top of page

Coach Love Eau de Parfum for Women 90ml Tester Packaging - K 225,000 (In stock)

မင်္ဂလာပါ ခင်ဗျာ။ ဒီနေ့တော့ Coach for Women series ထဲက ရနံ့သစ်လေးဖြစ်တဲ့ Coach Love Eau de Parfum အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီရေမွှေးက အမျိုးသမီးတွေအတွက် ထုတ်ထားတာဖြစ်ပြီး wild strawberries, rose နဲ့ cedarwood ဆိုပြီး ရနံ့သုံးမျိုးပဲ အဓိက ပါဝင်ပါတယ်။

🌀 ပုလင်းပုံစံလေးကတော့ Coach ရဲ့ တခြားရေမွှေးတွေနဲ့ သိပ်မကွာပါဘူး။ ခရီးသွားတဲ့အခါ အိတ်ထဲမှာ မတော်တဆ ပန်းထွက်တာမျိုး မဖြစ်အောင် အဖုံးကို လှည့်ပြီး lock လုပ်လို့ရအောင် လုပ်ထားတာ သဘောကျစရာပါပဲ။

🌿 ဒီရေမွှေးကို စဖြန်းလိုက်တာနဲ့ သစ်သီးရနံ့လေးကို စရမှာပါ။ Burberry Her လိုမျိုး Strawberry ရနံ့ ထင်းထင်းကြီး မဟုတ်ဘဲ နူးညံ့တဲ့ Strawberry ရနံ့မျိုးပါ။

Strawberry ရယ်၊ နှင်းဆီရနံ့ရယ် ပေါင်းစပ်ထားတာက အရမ်းကို သိမ်မွေ့ပြီး ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို ပေးပါတယ်။ ချစ်ခြင်းမေတ္တာ၊ ဆွဲဆောင်မှုရှိတဲ့ ခံစားချက်မျိုးကို ဖော်ကျူးတဲ့ ရေမွှေးမျိုးပါ။ တကယ်လို့ အရမ်းချိုတဲ့ သစ်သီးရနံ့ ဒါမှမဟုတ် သစ်သားရနံ့ကို အဓိကထားတာမျိုး ရှာနေရင်တော့ တခြား ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။

Cedarwood က base အဖြစ် ပါဝင်ပြီး ရေမွှေးကို ကြာရှည်ခံအောင် ကူညီပေးတာပါ။ အရမ်းပြင်းတဲ့၊ ဒါမှမဟုတ် ခဲတံခြစ်နံ့မျိုး Cedarwood ရနံ့မျိုး မဟုတ်ပါဘူး။

🧭 ဘယ်လိုအချိန်မျိုးမှာ သုံးမလဲ

ဒီရေမွှေးက အမျိုးသမီးတွေအတွက် ထုတ်ထားတာဖြစ်ပေမယ့် ကိုယ်ကြိုက်ရင် ဘယ်သူမဆို သုံးလို့ရပါတယ်။ ပေါ့ပေါ့ပါးပါး ဝတ်ထားတဲ့အခါရော၊ formal ပွဲတွေအတွက်ပါ သင့်တော်ပါတယ်။ ရာသီအနေနဲ့ဆို ပူတဲ့ရာသီဥတုအတွက် ပိုပြီးကောင်းမွန်ပါတယ်။ ဘယ်အသက်အရွယ်မဆို သက်သောင့်သက်သာ သုံးနိုင်တဲ့ ရနံ့မျိုးပါ။

Coach Love က ရိုးရှင်းပေမယ့် တကယ်ကို ကောင်းမွန်တဲ့ Fruity Floral ရေမွှေးလေးပါ။ သန့်စင်မှုနဲ့ ဆွဲဆောင်မှုရှိမှု နှစ်ခုစလုံးကို တစ်ပြိုင်တည်း ပေးနိုင်ပြီး လူအများ ကြိုက်နှစ်သက်မယ့် Mass Appeal လည်း ရှိပါတယ်။ Coach Love ကို စမ်းကြည့်ဖို့ အကြံပြုပါရစေ။

🇫🇷 Made in France

🧴 Tester packaging – ပုလင်းက အတူတူပဲ၊ ဘူးခွံပဲကွာတာပါ!

📦 Packaging အကြောင်း

Tester ဘူးနဲ့လာတာဆိုပေမဲ့ စိတ်မပူပါနဲ့နော်။

ကွာသွားတာက အပြင်ဘူးခွံတစ်ခုပဲရှိပါတယ်၊ retail packaging မှာလို ရောင်စုံဘူးခွံလှလှလေးမဟုတ်ဘဲ ရိုးရိုးကတ်ထူဘူးလေးနဲ့ လာတာပါ။

ပုံမှာ မြင်ရတဲ့အတိုင်း ပုလင်းက retail packaging ထဲက ပုလင်းနဲ့ တစ်ပုံစံတည်း ဖြစ်ပြီး လည်ပင်းမှာပါတဲ့ ချစ်စရာ golden heart pendant နဲ့ သားရေကြိုးချိတ်လေးတွေလည်း retail packaging အတိုင်းပါပါတယ်။

ကိုယ်တိုင်သုံးဖို့ဝယ်မယ်၊ ပိုက်ဆံလည်း save လုပ်ချင်တယ်ဆိုရင်တော့ ဒါလေးက အကောင်းဆုံးရွေးချယ်မှုပါပဲ။ ရေမွှေးရော ပုလင်း presentation ရောက အတူတူဖြစ်ပြီး ဈေးကိုတော့ K 60,000 နီးပါး သက်သာသွားမှာဖြစ်ပါတယ်။

Official website – https://www.yangonbrandedperfume.com/product-page/coach-love

Coach Love Eau de Parfum for Women 90ml Tester Packaging

K225,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page