Versace Crystal Noir Parfum (Pure Perfume) for Women 90ml Tester Packaging - K 339,000 (In stock)
✅ သနပ်ခါးနံ့ရေမွှေးလို့ နာမည်ကြီးတဲ့ Crystal Noir line ထဲက နောက်ဆုံး အသစ်ထွက်ထားတဲ့ ရေမွှေး concentration အမြင့်ဆုံး Parfum version
✅ အရင် ထွက်တဲ့ Crystal Noir DNA ကို ကြိုက်တဲ့သူတွေ၊ Sweet, Creamy & Spicy ဖြစ်တဲ့ ဆွဲဆောင်မှုရှိတဲ့ အနံ့မျိုးကို ရှာနေတဲ့သူတွေအတွက် ဝယ်သင့်တဲ့ ရေမွှေးတစ်ခုပါ။ အနံ့ခံနိုင်ရည်နဲ့ ပျံ့လွင့်အားကလည်း ပေးရတဲ့စျေးနဲ့ တန်ပါတယ်။
🌸 ပါဝင်တဲ့ Notes တွေကတော့ -
// Top Notes (စဖြန်းလိုက်ရင် ရမယ့်အနံ့) - Spices, Pink Pepper, Black Currant
// Middle Notes - Caramel, Tuberose, Lily of the Valley
// Base Notes - Amber, Sandalwood, Vanilla, Akigalawood နဲ့ သစ်ခွပန်း
🌿 အနံ့လေးက ဘယ်လိုနေလဲ?
အရင် Crystal Noir EDT / EDP တွေထက်စာရင် သူက ပိုပြီး Warm & Spicy ဖြစ်တယ်။ Caramel နဲ့ Vanilla ပါလာတဲ့အတွက် ပိုပြီး ချိုလာသလို၊ သစ်သားနံ့ (Woody notes) လည်း ပိုကဲလာပါတယ်။ အရင်ကလို သိသာတဲ့ အုန်းသီးနံ့ (Coconut) မျိုး မပါတော့ပေမယ့် Creamy ဖြစ်ပြီး အရမ်းကို ဆွဲဆောင်မှုရှိတဲ့ (Addictive) အနံ့မျိုးလို့ ပြောလို့ရပါတယ်။
⏱️ Performance (ခံနိုင်ရည်နဲ့ ပျံ့လွင့်အား)
// Pure Perfume concentration ဖြစ်လို့ Performance ကတော့ EDP / EDT တွေထက်ကောင်းပါတယ်
// Sillage ပျံ့လွင့်အားလည်း ကောင်းပါတယ်။ ကိုယ်ဖြတ်လျှောက်သွားရင် ဘေးလူတွေ သတိထားမိပြီး လှည့်ကြည့်ရလောက်တဲ့ Powerful Sillage မျိုးပါ။
☀️ ဒီရေမွှေးက Aircon ရှိတဲ့နေရာတွေ နဲ့ မနက်ပိုင်း နဲ့ ညဘက် တွေမှာ သုံးဖို့ အသင့်တော်ဆုံး ထုတ်ထားတာပါ။
✅ မိုးရွာနေလို့ အေးသွားတဲ့အချိန်၊ Party သွားတာ၊ Bar သွားတာ ဒါမှမဟုတ် Date ထွက်တဲ့အချိန်မျိုးမှာဆိုရင်တော့ ဒီအနံ့က လုံးဝ Sexy ဖြစ်ပြီး Elegant ဖြစ်တဲ့ Vibe ကို ပေးစွမ်းနိုင်မှာပါ။
✅ Air-con အခန်းထဲ နေရမယ့် အချိန်မျိုး အပြင်နေပူထဲ လုံးဝမထွက်ရဘဲ အဲကွန်းအမြဲဖွင့်ထားတဲ့ ရုံးခန်း၊ Shopping Mall တွေထဲမှာပဲ အချိန်ဖြုန်းမယ်ဆိုရင်လဲ သုံးလို့ အဆင်ပြေပါတယ်။
Made in Italy
ဒီ tester packaging မှာ ပုံမှာပြထားတဲ့အတိုင်း အဖုံးပါပြီးတာမို့ ပုလင်းက retail packaging အတိုင်းဖြစ်ပါတယ်။ အပြင်စက္ကူဗူးကပဲ tester packaging ဗူးဖြစ်နေတာပါ။
Tester Packaging ကိုလက်ဆောင်ပေးဖို့လူတွေထက် ကိုယ်တိုင်သုံးဖို့လူတွေဆိုရင် ပိုပြီးရွေးသင့်ပါတယ်။ လက်ဆောင်ပေးဖို့ဆိုရင်တော့ retail packaging ကပိုလှပါလိမ့်မယ်။
Official website -
https://www.yangonbrandedperfume.com/product-page/crystal-noir-parfum
🌀 အခြား In stock ရနိုင်တဲ့ Versace perfume တွေကို https://www.yangonbrandedperfume.com/versace မှာကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 339,000Price
bottom of page
