Coach for Men EDT Perfume (In stock)
// 100ml retail packaging - K 279,000
// 100ml tester packaging - K 239,000
// 10ml Decant (glass sprayer) - K 29,000
// 10ml Decant (aluminium sprayer) - K 31,000
// 37ml Decant (glass sprayer) - K 85,000
Coach for Men က citrus အသီးတွေရဲ့ လန်းဆန်းတဲ့အနံ့နဲ့ စတယ်။ Bergamot နဲ့ ဂရိတ်ဖရုသီးအနံ့က ပေါ်လွင်တယ်။ သစ်တော်သီးရဲ့ ချိုအီအီလေးက စကားပြောရတာ အဆင်ပြေပြေနဲ့ စီးမျောနေသလိုမျိုး ခံစားရစေတယ်။
လှုပ်ရှားတက်ကြွပြီး စွန့်စားဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့ လူတစ်ယောက်လို စကားပြောလို့ကောင်းတဲ့လူတစ်ယောက်လို ပေါ့ပါးတဲ့ ခံစားချက်မျိုးပေးတယ်။
Opening stage ပြီးသွားတဲ့အခါ လန်းဆန်းတဲ့အနံ့တွေကနေပြီး ပိုပြီး spicy ဖြစ်တဲ့အနံ့ကို ပြောင်းသွားတယ်။ Cardamom နဲ့ coriander ရဲ့ အနံ့တွေက ပေါ်လွင်တယ်။ Cardamom အနံ့က နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိတယ်။ လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ပေမဲ့ အရမ်းပြင်းလွန်းတာတော့မဟုတ်ဘူး။ Geranium အနံ့ရဲ့ herbal note လေးပါနည်းနည်းပါတယ်။ အမြဲတက်ကြွလှုပ်ရှားပြီး စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ယောကျ်ားတစ်ယောက်လိုမျိုး လန်းဆန်းတက်ကြွတဲ့ ခံစားချက်ကိုပေးတယ်။
Drydown မှာ vetiver (မြက်အနံ့တစ်မျိုး)၊ suede (သားရေနု) နဲ့ amberwood တို့ရဲ့ ပိုပြီး earthy ဖြစ်တဲ့ အနံ့နဲ့ အဆုံးသတ်တယ်။ Suede က နူးညံ့ပြီး နွေးထွေးတဲ့ ခံစားချက်ကိုပေးတယ်။ Vetiver က ခြောက်သွေ့ပြီး မြေကြီးရဲ့အနံ့ကိုပေးတာကြောင့် ပိုပြီးယောကျ်ားပီသစေတယ်။ Amberwood က ရေမွှေးကို တည်ငြိမ်စေပြီး ဆွဲဆောင်မှုထက် ခိုင်မာတဲ့ ခံစားချက်ကို ပိုပေးတယ်။ နေ့စဉ်သုံးဖို့ သင့်တော်တဲ့ သိမ်မွေ့ပြီး ယောကျ်ားပီသတဲ့ ရေမွှေးမျိုးပဲ။
ရေမွှေးပညာရှင် Anne Flipo နဲ့ Bruno Jovanovic တို့ရဲ့လက်ရာဖြစ်ပြီး လူအများစုကြိုက်ကြတဲ့ တွေကိုပဲပေါင်းထားတာဖြစ်လို့ super mass appealing ရနံ့ ပြင်သစ်ရေမွှေး ဖြစ်ပါတယ်။
Y EDP လိုမျိုး crowd pleaser တွေကိုကြိုက်ရင် ဒီရေမွှေးကိုလည်း ကြိုက်မှာသေချာသလောက်ပါပဲ။ အနံ့အေးတဲ့အတွက် ဘေးလူတွေ နှာခေါင်းထဲကိုပါအရမ်းအဝင်ကောင်းတဲ့အတွက် နွေရာသီအပါအဝင် အချိန်နေရာမရွေး သုံးလို့အဆင်ပြေပါတယ်။
ရုံးမှာသုံးရင်လည်း တခြားသူတွေအတွက် လုံးဝစိတ်အနှောင့်ယှက်ဖြစ်မှာမဟုတ်တဲ့ သင်းပြီးပြေပြစ်တဲ့ fragrance note တွေပဲ ပါတာမို့ ချွေးထွက်များတဲ့သူတွေပါ သုံးနိုင်ပါတယ်။
သူ့မှာပါတဲ့ အရေရွှမ်းတဲ့အသီးရနံ့တွေ သင်းသင်းလေးပဲမွှေးတဲ့ ပန်းရနံ့တွေနဲ့ suede leather တွေရဲ့ရနံ့တွေက မိန်းကလေးအများစုကြိုက်တဲ့ရနံ့တွေ ဖြစ်တဲ့အတွက် ဆွတ်ထားရင် မိန်းကလေးတွေကြိုက်မယ့် ရေမွှေးလိုချင်တယ်လို့ပြောတဲ့သူတွေဆိုရင် ဒါလေးကိုရွေးလိုက်ရင် အဆင်ပြေပါတယ်။
Made in France
Retail packaging နဲ့ tester packaging နှစ်မျိုးလုံးရှိပါတယ်။
Tester packaging မှာလဲအဖုံးပါတာမို့ ပုလင်းက retail packaging အတိုင်းဖြစ်ပါတယ်။ အပြင်စက္ကူဗူးကပဲ tester packaging ဗူးဖြစ်နေတာပါ။
လက်ဆောင်ပေးဖို့ဝယ်တာဆိုရင်တော့ ဗူးခွံအမြင်လှတဲ့ retail packaging ကိုပဲဝယ်ဖို့ recommend လုပ်ပါတယ်။ ကိုယ်တိုင်သုံးမယ်ဆိုရင်တော့ သက်သာတဲ့ tester packaging ကပိုပြီး value for money ဖြစ်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/coach-for-men-edt-perfume-100ml-1
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K279,000.00Price
bottom of page
