Courvoisier L'Edition Imperiale EDT Perfume for Men (In stock)
# 10ml decant (glass sprayer)
# 10ml decant (aluminium sprayer)
# 37ml decant (glass sprayer)
ပထမဆုံး သိထားဖို့က Courvoisier L’Edition Impériale ဟာ fresh, citrus နဲ့ shower gel အနံ့မျိုး ရေမွှေးမဟုတ်ပါဘူး။ နည်းနည်းအရသာရှိတဲ့ အမွှေးအကြိုင်၊ သစ်သားနဲ့ amber ဘက်ကို ဦးတည်တဲ့ အမျိုးသားဆန်ဆန် အနံ့မျိုးပါ။
အစပိုင်းမှာ လိမ္မော်ခွံလို အနည်းငယ်စူးရှတဲ့ citrus အနံ့နဲ့ coriander၊ cardamom လို အမွှေးအကြိုင်အနံ့တွေ စတင်ထွက်လာတယ်။ ရိုးရိုး citrus ရေမွှေးလို တောက်တောက်ပပနဲ့ အေးနေမှာမျိုးမဟုတ်ဘဲ နွေးထွေးပြီး နည်းနည်းခါးတဲ့ အရသာပါ ပါလာတတ်ပါတယ်။
အချိန်နည်းနည်းကြာလာရင် သစ်သားနံ့၊ အနည်းငယ်ခြောက်သွေ့တဲ့ ပန်းနံ့နဲ့ powdery ခံစားချက်တွေ ပေါ်လာပါတယ်။ ဒီအပိုင်းက ရေမွှေးကို လူငယ်ဆန်တဲ့ အချိုနံ့မျိုးမဖြစ်စေဘဲ ရင့်ကျက်တဲ့ဘက်ကို ပို့ပေးပါတယ်။
အနံ့ငြိမ်သွားတဲ့အခါ နွေးနွေးထွေးထွေး amber နဲ့ သစ်သားနံ့တွေက ပိုထင်ရှားလာပါတယ်။ အချိုအရမ်းများတဲ့ vanilla dessert ပုံစံထက် ခြောက်သွေ့ပြီး နည်းနည်း smoky ဖြစ်တဲ့ အနံ့ဘက်ကို ပိုနီးပါတယ်။
ဒီရေမွှေးရဲ့ အားသာချက်က လူငယ်တွေသုံးလေ့ရှိတဲ့ အချိုများများ၊ သစ်သီးနံ့များများ ရေမွှေးမျိုးနဲ့ မတူတာပါ။
အလုပ်ကိစ္စတွေမှာ တည်တည်ငြိမ်ငြိမ် နေတတ်သူ၊ ရုံးတက်တဲ့အခါ အဝတ်အစားကို သေသေချာချာရွေးဝတ်သူ၊ ညစာစားပွဲနဲ့ လူမှုရေးပွဲတွေမှာ အနံ့ကို ကိုယ့်စတိုင်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သုံးချင်သူတွေနဲ့ ပိုလိုက်ဖက်နိုင်ပါတယ်။
အထူးသဖြင့် အသက် ၃၀၊ ၄၀ ကျော်လာတဲ့အခါ ရေမွှေးက အနံ့ပြင်းပြင်းနဲ့ လူတိုင်းသိအောင် ပြန့်နေဖို့ထက် ကိုယ့်အနားရောက်လာတဲ့သူက သတိထားမိလောက်တဲ့ အနံ့မျိုးကို ပိုနှစ်သက်လာသူတွေအတွက် စမ်းကြည့်သင့်တဲ့ style ပါ။
ဒါပေမဲ့ ရေမွှေးက အသက်အရွယ်အလိုက် သတ်မှတ်ထားတာ မဟုတ်ပါဘူး။ ဒီလို အနံ့မျိုးကို နှစ်သက်တဲ့ လူငယ်တွေလည်း သုံးလို့ရသလို အသက် ၄၀ ကျော်တိုင်း ဒီရေမွှေးကို ကြိုက်မယ်လို့လည်း မဆိုနိုင်ပါဘူး။
ပူပြီး စိုထိုင်းဆများတဲ့ နေ့ခင်းတွေမှာ ဒီရေမွှေးရဲ့ နွေးထွေးတဲ့ spices နဲ့ amber အနံ့တွေက ပိုလေးသလို ခံစားရနိုင်ပါတယ်။ မနက်စောစော၊ ရုံးခန်းအဲကွန်းအောက်၊ အဲကွန်းရှိတဲ့နေရာတွေ၊ ညနေဘက်ပွဲတွေ နဲ့ dinner date တွေမှာ ပိုအဆင်ပြေနိုင်ပါတယ်။
10ml / 37ml decant တွေပဲ ရပါတော့မယ်။
Official website - https://www.yangonbrandedperfume.com/product-page/courvoisier
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 29,000Price
bottom of page
