investment တစ်ခုလို့ ပြောလို့ရပါတယ်။

Made in France / Tester Packaging

📦 Packaging အကြောင်း

Tester ဘူးနဲ့လာတာဆိုပေမဲ့ စိတ်မပူပါနဲ့နော်။

ကွာသွားတာက အပြင်ဘူးခွံတစ်ခုပဲရှိပါတယ်၊ retail packaging မှာလို ရောင်စုံဘူးခွံလှလှလေးမဟုတ်ဘဲ ရိုးရိုးကတ်ထူဘူးလေးနဲ့ လာတာပါ။

ပုံမှာ မြင်ရတဲ့အတိုင်း ပုလင်းက retail packaging ထဲက ပုလင်းနဲ့ တစ်ပုံစံတည်း ဖြစ်ပြီး လည်ပင်းမှာပါတဲ့ coach golden pendant နဲ့ သားရေကြိုးချိတ်လေးတွေလည်း retail packaging အတိုင်းပါပါတယ်။

ကိုယ်တိုင်သုံးဖို့ဝယ်မယ်၊ ပိုက်ဆံလည်း save လုပ်ချင်တယ်ဆိုရင်တော့ ဒါလေးက အကောင်းဆုံးရွေးချယ်မှုပါပဲ။ ရေမွှေးရော ပုလင်း presentation ရောက အတူတူဖြစ်ပြီး ဈေးကိုတော့ K 60,000 နီးပါး သက်သာသွားမှာဖြစ်ပါတယ်။

Official website 🌐 https://www.yangonbrandedperfume.com/product-page/coach-for-men-edp

Coach for Men Eau de Parfum 100ml Tester Packaging

K239,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page