Coach Gold (2025) - မိုးရာသီနဲ့ ကွက်တိကျမယ့် Designer ရနံ့ဆန်းလေး
✅ Coach Gold Eau de Parfum for Women 90ml Tester Packaging - K 249,000 (In stock)
၂၀၂၅ မှာ Coach က အသစ်ချပြထားတဲ့ // Coach Gold က အခုလို ဇူလိုင်လ မိုးရာသီ အေးအေးစိုစွတ်စွတ် အချိန်မှာ ဆွတ်ဖို့ budget friendly ရေမွှေးအသစ် ရှာနေတဲ့သူတွေအတွက် တကယ်ကို ကွက်တိပါပဲ။
🌿 ဒီကောင်လေးကို နာမည်ကြီး Perfumer တစ်ယောက်ဖြစ်တဲ့ Louise Turner က ဖန်တီးပေးထားတာဖြစ်ပြီး // Oriental Floral // ရနံ့အမျိုးအစားထဲမှာ ပါပါတယ်။
ဆွတ်လိုက်တဲ့အချိန်ကစပြီး အနံ့ပြောင်းလဲသွားပုံက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။
🌿 ဆွတ်ခါစမှာ သစ်သီးနံ့ ခပ်ချိုချိုလေးနဲ့အတူ Pink Pepper ရဲ့ စပ်စပ်စူးစူး Spicy ဆန်တဲ့ရနံ့လေးကို အရင်ဆုံး ခံစားရမှာပါ။ Spicy လို့ ပြောပေမယ့် နှာခေါင်းထဲ အရမ်းထိုးမဝင်ဘဲ အချိုရနံ့ကို ပိုပြီး ပေါ်လွင်အောင် ပံ့ပိုးပေးတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။
🌿 ခဏနေလို့ အလယ်အဆင့်ရောက်သွားရင်တော့ Almond Blossom ရဲ့ ချိုဆိမ့်ဆိမ့် Nutty အနံ့နဲ့ Vanilla အချိုလေးက အဓိက ဇာတ်ဆောင်တွေ ဖြစ်လာပါတယ်။ လုံးဝကို ခရမ်မီး (Creamy) ဖြစ်ပြီး နွေးနွေးထွေးထွေး ဖြစ်တဲ့ Vibe မျိုးကို ကောင်းကောင်းကြီး ပေးပါတယ်။
နောက်ဆုံး ရေရှည်စွဲကျန်ခဲ့မယ့် အနံ့ကတော့ အေးဆေးတည်ညိမ်တဲ့ Amber အနံ့လေးပဲ ဖြစ်ပါတယ်။
🌿 ကျနော့်အမြင် ပြောရရင်တော့ ဒီကောင်လေးက bakery က ထွက်လာတဲ့ creamy ဆန်ဆန် ချိုအိအိ အနံ့မျိုး ဖြစ်လို့ ဆွတ်ထားရင် ကိုယ့်ဘေးနားမှာ နွေးထွေးတဲ့ scent bubble လေးတစ်ခု အမြဲရှိနေသလို ခံစားရမှာပါ။
🌿 ခံနိုင်ရည် (Longevity) ပိုင်းမှာတော့ Moderate ကနေ Long lasting အထိ ရှိတာမို့လို့ ဒီလို မိုးရာသီ အေးအေးလေးမှာ တော်တော်ကြာကြာလေး ခံပါတယ်။ အနံ့ပျံ့လွင့်မှု (Sillage) ကလည်း အသင့်အတင့်ကနေ အားကောင်းတဲ့အဆင့်မှာ ရှိလို့ ဘေးကလူ သတိထားမိစေမယ့်အနံ့မျိုး ဖြစ်ပါတယ်။
🌿 အခုလို မိုးရွာနေတဲ့ ရာသီဥတုမျိုးမှာ ဒီလို နွေးထွေး ချိုအိတဲ့ Amber-Vanilla ရနံ့က စိတ်ကို တကယ်ပဲ လုံခြုံနွေးထွေးမှု ပေးပါတယ်။ နေပူပြင်းတဲ့ နွေရာသီမှာဆိုရင်တော့ နည်းနည်း အုံ့သလို ခေါင်းကိုက်သလို ဖြစ်နိုင်ပေမယ့် လက်ရှိ ရာသီဥတုနဲ့ကတော့ လုံးဝကို အဆင်ပြေစေမှာပါ။
🌿 Chanel တို့ Dior တို့လို brand အကြီးကြီးတွေရဲ့ စျေးနှုန်းနဲ့ယှဉ်ရင် Coach က စျေးနှုန်းက လူတိုင်းနဲ့ အဆင်ပြေတာပဲမို့ သုံးရတာ ပိုတန်ပြီး Performance လည်း ကောင်းလို့ အခုလိုအချိန်မှာ အဝယ်မမှားမယ့် Signature Scent အသစ်တစ်ခုအဖြစ် ညွှန်းပေးချင်ပါတယ်။
Made in France / Tester packaging
📦 Packaging အကြောင်း
Tester ဘူးနဲ့လာတာဆိုပေမဲ့ စိတ်မပူပါနဲ့နော်။
ကွာသွားတာက အပြင်ဘူးခွံတစ်ခုပဲရှိပါတယ်၊ retail packaging မှာလို ရောင်စုံဘူးခွံလှလှလေးမဟုတ်ဘဲ ရိုးရိုးကတ်ထူဘူးလေးနဲ့ လာတာပါ။
ပုံမှာ မြင်ရတဲ့အတိုင်း ပုလင်းက retail packaging ထဲက ပုလင်းနဲ့ တစ်ပုံစံတည်း ဖြစ်ပြီး လည်ပင်းမှာပါတဲ့ coach golden pendant နဲ့ သားရေကြိုးချိတ်လေးတွေလည်း retail packaging အတိုင်းပါပါတယ်။
ကိုယ်တိုင်သုံးဖို့ဝယ်မယ်၊ ပိုက်ဆံလည်း save လုပ်ချင်တယ်ဆိုရင်တော့ ဒါလေးက အကောင်းဆုံးရွေးချယ်မှုပါပဲ။ ရေမွှေးရော ပုလင်း presentation ရောက အတူတူဖြစ်ပြီး ဈေးကိုတော့ K 60,000 နီးပါး သက်သာသွားမှာဖြစ်ပါတယ်။
Official website 🌐 https://www.yangonbrandedperfume.com/product-page/coach-gold
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 249,000Price
bottom of page
