top of page

Davidoff Hot Water EDT Perfume for Men 110ml - K 115,000 (In stock)

Davidoff Hot Water ကတော့ လူတိုင်းသိတဲ့ Cool Water ရဲ့ aquatic nature နဲ့ ဆန့်ကျင်ဘက်၊ spicy ဖြစ်တဲ့ ခံစားချက်ကိုပေးတယ်။ သူ့ရဲ့အနီရောင်ပုလင်းပုံစံက သူ့ရဲ့ character ကိုဖော်ပြနေသလိုပဲ။ စပ်ရှရှပူနွေးမှု၊ ညို့ဓာတ်ပါတဲ့နွေးထွေးမှုနဲ့ ရဲရင့်တဲ့ယုံကြည်မှုအပြည့်ပေါ့။

🌀 Scent Breakdown

🌿 Top notes - ပင်စိမ်း (Basil) နဲ့ Absinthe တို့ရဲ့ စိမ်းစိမ်းခါးသက်သက် herbal aromatic note မျိုးနဲ့စဖွင့်တယ်

🌿 Heart notes - Pimento) ရဲ့ စပ်တဲ့အနံ့နဲ့ ပက်ချူလီ (Patchouli) ရဲ့ နွေးထွေးတဲ့ မြေနံ့သင်းသင်းကို ခံစားရမယ်

🌿 Base notes - Benzoin နဲ့ Styrax တို့ရဲ့ သစ်စေးနံ့လို ချိုချိုမွှေးမွှေးနဲ့ နွေးထွေးတဲ့အနံ့မျိုးနဲ့ အဆုံးသတ်ပါတယ်

ဈေးနှုန်းကတော့ တန်ပါတယ်။ ဒီဈေးနဲ့ ဒီလိုထူးခြားတဲ့ character မျိုးရတာ တော်တော်ကောင်းတယ်။

✅ အားသာချက်တွေ

// ထူးခြားတဲ့ စပ်ရှရှ character (အထူးသဖြင့် pimento note က တခြားရေမွှေးတွေမှာ သိပ်မတွေ့ရဘူး)

// နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ vibe က ဖော်ရွေတဲ့ feeling) မျိုးပေးတယ်

// ဈေးတန်တယ်

⚠️ အားနည်းချက်

// Spicy ရေမွှေးတွေမကြိုက်တဲ့သူဆိုရင်အဆင်မပြေ

// Beast mode အရမ်း စူးစူးပြင်းပြင်း ရေမွှေးမဟုတ်

⏰ ဘယ်လိုအချိန်တွေမှာသုံးဖို့ အသင့်တော်ဆုံးလဲ

// ရေမွှေးကိုအခုမှစသုံးမယ့် လူငယ်တွေနဲ့ကျောင်းသားတွေ

// Aircon ရှိတဲ့ ရုံးနဲ့ ကျောင်းတွေ

// ညနေပိုင်းအပြင်ထွက်တာ (ဘားသွားတာ၊ casual date လုပ်တာ၊ ညစာစားတာမျိုး)

// အိပ်ခါနီး နွေးထွေးပြီး cozy ဖြစ်တဲ့ခံစားချက်လေးရချင်လို့ဆွတ်တာ

// ရုံးဆင်းချိန် event လေးတွေသွားတာ (နာရီပိုင်းပဲကြာမယ့်နေရာမျိုး)

// သူငယ်ချင်းတွေနဲ့ အေးတဲ့ venue မှာ indoor တွေ့ဆုံတာမျိုးတွေအတွက် ကွက်တိပဲ

ခြုံပြောရရင် Davidoff Hot Water က beast mode fragrance တစ်ခုမဟုတ်ပေမဲ့ ဈေးတန်တန်နဲ့ ရဲရင့်ပြီးစပ်ရှရှ personality ရှိတဲ့ ရေမွှေးတစ်လုံးပါ။ ခဏတာအတွက် နွေးထွေးမှုနဲ့ ဆွဲဆောင်မှု impact လေးလိုချင်တဲ့အချိန်မျိုးအတွက်ဆိုရင်တော့ ဒါက perfect ပဲ။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/davidoff-hot-water-edt-perfume-for-men-110ml

Davidoff Hot Water EDT Perfume for Men 110ml

K115,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page