Coach Love Eau de Parfum for Women 150ml Mega Size - K 319,000 (In stock)
Coach for Women series ထဲက ရနံ့သစ်လေးဖြစ်တဲ့ Coach Love Eau de Parfum က အမျိုးသမီးတွေအတွက် ထုတ်ထားတာဖြစ်ပြီး wild strawberries, rose နဲ့ cedarwood ဆိုပြီး ရနံ့သုံးမျိုးပဲ အဓိက ပါဝင်ပါတယ်။
🌀 ပုလင်းပုံစံလေးကတော့ Coach ရဲ့ တခြားရေမွှေးတွေနဲ့ သိပ်မကွာပါဘူး။ ခရီးသွားတဲ့အခါ အိတ်ထဲမှာ မတော်တဆ ပန်းထွက်တာမျိုး မဖြစ်အောင် အဖုံးကို လှည့်ပြီး lock လုပ်လို့ရအောင် လုပ်ထားတာ သဘောကျစရာပါပဲ။
🌿 ဒီရေမွှေးကို စဖြန်းလိုက်တာနဲ့ သစ်သီးရနံ့လေးကို စရမှာပါ။ Burberry Her လိုမျိုး Strawberry ရနံ့ ထင်းထင်းကြီး မဟုတ်ဘဲ နူးညံ့တဲ့ Strawberry ရနံ့မျိုးပါ။
Strawberry ရယ်၊ နှင်းဆီရနံ့ရယ် ပေါင်းစပ်ထားတာက အရမ်းကို သိမ်မွေ့ပြီး ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို ပေးပါတယ်။ ချစ်ခြင်းမေတ္တာ၊ ဆွဲဆောင်မှုရှိတဲ့ ခံစားချက်မျိုးကို ဖော်ကျူးတဲ့ ရေမွှေးမျိုးပါ။ တကယ်လို့ အရမ်းချိုတဲ့ သစ်သီးရနံ့ ဒါမှမဟုတ် သစ်သားရနံ့ကို အဓိကထားတာမျိုး ရှာနေရင်တော့ တခြား ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။
Cedarwood က base အဖြစ် ပါဝင်ပြီး ရေမွှေးကို ကြာရှည်ခံအောင် ကူညီပေးတာပါ။ အရမ်းပြင်းတဲ့၊ ဒါမှမဟုတ် ခဲတံခြစ်နံ့မျိုး Cedarwood ရနံ့မျိုး မဟုတ်ပါဘူး။
🧭 ဘယ်လိုအချိန်မျိုးမှာ သုံးမလဲ
ဒီရေမွှေးက အမျိုးသမီးတွေအတွက် ထုတ်ထားတာဖြစ်ပေမယ့် ကိုယ်ကြိုက်ရင် ဘယ်သူမဆို သုံးလို့ရပါတယ်။ ပေါ့ပေါ့ပါးပါး ဝတ်ထားတဲ့အခါရော၊ formal ပွဲတွေအတွက်ပါ သင့်တော်ပါတယ်။ ရာသီအနေနဲ့ဆို ပူတဲ့ရာသီဥတုအတွက် ပိုပြီးကောင်းမွန်ပါတယ်။ ဘယ်အသက်အရွယ်မဆို သက်သောင့်သက်သာ သုံးနိုင်တဲ့ ရနံ့မျိုးပါ။
Coach Love က ရိုးရှင်းပေမယ့် တကယ်ကို ကောင်းမွန်တဲ့ Fruity Floral ရေမွှေးလေးပါ။ သန့်စင်မှုနဲ့ ဆွဲဆောင်မှုရှိမှု နှစ်ခုစလုံးကို တစ်ပြိုင်တည်း ပေးနိုင်ပြီး လူအများ ကြိုက်နှစ်သက်မယ့် Mass Appeal လည်း ရှိပါတယ်။ Coach Love ကို စမ်းကြည့်ဖို့ အကြံပြုပါရစေ။
🎁 Mega Size - Value for money
150ml ဆိုဒ် အကြီးကြီးဖြစ်တဲ့အပြင် ဈေးက 90ml retail packaging နဲ့ ဘယ်လောက်မှမကွာတဲ့အတွက် ရေမွှေးတစ်မျိုးတည်းအမြဲစွဲသုံးတဲ့သူတွေအတွက် value buy item ဖြစ်ပါတယ်။
🇫🇷 Made in France
🧴 Sealed original retail packaging
Official website – https://www.yangonbrandedperfume.com/product-page/coach-love-150ml
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K319,000.00Price
bottom of page
