Creed Virgin Island Water Eau de Parfum 100ml for Men တက်စတာ ပက်ကေ့ချ်အဖုံးမပါ - K 749,000 (In stock)
အခုလို မီးခဏခဏပျက်ပြီး အပြင်မှာလည်း အပူရှိန်က အရမ်းပြင်းနေတဲ့ မြန်မာပြည်ရဲ့ ဧပြီလမှာဆိုရင် ဒီရေမွှေးက တကယ့်ကို အိုအေစစ်လေးလိုပါပဲ
ကိုယ့်ကိုယ်ကို ပင်လယ်ကမ်းခြေမှာ အပန်းဖြေနေရသလို ခံစားချက်မျိုးကို ပေးပါတယ်
🌿 စဖြန်းလိုက်တာနဲ့ ရမယ့်ရနံ့ကတော့ လတ်ဆတ်တဲ့ Lime (သံပရာသီး) နဲ့ Bergamot ရနံ့ပါ။စိတ်ကို ချက်ချင်း လန်းဆန်းသွားစေတယ်။
ပြီးရင်တော့ Virgin Island Water ရဲ့ signature note ဖြစ်တဲ့ အုန်းရေနံ့ (Coconut) အေးအေးလေးက ပေါ်လာမှာပါ။ White Rum နဲ့ Sugar Cane ရနံ့တွေလဲ ပေါင်းပေးထားလို့ cocktail သောက်နေရသလိုမျိုး ချိုချိုအေးအေး ခံစားချက်ကို ရစေပါတယ်။
ကျန်တဲ့ note တွေထဲမှာ Hibiscus နဲ့ Ginger (ဂျင်း) ရနံ့ အနည်းငယ်ပါဝင်လို့ ရနံ့က ရိုးရိုးကြီးမဟုတ်ဘဲ ဆွဲဆောင်မှုရှိစေပါတယ်။ ဒီနေရာမှာ ပါတဲ့ spice note တွေကလဲ စွဲကျန်မယ့်ရနံ့ကို ပိုပြီး ထူးခြားသွားစေတာပါ။
🌿 ပူအိုက်လွန်းတဲ့နေ့တွေမှာ တခြားလေးလံတဲ့ ရေမွှေးတွေထက် ဒီလို fresh & tropical ရနံ့က စိတ်ကို ပေါ့ပါးစေပါတယ်။
✅ ကုန်ဈေးနှုန်းတွေ တက်နေတဲ့ အချိန်မှာ Creed လို high-end ရေမွှေးမျိုးကို ဝယ်ရတာ စဉ်းစားစရာ ဖြစ်နိုင်ပေမယ့်၊ သူ့ရဲ့ ရနံ့အရည်အသွေးက တခြားရေမွှေးတွေနဲ့ မတူဘဲ တစ်နေ့ကုန် စိတ်ကို ကြည်လင်နေစေမှာပါ။
✅ ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေဘူး။ ရုံးသွားရင်းပဲဖြစ်ဖြစ်၊ လူအများကြားထဲမှာပဲဖြစ်ဖြစ် အနံ့က ပြင်းမနေဘဲ သင်းသင်းလေးနဲ့ လူချစ်လူခင် ပေါများစေမယ့် ရနံ့မျိုး ဖြစ်ပါတယ်။
✅ ဒီရေမွှေးက Unisex ဖြစ်လို့ ယောကျ်ားလေးရော မိန်းကလေးရော သုံးလို့ရပါတယ်။ Coconut note အုန်းရေနံ့ကို သိပ်မကြိုက်တဲ့သူဆိုရင်တော့ တခြား citrus အားသာတဲ့ ရေမွှေးမျိုးကို စမ်းကြည့်သင့်ပေမယ့် VIW က Fresh ဖြစ်တဲ့ဘက်ကို ပိုအားသာလို့ နွေရာသီအတွက်တော့ မရှိမဖြစ် ဆောင်ထားသင့်တဲ့ ရေမွှေးတစ်ပုဒ်လို့ ညွှန်းပါရစေ။
Made in France
Tester packaging (အဖုံးမပါ)
Official website -
https://www.yangonbrandedperfume.com/product-page/creed-viw
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K749,000.00Price
bottom of page
