top of page

မိုးရာသီနဲ့ အတော်လေးလိုက်ဖက်မယ့် Coach Green အမျိုးသားသုံး ရေမွှေးလေး

Coach Green EDT Perfume For Men 100ml - K 239,000 (In stock)

အဖွင့်မှာ ထူးထူးခြားခြား ကီဝီသီး (Kiwi) နဲ့ ဘာဂါမော့တ် (Bergamot) အနံ့လေးနဲ့ စထားပါတယ်။ ကီဝီသီးရဲ့ ချိုမြမြ အသီးနံ့လေးက လန်းဆန်းမှုကို ပေးပါတယ်။ ခဏနေရင်တော့ Irish Spring လို ဆပ်ပြာနံ့သင်းသင်း လန်းလန်းလေး ထွက်လာပါတယ်။

​အလယ်ပိုင်းမှာ ရိုစ်မေရီ (Rosemary) နဲ့ ဂျီရေးနီးယမ်း (Geranium) ပန်းနံ့လေးတွေ ပါဝင်လို့ Aromatic ဖြစ်တဲ့ လန်းဆန်းမှုကို ထပ်ပေးပါတယ်။ ကြာလာတဲ့အခါမှာ ဆီဒါသစ်သား (Cedar) နဲ့ ရေညှိ (Moss) တို့ပါဝင်တဲ့အတွက် ခြောက်သွေ့တဲ့ သစ်သားနံ့ သင်းသင်းလေး ကျန်ခဲ့မှာပါ။

✅ Dior Sauvage တို့၊ Prada Luna Rossa Carbon တို့နဲ့ အနည်းငယ်ဆင်တဲ့ အငွေ့အသက်လေးတွေ ပါပါတယ်။ ဒါပေမယ့် တစ်ပုံစံတည်း တူတာမျိုးတော့ မဟုတ်ဘဲ သူ့ဟာနဲ့သူ ကွဲထွက်နေတဲ့ လန်းဆန်းမှုမျိုးကို ပေးပါတယ်။ အထူးသဖြင့် Prada Luna Rossa Carbon ရဲ့ ဆပ်ပြာနံ့သင်းသင်းလေးနဲ့ ပိုဆင်ပါတယ်။

✅ ရန်ကုန်ရဲ့ အခုလို စိုထိုင်းဆများပြီး ပူအိုက်တဲ့ မိုးရာသီအတွက်ဆိုရင် ဒီလို လန်းဆန်းတဲ့ Green ဖြစ်တဲ့ အနံ့မျိုးက လူကို ပေါ့ပါးလန်းဆန်းသွားစေပါတယ်။ ဒါ့အပြင် အခုလို discount price နဲ့ဝယ်မယ်ဆိုရင် တော်တော်တန်တဲ့ဈေးနဲ့ ရနိုင်တဲ့အတွက် တကယ့်ကို အသုံးတည့်မယ့် ရေမွှေးလေးဖြစ်ပါတယ်။

✅ ပုလင်းဒီဇိုင်းကလည်း အစိမ်းရောင် ရင့်ရာကနေ နုသွားတဲ့ Gradient အရောင်လေးနဲ့ဆိုတော့ မြင်ရတာကိုက တန်ဖိုးကြီးတဲ့ ပုံစံမျိုးလေးပါ။

✅ နေ့စဉ်သုံးဖို့ လန်းဆန်းပြီး လူကြိုက်များမယ့်၊ သုံးရတာ တန်တဲ့ ရေမွှေးတစ်လုံး ရှာနေတယ်ဆိုရင်တော့ Coach Green လေးကို ယုံယုံကြည်ကြည်နဲ့ စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။

Made in France

Sealed retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/coach-green

Coach Green EDT Perfume for Men 100ml

MMK 239,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page