Creed Royal Oud Eau de Parfum 100ml Tester Packaging (အဖုံးမပါ) - K 799,000 (In stock)
Creed Royal Oud Eau de Parfum က Oud ရဲ့ အားကောင်းတဲ့အနံ့ကို လတ်ဆတ်ပြီး တောက်ပတဲ့ spicy citrus အနံ့တွေနဲ့ ပိုင်ပိုင်နိုင်နိုင် ပေါင်းစပ်ထားတာကြောင့် အမျိုးသားရော အမျိုးသမီးပါ သုံးလို့ရတဲ့ အဆင့်မြင့်တဲ့ luxurious unisex scent တစ်ခု ဖြစ်ပါတယ်။
🎵 Fragrance Notes
Top Note - ကာလာဘရီယံ သံပုရာ၊ စစ္စလီယံ ရှောက်၊ ပန်းရောင် ငရုတ်ကောင်း
Middle Note - Cedarwood၊ ဂယ်လ်ဘန်နမ်၊ အန်ဂျလီကာ အမြစ်
Base Note - Oud၊ စန္ဒကူး၊ Tonkin Musk
ပထမဆုံး စဖြန်းလိုက်တာနဲ့ ကာလာဘရီယံ သံပုရာနဲ့ စစ္စလီယံ ရှောက်တွေရဲ့ လန်းဆန်းတဲ့ Citrus ရနံ့က ချက်ချင်းပဲ အာရုံကို ဖမ်းစားသွားတယ်။ ပန်းရောင် ငရုတ်ကောင်းက နူးညံ့တဲ့ စပ်ရှိန်းရှိန်း ရနံ့လေးကို ပေါင်းထည့်ပေးပြီး opening ကို တက်တက်ကြွကြွလေးနဲ့ ဆန်းပြားစေတယ်။
Citrus ရနံ့တွေ လွင့်သွားတဲ့အခါ cedarwood ရဲ့ ကြွယ်ဝတဲ့ သစ်သားရနံ့က လွှမ်းမိုးလာပြီး ဂယ်လ်ဘန်နမ်ရဲ့ စိမ်းစိုစို သစ်စေးရနံ့က သစ်ရနံ့ကို နူးညံ့စေတယ်။ အန်ဂျလီကာအမြစ် ရဲ့ မြေနံ့သင်းသင်း aromatic green အပင်ရနံ့လေးကိုပါ ပေါင်းထည့်ပြီး ရနံ့အကူးအပြောင်းတွေကိုပိုပြီး လှစေတယ်။
Drydown stage မှာတော့ Royal Oud ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဒီမှာပါတဲ့ oud က သန့်စင်တယ်။ Animalic ဆန်တဲ့ အရမ်းပြင်းတဲ့ arabian oud ရနံ့မျိုး မဟုတ်ဘူး။ Oud က နူးညံ့တဲ့ စန္ဒကူးနဲ့ ကတိုးနံ့ နွေးနွေးလေးတို့နဲ့ သဟဇာတဖြစ်စွာ ပေါင်းစပ်ပြီး ချောမွေ့ ခန့်ညားတဲ့ အဆုံးသတ်ကို ပေးတယ်။ ပြီးရင် သူက အဓိက မဟုတ်ဘဲ အားဖြည့်တဲ့ အနေနဲ့ပဲ ပါတာမို့ oud ပါတဲ့ ရေမွှေးတွေကို အခုမှ စသုံးမယ့်သူတွေအတွက်တောင် သုံးရလွယ်ကူစေတယ်။
🕜 Performance
ပျန်းမျှအားဖြင့်ပြောရရင် သုံးတဲ့ပမာဏနဲ့ ပတ်ဝန်းကျင်အပူချိန် အပေါ်မူတည်ပြီး ၈ နာရီလောက်အထိ ခံပါတယ်။ ဘေးလူတွေ သတိထားမိလောက်ပေမဲ့ အလွန်အကျွံ မဟုတ်တဲ့ ရနံ့ပျံ့လွင့်မှုမျိုးကို ဖန်တီးပေးတယ်။
❇️ Occasions
Formal အခမ်းအနားတွေ၊ အေးတဲ့ ညနေခင်းတွေ ဒါမှမဟုတ် ရုံးတက်တဲ့အခါ မြန်မာ / အနောက်တိုင်း ဝတ်စုံအပြည့်ကို သပ်သပ်ရပ်ရပ်ဝတ်ပြီး တက်သူတွေအတွက် signature scent အဖြစ် သုံးဖို့ အကောင်းဆုံးပဲ။ Jeans & T လို informal wears တွေနဲ့တော့ သိပ်မလိုက်သလို ခံစားရပါတယ်။
Aircon environment အတွက် အသင့်တော်ဆုံး ဖြစ်ပေမဲ့ အစပိုင်းက Citrus ရနံ့ကြောင့် အေးမြတဲ့ နွေဦးရာသီ ရက်တွေမှာလည်း သုံးလို့ရလောက်အောင် ဘက်စုံသုံးနိုင်တယ်။
Royal Oud က ခန့်ညားတဲ့ သစ်သားရနံ့ စပ်ရှိန်းရှိန်း spice ရနံ့နဲ့ အနောက်တိုင်းဆန်တဲ့ oud ရေမွှေးရနံ့တွေကို ကြိုက်တဲ့သူတွေဆိုရင် ဒီရေမွှေးရဲ့ ဖွဲ့စည်းပုံကို အထူးသဘောကျကြမှာပါ။
အလွန်အကျွံ smokey ဖြစ်တဲ့ animalic ဖြစ်တဲ့ traditional oud ရေမွှေးတွေနဲ့ မတူဘဲ Royal Oud က ပိုပြီး သန့်စင်တဲ့။ အနောက်တိုင်းဆန်တဲ့ westernised oud approach ချဉ်းကပ်ပုံမျိုးကို သုံးထားတယ်။ သူက Montale ရဲ့ oud ရေမွှေးတွေထက် ပြင်းအားနည်းပြီး Tom Ford ရဲ့ Oud Wood နဲ့ ယှဉ်ရင် ပိုပြီး လန်းဆန်းတောက်ပတဲ့ ရနံ့မျိုးနဲ့ အများကြီး ပိုပြီး ခန့်ညားတယ်။
သူက မဟာဆန်တဲ့ ခန့်ညားမှုနဲ့ ခေတ်ပြိုင် ဆန်းကြယ်မှုကြားက နူးညံ့သိမ်မွေ့တဲ့ မျှခြေကို ဖန်တီးပေးပြီး ရေမွှေးပညာမှာ အရည်အသွေးရှိတဲ့ လက်ရာကို တန်ဖိုးထားတဲ့သူတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခု ဖြစ်စေတယ်။ အမျိုးသားသုံးဘက်ကို နည်းနည်းပိုယိမ်းပေမဲ့ သူ့ရဲ့ မျှတတဲ့ ဖွဲ့စည်းပုံကြောင့် luxury ဆန်တဲ့ သစ်သားရနံ့ကို ကြိုက်တဲ့ ဘယ်သူမဆို သုံးနိုင်တဲ့ unisex ရေမွှေးတစ်မျိုး ဖြစ်ပါတယ်။
မရှိမဖြစ်ဝယ်ထားသင့်တဲ့ အမျိုးအစားမျိုးမဟုတ်လို့ ရေမွှေးအမျိုးအစားတော်တော်များများ သုံးပြီးတဲ့သူတွေ ရေမွှေးပုလင်းများများ လက်ရှိ ရှိထားတဲ့သူတွေကိုသာ ဝယ်သင့်တယ်လို့ညွှန်းချင်ပါတယ်။
Tester packaging ဖြစ်တဲ့အတွက် အဖုံးမပါပါဘူး။ Retail packaging 100ml ရဲ့ boutique ဈေးက USD 570 ဖြစ်တဲ့အတွက် အခုလို အဖုံးမပါတဲ့ tester packaging ကိုဝယ်တာက အလွန့်အလွန် မတရားကိုတန်တယ်ဆိုတာကို Creed သုံးနေကျသူတွေ သိပြီးသားဖြစ်မှာပါ။
Made in France
Batch number - F001632
Tester packaging (အဖုံးမပါ)
https://www.yangonbrandedperfume.com/product-page/creed-royal-oud
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K799,000.00Price
bottom of page