top of page

Coach for Men Eau de Parfum 40ml - K 169,000 (In stock)

2025 မှာ အသစ်ထွက်ထားတဲ့ higher concentration version ဖြစ်ပြီး အရင်ထွက်နေကျ Coach for Men EDT ထက် ပိုပြီး ရင့်ကျက်တည်ငြိမ်တဲ့ဘက်ကို သွားပါတယ်။

✅ ပူပြင်းတဲ့ ရာသီဥတုမျိုးမှာ နေ့ခင်းဘက်ထက်စာရင် ညဘက်ပွဲတက်တာမျိုး ဒါမှမဟုတ် အဲယားကွန်းခန်းထဲမှာ အလုပ်လုပ်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေစေပါတယ်။

EDP Version က EDT နဲ့မတူဘဲ နည်းနည်းပို Deep ဖြစ်ပြီး Leather အနံ့ကို ပိုအသားပေးထားပါတယ်။

🌿 // စဖြန်းတာနဲ့ လန်းဆန်းတဲ့ Citrus အနံ့လေးနဲ့အတူ Cardamom ရဲ့ အမွှေးနံ့ခပ်အေးအေးလေးကို ခံစားရမှာပါ

🌿 // ခဏနေရင်တော့ သစ်သားနံ့နဲ့ ပန်းနံ့သင်းသင်းလေး ပေါင်းစပ်သွားပြီး ယောင်္ကျားပီသတဲ့ ခံစားချက်ကို ပေးပါတယ်

🌿 // Base အနံ့မှာတော့ Coach ရဲ့ နာမည်ကြီး Saffiano သားရေနံ့က အဓိကနေရာက ပါဝင်နေလို့ ပိုပြီး Luxury ဆန်သွားစေပါတယ်

EDP ဖြစ်တဲ့အတွက် performance ပိုင်းမှာ EDT ထက် ပိုကောင်းလာပါတယ်။ အဝတ်အစားပေါ်ဆိုရင် ပုံမှန်အားဖြင့် ၆ နာရီကနေ ၈ နာရီဝန်းကျင်အထိ ခံပါတယ်။

✅ Coach for Men EDP က "Safe choice" ဖြစ်သလို "Mass pleasing" လည်း ဖြစ်ပါတယ်။ အနံ့က အရမ်းကြီး ထူးခြားဆန်းပြားနေတာမျိုး မဟုတ်ပေမယ့် လူတိုင်းကြိုက်တဲ့ Classic Masculine အနံ့မျိုးဖြစ်လို့ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် Signature အနံ့အဖြစ် သုံးဖို့ပဲဖြစ်ဖြစ် အရမ်းအဆင်ပြေပါတယ်။

// Good for - အသက် ၂၅ နှစ်အထက်၊ ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံမျိုး ကြိုက်တဲ့သူတွေအတွက်

// Weather - အခုလို ပူတဲ့အချိန်မှာ ညဘက် Date night ဒါမှမဟုတ် Dinner သွားရင် သုံးဖို့ အကောင်းဆုံးပါ။ နေပူထဲ အကြာကြီးသွားမယ့်နေ့မျိုးဆိုရင်တော့ EDT classic version ရေမွှေးကို သုံးတာပိုကောင်းပါတယ်။

// Budget - Designer brand ထဲမှာ ဈေးနှုန်းသင့်တင့်ပြီး Quality ကောင်းတဲ့အတွက် လက်ရှိအခြေအနေနဲ့ဆိုရင် တန်ဖိုးရှိတဲ့ Investment တစ်ခုလို့ ပြောလို့ရပါတယ်။

✅ 40ml size က အိတ်ထဲမှာဆောင်သွားလို့လွယ်ပြီး ခရီးသွား ရုံးသွား လွယ်လွယ်ကူကူသယ်သွားနိုင်ပါတယ်။

Made in France

Sealed retail packaging

Official website 🌐 https://www.yangonbrandedperfume.com/product-page/coach-men-edp-40ml

Coach for Men Eau de Parfum 40ml

MMK 169,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page