top of page

Creed Centaurus Eau de Parfum 100ml Tester Packaging (အဖုံးပါ) - K 920,000 (In stock)

အဲကွန်းပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်သုံးအတွက် သင့်တော်မယ့် Amber-Spice ရနံ့သစ်တစ်မျိုး

Creed က အသစ်ထွက်ထားတဲ့ Centaurus က complex & luxurious ဖြစ်တဲ့ amber-spice ရနံ့အမျိုးအစားဖြစ်ပြီး အမျိုးသားရော အမျိုးသမီးပါ သုံးဖို့ ရည်ရွယ်ထားတဲ့ unisex ရေမွှေး ဖြစ်ပါတယ်။

Creed က ထွက်တဲ့ တခြားအမျိုးအစားတွေနဲ့ ရနံ့မတူဘဲ spice ရနံ့၊ floral နဲ့ vanilla/amber note တွေကို ပေါင်းစပ်ဖန်တီးထားတဲ့အတွက် sophisticated ဖြစ်ပြီး နေရာစုံ ဘက်စုံသုံးနိုင်ပါတယ်။

🌟 ရနံ့ဖွဲ့စည်းပုံ (Fragrance Profile)

Top Notes - Cardamom၊ Cinnamon၊ Tobacco၊ Black pepper

Heart Notes - Heliotrope၊ စံပယ်ပန်း၊ Geranium၊ စန္ဒကူး၊ Patchouli

Base Notes - Benzoin၊ Bourbon Vanilla၊ Tolu Balsam၊ Tonka Bean၊ Ambroxan

Centaurus ကို စဖြန်းလိုက်တဲ့အချိန်မှာ cardamom နဲ့ cinnamon တွေရဲ့ လန်းဆန်းတက်ကြွတဲ့ spice blend ရနံ့တွေက ဆေးရွက်ကြီးရဲ့ အငွေ့အသက်၊ ငရုတ်ကောင်းအနက်ရဲ့ ရှိမ်းစပ်စပ်ရနံ့တို့နဲ့ ပေါင်းပြီး နွေးထွေးတဲ့ ဆွဲဆောင်မှုကို ချက်ချင်းပေးပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စံပယ်ပန်းနဲ့ geranium ရနံ့တွေ ပေါ်လာပြီး heliotrope ရဲ့ ချိုမြမြရနံ့ကြောင့် ပိုနူးညံ့သွားစေပါတယ်။

Base ရနံ့ကတော့ resinous ရနံ့တွေနဲ့ ကြွယ်ဝပြီး benzoin နဲ့ tolu balsam တွေရဲ့ သင်္ကေတဖြစ်တဲ့ သစ်စေးလိုလို ပယင်းလိုလိုရနံ့မျိုးကို ပေးပါတယ်။ မြေဆီရနံ့သင်းတဲ့ patchouli နဲ့ နူးညံ့တဲ့ စန္ဒကူးရနံ့တွေက base ရနံ့ကို ပိုပြီးခိုင်မာစေပါတယ်။

Bourbon vanilla နဲ့ tonka bean တို့က စားချင်စဖွယ် gourmand ရနံ့ကို ထပ်ဖြည့်ပေးပြီး ambroxan ကတော့ heavy note တွေကို balance ဖြစ်အောင် ထိမ်းပေးပြီး ခေတ်မီတဲ့ အငွေ့အသက်နဲ့ longevity ကိုအားကောင်းစေပါတယ်။

🕰️ Performance & Versatility

Centaurus ရဲ့ ရနံ့စွဲမြဲမှုက ၈ နာရီလောက် ပျမ်းမျှခံပြီး ရနံ့ပြန့်လွင့်မှု (Sillage) ကအလယ်အလတ် လောက်ရှိပါတယ်။ သူ့ရဲ့ spicy & resinous note တွေကြောင့် အေးတဲ့ရာသီဥတုနဲ့ ပိုလိုက်ဖက်ပေမယ့် အဲကွန်းရှိတဲ့ ပတ်ဝန်းကျင်မှာဆိုရင်တော့ တစ်နှစ်ပတ်လုံး သုံးနိုင်ပါတယ်။ အရမ်းပူအိုက်တဲ့နေရာတွေမှာတော့ သူ့ရဲ့နွေးထွေးတဲ့ရနံ့က လေးသွားနိုင်ပါတယ်။

🌿 Fragrantica Vote Summary

Longevity

🗳️ *Total Votes: 480*

✔️ *Long lasting* – 259 *(54%)*

✔️ Moderate – 123 *(26%)*

✔️ Eternal – 57 *(12%)*

✔️ Very weak – 28 *(6%)*

✔️ Weak – 13 *(3%)*

💨 Sillage (Scent projection/trail)

🗳️ *Total Votes: 478*

✔️ *Moderate* – 232 *(49%)*

✔️ Strong – 161 *(34%)*

✔️ Enormous – 47 *(10%)*

✔️ Intimate – 38 *(8%)*

👫 Gender Perception

🗳️ *Total Votes: 528*

✔️ *More male* – 187 *(35%)*

✔️ Unisex – 151 *(29%)*

✔️ Male – 149 *(28%)*

✔️ Female – 30 (6%)

✔️ More female – 11 (2%)

📌 Summary

Users say this fragrance is:

✅ Mostly long-lasting (54%)

✅ Has moderate sillage (49%)

✅ Leans "more male" (35%) to unisex (29%)

💼 Office Suitability

Business executive တွေအတွက်ဆိုရင် Centaurus က ထင်ရှားပေါ်လွင်ပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့ image ကို project လုပ်ပေးနိုင်တဲ့ ရင့်ကျက်သန့်စင်တဲ့ ရနံ့တစ်ခုပါပဲ။ သူ့ရဲ့ နက်နဲတဲ့ spice နဲ့ floral တွေရဲ့ ပေါင်းစပ်မှုက over the top အလွန်အကျွံမဖြစ်စေဘဲ ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံကို ဖော်ဆောင်ပေးပါတယ်။

အထူးသဖြင့် အဲကွန်းခန်းထဲမှာ အလုပ်လုပ်ရတဲ့သူတွေအတွက်ဆိုရင် ဒီရေမွှေးရဲ့ရနံ့က ပိုပြီး သိမ်မွေ့စွာနဲ့ ပတ်ဝန်းကျင်ကို မနှောင့်ယှက်ဘဲ ကိုယ့်ရဲ့ တကိုယ်ရည်သပ်ရပ်မှုကို မြှင့်တင်ပေးနိုင်မှာပါ။ ရေမွှေးရဲ့ ပြောင်းလဲမှုပုံစံကလည်း invigorating ဖြစ်တဲ့ spice ရနံ့နဲ့ စပြီး နွေးထွေးနှစ်သိမ့်မှုပေးတဲ့ base ရနံ့နဲ့ ဆုံးတာကြောင့် လုပ်ငန်းခွင်ရဲ့ တက်ကြွလှုပ်ရှားနေတဲ့ သဘာဝနဲ့ ကိုက်ညီလှပါတယ်။

ဒါကြောင့် board meeting ကနေ evening dinner တွေအထိ အဆင်ပြေပြေချောချောမွေ့မွေ့ ပြောင်းလဲနိုင်တဲ့ Signature Scent ကို ရှာနေတဲ့ executive တွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။

💸 Value Consideration

100ml ပုလင်းတစ်လုံးကို retail packaging နဲ့ Creed Boutique မှာဝယ်ရင် ၄၄၅ ဒေါ်လာ ကျသင့်မှာဖြစ်တဲ့အတွက် Centaurus ဟာ Creed ရဲ့ ပရီမီယံဈေးနှုန်းအဆင့်မှာ ရှိနေပါတယ်။

အခု Tester packaging ရဲ့ဈေးကလဲ အရမ်းမသေးပေမင့် Creed ရဲ့ quality နဲ့ retail price ထက် တဝက်ကျော် သက်သာနေတဲ့ tester discount price ကြောင့် value for money သိသိသာသာ ဖြစ်နေပါပြီ။

သူ့ရဲ့ရနံ့ဖွဲ့စည်းပုံက Parfums de Marly ရဲ့ Herod / Viktor & Rolf ရဲ့ Spicebomb လို spice forward ရေမွှေးတွေနဲ့ ဆင်တူတယ်လို့ အဲဒီလိုမျိုးအနက်တွေကိုကြိုက်တယ် ဒါပေမဲ့ Creed ရဲ့ လက်ရာမြောက်မှုနဲ့ ကိုယ့်ရဲ့ရေမွှေးစုဆောင်းမှုထဲမှာ ထူးခြားတဲ့ niche ရနံ့တစ်ခု ထပ်ဖြည့်ချင်သူတွေအတွက်တော့ Centaurus ဟာ ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။

Made in France

Tester packaging (အဖုံးပါ ပါတယ်)

Official website -

https://www.yangonbrandedperfume.com/product-page/creed-centaurus

Creed Centaurus Eau de Parfum 100ml Tester Packaging

K920,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page