top of page

Davidoff Zino EDT Perfume for Men 125ml - K 149,000 (In stock)

Discount ဈေးနဲ့ မရခင်တုန်းက Chanel ရေမွှေးတွေနဲ့ ဈေးတန်းတူရောင်းခဲ့တဲ့ woody aromatic barbershop ရနံ့အမျိုးသားရေမွှေးဖြစ်ပြီး အသက် ၃၀ အထက် များအတွက် ပိုမိုလိုက်ဖက် မှာဖြစ်ပါတယ်။ Classy ဖြစ်တဲ့ sweet floral, fresh herbs နဲ့ powdery woods တွေပါပါတယ်။

ဆွစ်ဇာလန် based ကုမ္ပဏီဖြစ်တဲ့ Davidoff ရဲ့ Founder စတင်တည်ထောင်သူ Zino Davidoff ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီရေမွှေးကို Zino လို့အမည်ပေးထားပါတယ်။

သူ့ရဲထူးခြားချက်က ၁၉၈၆ မှာစျေးကွက်ကို စ၀င်တဲ့ ရေမွှေး ဖြစ်ပေမယ့် သူရဲ့ manly ဖြစ်တဲ့ dark chocolatey tobacco ရနံ့က အခုအချိန်အထိ relevant ဖြစ်နေတာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၀ မှာ ဈေးကွက်ကို စပြီးတင်တဲ့ Tom Ford Beau de Jour က Zino ရဲ့ DNA ကိုယူ mint, basil and lavender extract note တွေထပ်ပေါင်း promotion တွေ ကောင်းကောင်းသုံးပြီး Zino ထက် 7 ဆလောက် ဈေးနဲ့ ရောင်းတာပါ။ Zino ရဲ့Fragrantica page ကိုသွားကြည့်ရင် Beau de Jour နဲ့တူတယ်လို့ vote လုပ်ထားတဲ့သူ 535 ယောက်ရှိပြီး Beau de Jour ရဲ့page ကိုသွားကြည့်ရင်လဲ ဒီလိုပဲ Zino နဲ့တူတယ်လို့ 535 ယောက်က ပြောထားတာတွေ့ရမှာပါ။ Zino က ၃၄ နှစ်စောပြီးထွက်ခဲ့တာမို့ ခုနောက်ပိုင်းမှ ရေမွှေးသုံးတဲ့လူတွေ ထင်သလို့ ဈေးသက်သာတဲ့ Zino က Beau de Jour ရဲ့ clone မဟုတ်ပဲ Beau de Jour ကသာ Zino ရဲ့clone လို့ပြောလို့ရပါတယ်။

Patchouli အနံ့နှစ်မျိုးရှိတဲ့ အထဲမှာ Zino မှာပါတဲ့ အနံ့က dark patchouli ဖြစ်ပြီး creamy, smooth, sweet scent ဖြစ်ပါတယ်။ ဒါကြောင့် Patchouli ရနံ့ကို ပုံမှန်မကြိုက်ရင်တောင် Zino ကို သုံးလို့ရပါတယ်။

Acqua Di Parma Colonia, Penhaligon's Satorial, Creed GIT, Chanel Pour Monsieur နဲ့ Chanel Antaeus လိုမျိုး fougere type တွေကို သုံးနေကြ/ကြိုက်သူ ဆိုရင် Zino ကို အချိန် နေရာမရွေး confident ရှိရှိနဲ့ သုံးနိုင်ပါတယ်။ သာမန် blue fragrance တွေဖြစ်တဲ့ Sauvage, Bleu de Chanel, Light Blue, Invictus Aqua စတာမျိုးတွေကို ပိုအားသန်တယ်ဆိုရင်တော့ Zino ကို နဲနဲအေးတဲ့နေရာတွေနဲ့ ညနေ ညဖက်တွေမှာသာ သုံးဖို့ recommend ပေးပါတယ်။

Top notes - Brazilian Rosewood, Lavender, Clary Sage and Bergamot

Middle notes - Rose, Geranium, Jasmine and Lily-of-the-Valley

Base notes - Patchouli, Sandalwood, Vanilla and Cedar

Perfumer - Michel Almairac (Dior Fahrenheit၊ Gucci Rush၊ Bond Number 9 The Scent of Peace၊ Burberry Body၊ Burberry Weekend၊ Escada Magnetism for Men၊ Chloe EDP စတဲ့ နာမည်ကျော်ရေမွှေးများစွာကို တီထွင်ဖန်တီးခဲ့သူ)

Made in France

Imported from USA

Packaging - retail packaging with original box

သတိပြုရန် - ဤရေမွှေးသည်မူလထုတ်ပိုးပုံမှာပင် အပြင်ပလတ်စတစ်ခွံမပါသည့် အမျိုးအစားဖြစ်သည်။

Official website

https://www.yangonbrandedperfume.com/product-page/davidoff-zino-edt-perfume-for-men-125ml

Video Review -

https://youtu.be/OumJkUuaytE

DAVIDOFF Zino EDT Perfume for Men 125ml

K149,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page