top of page

နွေရာသီရဲ့ အပူရှိန်ကို အံတုဖို့ Creed Erolfa

အခုလို မြန်မာပြည်ရဲ့ ခပ်ပြင်းပြင်း နွေအပူရှိန်အောက်မှာ လူကို လန်းဆန်းပြီး စမတ်ကျနေစေဖို့ Creed Erolfa က အကောင်းဆုံး အဖော်မွန် ဖြစ်မှာပါ။

Creed Erolfa Eau de Parfum for Men 100ml Tester Packaging (without cap)

Made in France

K - 739,000

Ready in stock

အပြင်မှာ နေပူတာက တစ်ကြောင်း၊ မီးခဏခဏ ပျက်လို့ အိုက်စပ်စပ် ဖြစ်နေတာက တစ်ကြောင်းမို့လို့ ဒီလိုအချိန်မှာ ရေမွှေးရွေးချယ်မှုက အရမ်းအရေးကြီးပါတယ်။

🌿 ဘာကြောင့် Erolfa ကို ရွေးသင့်တာလဲ

// ပင်လယ်လေပြေ ခပ်အေးအေးလေးကို ရှူရှိုက်လိုက်ရသလိုမျိုး လန်းဆန်းတဲ့ ခံစားချက်ကို ပေးပါတယ်။

// Citrus အနံ့တွေက စိတ်ကို တက်ကြွစေပြီး ပူအိုက်တဲ့ အခါမှာ ဖြစ်တတ်တဲ့ စိတ်အနှောင့်အယှက်တွေကို လျော့ပါးစေပါတယ်။

// ရုံးသွားတာပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ client တွေနဲ့ တွေ့ဆုံဖို့ ရှိတာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေမယ့် confident ဖြစ်တဲ့ professional vibe မျိုးကို ရစေမှာပါ။

🌿 Scent Profile

// Top Notes - Bergamot, Lemon, Lime နဲ့ ဖရဲသီးနံ့ ခပ်ပါးပါးလေး ပါဝင်လို့ ဆွတ်လိုက်တာနဲ့ ချက်ချင်း လန်းဆန်းသွားစေပါတယ်။

// Heart Notes - Ginger နဲ့ ငရုတ်ကောင်းတို့လို Spice နံ့လေးတွေက အနံ့ကို ပိုပြီး ထူးခြားသွားအောင် လုပ်ပေးထားပါတယ်။

// Base Notes - Ambergris နဲ့ သစ်သားနံ့တွေက အနံ့ကို ကြာရှည်ခံစေပြီး တည်ငြိမ်တဲ့ ပုံစံမျိုးကို ပေးပါတယ်။

အခုလို စီးပွားရေး အခြေအနေတွေအရ ရေမွှေးတစ်ပုဒ် ဝယ်ရတာ စဉ်းစားစရာ ဖြစ်နိုင်ပေမယ့် Erolfa လို boutique price ဆိုရင် USD 490 ရှိတဲ့ အဆင့်မြင့် scent မျိုးက ပေးတဲ့ quality နဲ့ performance ကတော့ တကယ့်ကို တန်ဖိုးရှိပါတယ်။ လူအများသုံးနေကြ ရေမွှေးအနံ့မျိုးတွေကြားမှာ ကိုယ်တစ်ယောက်တည်း သီးသန့် လန်းဆန်းပြီး uniquely စမတ်ကျနေဖို့ဆိုရင် Erolfa ကို စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/creed-bois-du-portugal

Creed Erolfa Eau de Parfum for Men 100ml Tester Packaging

K735,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page