top of page

Coach Love Eau de Parfum for Women 150ml Mega Size - K 399,000 (In stock)

Coach for Women series ထဲက ရနံ့သစ်လေးဖြစ်ပြီး wild strawberries, rose နဲ့ cedarwood ဆိုပြီး ရနံ့သုံးမျိုးပဲ အဓိက ပါဝင်ပါတယ်။

🌀 ပုလင်းပုံစံလေးကတော့ Coach ရဲ့ တခြားရေမွှေးတွေနဲ့ သိပ်မကွာပါဘူး။ ခရီးသွားတဲ့အခါ အိတ်ထဲမှာ မတော်တဆ ပန်းထွက်တာမျိုး မဖြစ်အောင် အဖုံးကို လှည့်ပြီး lock လုပ်လို့ရအောင် လုပ်ထားတာ သဘောကျစရာပါပဲ။

🌿 ဒီရေမွှေးကို စဖြန်းလိုက်တာနဲ့ သစ်သီးရနံ့လေးကို စရမှာပါ။ Burberry Her လိုမျိုး Strawberry ရနံ့ ထင်းထင်းကြီး မဟုတ်ဘဲ နူးညံ့တဲ့ Strawberry ရနံ့မျိုးပါ။

🌿 Strawberry ရယ်၊ နှင်းဆီရနံ့ရယ် ပေါင်းစပ်ထားတာက အရမ်းကို သိမ်မွေ့ပြီး ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို ပေးပါတယ်။ ချစ်ခြင်းမေတ္တာ၊ ဆွဲဆောင်မှုရှိတဲ့ ခံစားချက်မျိုးကို ဖော်ကျူးတဲ့ ရေမွှေးမျိုးပါ။ တကယ်လို့ အရမ်းချိုတဲ့ သစ်သီးရနံ့ ဒါမှမဟုတ် သစ်သားရနံ့ကို အဓိကထားတာမျိုး ရှာနေရင်တော့ တခြား ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။

🌿 Cedarwood က base အနေနဲ့ပါပြီး ရေမွှေးကို ကြာရှည်ခံအောင် ကူညီပေးတာပါ။ အရမ်းပြင်းတဲ့၊ ဒါမှမဟုတ် ခဲတံခြစ်နံ့မျိုး Cedarwood ရနံ့မျိုး မဟုတ်ပါဘူး။

🧭 ဘယ်လိုအချိန်မျိုးမှာ သုံးမလဲ

ဒီရေမွှေးက အမျိုးသမီးတွေအတွက် ထုတ်ထားတာဖြစ်ပေမယ့် ကိုယ်ကြိုက်ရင် ဘယ်သူမဆို သုံးလို့ရပါတယ်။

✅ ပေါ့ပေါ့ပါးပါး ဝတ်ထားတဲ့အခါရော၊ formal ပွဲတွေအတွက်ပါ သင့်တော်ပါတယ်။ ရာသီအနေနဲ့ဆို ပူတဲ့ရာသီဥတုအတွက် ပိုပြီးကောင်းမွန်ပါတယ်။ ဘယ်အသက်အရွယ်မဆို သက်သောင့်သက်သာ သုံးနိုင်တဲ့ ရနံ့မျိုးပါ။

✅ Coach Love က ရိုးရှင်းပေမယ့် တကယ်ကို ကောင်းမွန်တဲ့ Fruity Floral ရေမွှေးလေးပါ။ သန့်စင်မှုနဲ့ ဆွဲဆောင်မှုရှိမှု နှစ်ခုစလုံးကို တစ်ပြိုင်တည်း ပေးနိုင်ပြီး လူအများ ကြိုက်နှစ်သက်မယ့် Mass Appeal လည်း ရှိပါတယ်။ Coach Love ကို စမ်းကြည့်ဖို့ အကြံပြုပါရစေ။

🎁 Mega Size - Value for money

150ml ဆိုဒ် အကြီးကြီးဖြစ်တဲ့အပြင် ဈေးက 90ml retail packaging နဲ့ ဘယ်လောက်မှမကွာတဲ့အတွက် ရေမွှေးတစ်မျိုးတည်းအမြဲစွဲသုံးတဲ့သူတွေအတွက် value buy item ဖြစ်ပါတယ်။

🇫🇷 Made in France

🧴 Sealed original retail packaging

Official website – https://www.yangonbrandedperfume.com/product-page/coach-love-150ml

Coach Love Eau de Parfum for Women 150ml Mega Size

MMK 399,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page